Monday, April 28, 2014

ခရစ်တော်မွေးဖွားလာမည့်အကြောင့်ဂျူးပုရောဖက်တို့ကြိုတင်ပြောထားပါသလား

ကဲအားလုံးသောညီအစ်ကိုများမင်္ဂလာပါဗျာ..ကို Han Q Zin မေးထားတဲ့မေးခွန်းကိုဖြေပေးလိုက်ပါတယ်..
Han Q Zin အကိုတို့ ခရစ်ယာန်တွေရဲ့အရေးအသားကို ဖတ်ရတာ ခရစ်တော်ကို God ကိုယ်တော်တိုင် လူ့ဇာတိကို ခံယူပြီး လူသားအပြစ်ကို ခံယူပေးသွားတယ်လို့ ယုံကြည်နေတယ် ထင်တယ်။ တချို့ကလည်း ဂျူးတမန်တော်တွေ ဗျာဒိတ်ချွေခဲ့တဲ့ ကယ်တင်ရှင် သားတော် အပြစ်ခံယူဖို့ လွှတ်လိုက်တယ်။ ဘုရားသခင် သားတော် သန့်ရှင်းသော ဝိဥာဉ်တော် သုံးပါးတစ်ဆုတည်း စသည်ဖြင့်ပေါ့။ ဒါဆိုရင် မေးစရာ ရှိတယ်။
ဂျူးတမန်တော်တွေက God ကိုယ်တော်တိုင် လူ့ဇာတိကို ခံယူမယ်လို့ ပြောပါသလား။
ကယ်တင်ရှင်တစ်ပါး စေလွတ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ ကယ်တင်ရှင်ဟာ God ကိုယ်တော်တိုင် ဒါမှမဟုတ် အပျိုစင်က မွေးဖွားပေးမဲ့ သားတော် ဖြစ်လိမ့်မယ်လို့ ဆိုပါသလား။
ဂျူးတမန်တော်တွေက The Father, The Son, The Holy Spirit ဆိုတဲ့ Trinity သုံးပါးတစ်ဆူနဲ့ ပက်သက်ပြီး ဘာများပြောခဲ့ပါသလဲ။ လက်ခံပါသလား။
ကျမ်းကိုးလေးနဲ့ ရှင်းပြပေးပါလား။
ဖန်ဆင်းရှင်ထွန်းကားတဲ့ နေရာဒေသမှာ မည်သူမဆို ငါဟာ ဖန်ဆင်းရှင် သားတော်ပါလို့ သွားပြောကြည့်ပါ။ ခရစ်တော်လိုပဲ ကားစဉ်တင်ခံရမှာပါ။ ဆိုကရေးတေးလည်း ဒီလိုပဲ အသတ်ခံရတာပဲ။

မေးခွန်းကလွယ်လွန်းလို့..သေသေချာချာပြန်စီစစ်ပြီးဖက်ရလို့..ဒီနေ့မှတင်ပေးရချင်းဖြစ်ပါတယ်..လိုချင်တဲ့အဖြေမဟုတ်သေးဘူးဆိုရင်လည်းထက်မေးနိုင်ပါသေးတယ်..ဟုတ်ကဲ့ကျမ်းချက်နဲ့တစ်ကွဖြေဆိုပေးဆိုတဲအတိုင်းဖြေပေးလိုက်ပါတယ်..
GOD ကိုတိုင်လူ့ဇာတိကိုခံယူမယ်လို့ပြောသလိုအပျိုစင်ကနေမွေးဖွားမယ်ဆိုတာလဲပြောပါတယ်..ဘယ်နေရာမှာမွေးပြီးဘာတွေလုပ်ဘာတွေဖြစ်မယ်ဆိုတာကအစပြောပါတယ်..မေလျံမော်က..လေရှေသလိုစာရှေဖက်ပြီးစာရှေတွေလဲရေးတတ်တဲ့တွက်..မေးသူနဲ့တကွ..ဒီစာကိုဖက်နေသူဟာခရစ်ယာန်ဘာသာသွန်သင်ချက်ကိုစိတ်မဝင်စားရင်တောင်..စာဖက်အင်မတန်ဝါသနာပါတဲ့လူဖြစ်ဖို့တော့လိုပါတယ်..အထူးသဖြင့်မေလျံမော်နဲ့ဆွေးနွေးမယ်ဆိုရင်ပေါ့ဗျာ..ဟီဟီ..စိတ်လဲရှေဖို့လိုပါတယ်..ဟဲဟဲ..
ကျမ်းချက်ကတော့
ဟေရှာယအနာဂတ္တိကျမ်း ၇း၁ဝတဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကိုတောင်းပန်လော့၊၊၁၁နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ ၁၂အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊ ၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊ ၁၄ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊
ဟေရှာယ၉း၆အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ၇ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည် အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
မိက္ခာ၅း၂အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလ အမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဘို့သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်လိမ့်မည်
ဟေရှာယ၃၅း၅ဒဏ်စီရင်လျက်ကြွလာတော်မူလိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်၊၊ ၅ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊ ၆ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ တို့သည် သီချင်းဆိုကြလိမ့်မည်၊၊
ဟေရှာယ၆၁း၁ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကိုပြစေခြင်းငှါ၎င်း၊ ၂ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ ၃စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်း ခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညိ‡ုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေးစေ ခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ၊၊
ဆာလံ၂၂း၁၄အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊ ၁၅အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊ ၁၆ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊ ၁၇ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊ ၁၈အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊ ၁၉အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊
ဟေရှာယ၅၃း၁ငါတို့ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း၊၊ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း၊၊ ၂ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့၎င်း ၊ သွေ့ခြောက်သောမြေ၌ ပေါက်သော အတတ်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏၊၊ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ၊၊ ချစ်လိုဘွယ်သော မျက်နှာ လက္ခဏာနှင့် မပြည့်စုံ၊၊ ၃မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏၊၊ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏၊၊ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏၊၊ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ၊၊ ၄သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏၊၊ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ၊၊ ၅ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊ ၆ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊ ၇ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ ၈မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြသည်၊၊အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကို အဘယ်သူပြညွှန်မည်နည်း၊၊ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ ၉ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏၊၊၁ဝအကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက် ၁၁အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊
ကဲ့ဗျာ..ပရောဖကပြုကြိုတင်ရေးထားချက်ကျမ်းချက်တွေထက်ထုတ်ရမယ်ဆိုနောက်ထက် အခု၂၀၀ကျော်ကျန်သေးတယ်..ဒီတော့တစ်ခါတည်းရှင်းပြလိုက်မယ်...ဒံယေလအနာဂတ္တိကျမ်းကိုအသုံးချပြီး
ရှင်းပြလိုက်မယ်.. ၂၄လွန်ကျူးခြင်းအမှုကို ဆီးတား၍၊ အပြစ်ကိုတံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသောအရပ် ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်းအဘို့နှင့် သင်၏ သင်၏ သန့်ရှင်းသော မြို့အဘို့ဆုံးဖြတ်ခြင်းရှိ၏။ ၂၅ထိုကြောင့်၊ ယေရုရှလင်မြို့တဖန် တည်ထောင်ပြုစုစေခြင်းငှါ၊ အမိန့်တော်ရှိသည်နေ့မှစ၍၊ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက်ခံရသော ကာလ၌ မြို့လမ်းကိုတဖန် တည်ထောင်ပြုစုရမည် ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ၂၆ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှ လာသောသခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာ ဌာနကို ၄င်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းအားဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့် ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ ၂၇တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋိပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
ကဲ့စရှင်းမယ်...သတင်းခုနှစ်ဆယ်..တသီတင်း၇ရက်ဆိုတာငယ်ငယ်ကရွတ်ဖူးမှာပေါ့နော်..သတင်း၇၀ဆိုတော့
ရက်ပေါင်း၄၉၀ရှိတယ်..ဘုရားရဲ့လူမျိုးတော်တွေအတွက်ရက်ပေါင်း၄၉၀ကိုအစ္စ်ရေးလူမျိုးနဲ့..သူတို့ရဲ့ဘုရားကျောင်းးဗိမန်အတွက်.တွက်ဖို့..ဘုရားကဗျာဒိတ်ပေးတယ်..ပရောဖက်ပြုချက်တွေကိုတွက်တဲ့အခါ..ကျမ်းစာကပေးထားတဲ့တွက်ချက်နည်းတိုင်းသာတွက်ရတယ်.. ယေဇကျေလ အခန်းကြီး (၄)
၆ထိုနေ့ ရက်စေ့ပြီးမှ၊ တဖန်လက်ျာ နံစောင်းဖြင့်အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏ အပြစ်ကိုခံဦးလော့။ နှစ်အ စား၌ ရက်ကိုငါထားပြီ။ ၇သင်သည်ယေရုရှလင်မြို့ ကိုဝိုင်းထားသည့် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကို ဆန့်လျက်၊ မြို့တဘက်၌ ပြုရမည်။ ၈ငါ သည်သင့်ကို ချည်နှောင် ၍ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မှီ၊ သင်သည်တ ဘက်သို့ မစောင်းရ။
တောလည်ရာ အခန်းကြီး (၁၄)
၃၄ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ် ပတ်လုံး ကိုယ်အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပြစ်ခြင်းကို သိရကြလိမ့်မည်။ ၃၅အကယ်စင်စစ် ငါ့တဘက်၌ စည်းဝေးသော ဤပရိသတ်ဆိုး အပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကျေ ပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော် မူ၏။
တရက်ကိုတနှစ်ထားပြီးတွက်ရမယ်..ဒါကြောင့်၄၉ရက်ပေါင်းဆိုတာ..နှစ်ပေါင်း၄၉ကိုပြောင်းသွားတယ်..
နှစ်ပေါင်း၄၉အတွင်းမှာဖြစ်ပျက်မဲ့အစ္စ်ရေးလူမျိုးနဲ့သူတို့ဗိမာန်တော်အကြောင်းကိုဖော်ပြထားပေးတယ်..
၂၅ထိုကြောင့်၊ ယေရုရှလင်မြို့တဖန် တည်ထောင်ပြုစုစေခြင်းငှါ၊ အမိန့်တော်ရှိသည်နေ့မှစ၍၊ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။
တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊
အဲ့ဒီအချိန်ဗျာဒိတ်ပေးတဲ့အချိန်မှာ..ယေရှုရှလင်မြို့ဟာဗာဗုလုံမင်းကြီးရဲ့ဖျက်စီးခြင်းကြောင့်ပျက်စီနေပြီဖြစ်တယ်
ဗိမာန်တော်လည်းပျက်စီးနေပြီး..ဒီတော့တွက်ဖို့အစကိုပေးထားတယ်ဘုရားက..မြို့ကိုတည်ထောင်ဖို့အမိန့်တော်ရှိတဲ့နေ့ကနေစပြီးတွက်ရမယ်..တွက်နိုင်ရင်ခရစ်တော်ဆိုတဲ့မေရှိယကယ်တင်ရှင်သခင်ဘယ်တော့မွေးမေးဆိုတာပါအဖြေရမယ်..၇သိတင်းဆိုတာ(၄၉ရက်)၆၂သိတင်းဆိုတာ..၄၃၄ရက်..တသိတင်းဆိုတာ(၇ရက်)
၄၃၄+၄၉+၇=၄၉၀ရက်..ရက်ကိုနှစ်နဲ့အစားထိုးတဲ့အခါ..မြို့ကိုစတင်တည်ထောင်ဆိုတဲ့အမိန့်စကားကြတဲ့အချိန်ကနေစပြီးတွက်..နှစ်ပေါင်း၄၉၀အဆုံးမှာ..သခင်ခရစ်တော်မေရှိယကယ်တင်ရှင်မွေးမယ်လို့ဒံယေလအားဖြင့်ဘုရားကဗျာဒိတ်ပေးထားတယ်...ဘယ်အချိန်မှာမြို့ကိုတည်ထောင်ဖို့အခွင့်ပေးလဲ..ဆိုတော့
