Monday, April 28, 2014

ခရစ်တော်မွေးဖွားလာမည့်အကြောင့်ဂျူးပုရောဖက်တို့ကြိုတင်ပြောထားပါသလား

ကဲအားလုံးသောညီအစ်ကိုများမင်္ဂလာပါဗျာ..ကို Han Q Zin မေးထားတဲ့မေးခွန်းကိုဖြေပေးလိုက်ပါတယ်..
Han Q Zin အကိုတို့ ခရစ်ယာန်တွေရဲ့အရေးအသားကို ဖတ်ရတာ ခရစ်တော်ကို God ကိုယ်တော်တိုင် လူ့ဇာတိကို ခံယူပြီး လူသားအပြစ်ကို ခံယူပေးသွားတယ်လို့ ယုံကြည်နေတယ် ထင်တယ်။ တချို့ကလည်း ဂျူးတမန်တော်တွေ ဗျာဒိတ်ချွေခဲ့တဲ့ ကယ်တင်ရှင် သားတော် အပြစ်ခံယူဖို့ လွှတ်လိုက်တယ်။ ဘုရားသခင် သားတော် သန့်ရှင်းသော ဝိဥာဉ်တော် သုံးပါးတစ်ဆုတည်း စသည်ဖြင့်ပေါ့။ ဒါဆိုရင် မေးစရာ ရှိတယ်။
ဂျူးတမန်တော်တွေက God ကိုယ်တော်တိုင် လူ့ဇာတိကို ခံယူမယ်လို့ ပြောပါသလား။
ကယ်တင်ရှင်တစ်ပါး စေလွတ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ ကယ်တင်ရှင်ဟာ God ကိုယ်တော်တိုင် ဒါမှမဟုတ် အပျိုစင်က မွေးဖွားပေးမဲ့ သားတော် ဖြစ်လိမ့်မယ်လို့ ဆိုပါသလား။
ဂျူးတမန်တော်တွေက The Father, The Son, The Holy Spirit ဆိုတဲ့ Trinity သုံးပါးတစ်ဆူနဲ့ ပက်သက်ပြီး ဘာများပြောခဲ့ပါသလဲ။ လက်ခံပါသလား။
ကျမ်းကိုးလေးနဲ့ ရှင်းပြပေးပါလား။
ဖန်ဆင်းရှင်ထွန်းကားတဲ့ နေရာဒေသမှာ မည်သူမဆို ငါဟာ ဖန်ဆင်းရှင် သားတော်ပါလို့ သွားပြောကြည့်ပါ။ ခရစ်တော်လိုပဲ ကားစဉ်တင်ခံရမှာပါ။ ဆိုကရေးတေးလည်း ဒီလိုပဲ အသတ်ခံရတာပဲ။

Wednesday, April 23, 2014

အမှန်စင်စစ် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူပါသလား?

အမှန်စင်စစ် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူပါသလား?
သတ္တဝါအသတ်ကို သတ်ပြီး ယဇ်ပူဇော်ခြင်းကို လိုလားပါသလား?
သတ္တဝါတို့ သွေးထွက်ခြင်းကို လိုလားပါသလား?
သမ္မာကျမ်းဟောင်းဟာ နှုတ်ကပါတ်တော် အမှန်ပါလား?
ကဲ ကျမ်းစာဖတ်ကြည့်ပြီး ဆွေးနွေးကြရအောင်
သမ္မာကျမ်းဟောင်း ဝတ်ပြုရာကျမ်း၂၇း၂၈။ သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ကိုယ်ပိုင်း ရင်လယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်း မရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့ သည် ထာဝရဘုရားအား အလွန် သန့်ရှင်းရမည်။ ၂၉။ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင် နောက်တစ်ဖန် မရွေးရ၊ သတ်ရမည်။
Old Bible Leviticus 27:28: Notwithstanding no devoted thing, that a man shall devote unto the Lord of all that he hath, both of man and beast, and of the field of his possession, shall be sold or redeemed: every devoted thing is most holy unto the Lord. 29: None devoted, which shall be devoted of men, shall be redeemed; but shall surely be put to death.
သမ္မာကျမ်းဟောင်း ထွက်မြောက်ရာကျမ်း ၂၂း၂ဝ။ ထာဝရဘုရားမှတစ်ပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သော သူကို ရှင်းရှင်း ဖျက်ဆီးရမည်။
Old Bible Exodus 22:20: He that sacrificeth unto any god, save unto the Lord only, he shall be utterly destroyed.
— with ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး and 10 others.

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews