ရွှေလင်းယုန်မိဘများသည် လောကထဲသို့မွေးလာမည့် ရွှေလင်းယုန် ငှက်ကလေးများအတွက်မည်သို့အသိုက်ပြင်ဆင်ကြသနည်း၊
ရွှေလင်းယုန် သည် မြင့်သောအရပ်ကိုသာအစဉ်အမြဲရွေးချယ်ပါသည်၊သစ်ပင်မြင့်သို့မဟုတ် မြင့်မားမတ်စောက်သော
ကျောက်တောင်အစွန်းကိုရွေးချယ်လေ့ရှိပါသည်။ သူသည် လွင်ပြင် သို့မဟုတ် ကျီးကန်းများနှစ်သက်သည့်သစ်ပင်မဲ့
ကွင်းပြင်ကြီးများတွင် အသိုက်မဆောက်ပေ။စိတ်အားရုံ ပျံ့လွင့်စေသော နေရာများဆူညံသံများ၊လူအုပ်များနှင့်
ဝေးကွာရာတောတောင်ထူထပ်သေဒေသကို ရွေးချယ်ကာ မြင့်သောအရပ်၊သီးသန့်နေရာများကိုရှာဖွေ၍
အသိုက်ဆောက်လုပ်ပါသည်။
သင်စီရင်သောကြောင့် ရွှေလင်းယုန်သည်အထက်သို့ တက်၍ မြင့်သော အရပ်၌ အသိုက်ကိုလပ်တတ်သလော။ သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နျင့်ကျောက်ငူပေါ်မှာ နေရာကျတတ်၏
ထိုအရပ်က ကြည့်၍ကိုက်စားစရာအကောင်ကိုအဝေးကပင်မြင်တတ်၏
ယောဘ ၃၉း၂၇-၂၉
ရွှေလင်းယုန် ငှက်သည် သူ၏ အသိုက်ကို သေချာစွာဂရုတစိုက်ဆောက်ပါသည်။ အသိုက်ဆောက်လုပ်ရန်
အကြိမ်ကြိမ်ခရီးထွက်ပြီးသစ်ကိုင်းရှာဖွေရွေးချယ်သည်။ အသိုက်ဆောက်လုပ်ရာတွင် အသုံးပြုသည့်အခြားအရာဝတ္ထု
များမှာ ကျောက်တုံးများ၊ အညွှန့်အခက်များနှင့်ရွက်လှေ အပိုင်းအစများဖြစ်ပါသည်။ ဤ အရာများကြောင့်အသိုက်မှာသက်တောင့်သက်တာမရှိနေထိုင်ဘို့မကောင်းသည့်အတွက်မွမ်းမံပြင်ဆင်ရန်လိုအပ်နေ
ပါသည်။ အဓိက အခြေခံအသိုက်ဆောက်လုပ်ပြီးစီးသွားသည့်အခါရွှေလင်းယုန်ငှက်မသည်ကျန်လိုအပ်သော