၁-၅ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ ၆ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မောရှေ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့မှထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင်ပေးသနားတော်မူ၏။ ၇အာတဇေရဇ်မင်းကြီးနန်းစံခုနစ် ခုနှစ်တွင်၊ အချို့သောဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန် တို့သည်လည်း ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။ ၈ရှင်ဘုရင်နန်းစံခုနစ်နှစ်၊ ပဉ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ရောက်လေ၏။ ၉ပဌမလတရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍ ပဉ္စမလတရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုး ကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ရောက်လေ၏။ ၁ဝအကြောင်းမူကား၊ ဧဇရသည်ထာဝရဘုရား၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှါ၎င်း၊ သဘောကျသောသူဖြစ်၏။
၁၁ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီးပေးတော်မူသော အမိန့်တော်စာချက်ဟူမူကား၊ ၁၂ဘုရင်တို့၏ ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ၌ ခပ်သိမ်းသောမင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။ ၁၃ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ ၁၄အကြောင်းမူကား၊ သင်၏ ဘုရားသခင့် တရားကို သင်လေ့ကျက်သည် အတိုင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊ ၁၅ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့် တကွ၊ ၁၆ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကိုဆောင်သွား စေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါးစေလွှတ်၏။ ၁၇ထိုငွေကိုယူပြီးလျှင်၊ နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန် ဝယ်၍၊ ယေရုရှလင်မြို့ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ၁၈ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီအစ်ကိုတို့ ပြုချင်သမျှ အတိုင်း၊ သင်တို့၏ ဘုရားသခင်အလိုတော်နှင့် အညီပြုလော့။ ၁၉သင်၏ ဘုရားအိမ်တော် ဝတ်ပြုစရာဘို့ သင်၌ အပ်ပေးသောတန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။ ၂ဝသင်၏ ဘုရားသခင့် အိမ်တော်ဘို့ လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ ဝယ်လော့။ ၂၁ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့်တရားကို လေ့ကျက်သောဆရာ၊ ယဇ်ပုရောဟိတ် ဧဇရတောင်းသမျှအတိုင်း၊ ၂၂ငွေအခွက် တထောင်၊ ဂျုံဆန်ကောရ တရာ၊ စပျစ်ရည် ဗတ်တရာ၊ ဆီ ဗတ်တရာနှင့် တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌ နေသော အခွန်အဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါအရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။ ၂၃ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် မှာထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော် အဘို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော်သက် ရောက်ရသနည်း။ ၂၄ထိုမှတပါး၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစုံတယောက်၌မျှ ငွေတော်ကိုမခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။ ၂၅သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကိုစီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှါ၎င်း၊ မင်းများ၊ တရားသူကြီး များကို သင်၏ဘုရားသခင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခံထားလော့။ ၂၆သင်၏ ဘုရားသခင့်တရားနှင့် ရှင်ဘုရင် အမိန့်တော်ကို ငြင်းဆန်သောသူမည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ ပါသတည်း။
သမိုင်းရာဇဝင်အရအမိန်ထုတ်တဲ့အချိန်ကခရစ်မပေါ်မှီ၄၅၇(b.c)မှာဖြစ်တယ်..
ဒါကြောင့်.ဘီစီ၄၇၅ကိုအစယူပြီးတွက်ရမှာဖြစ်တယ်.. ၂၅ထိုကြောင့်၊ ယေရုရှလင်မြို့တဖန် တည်ထောင်ပြုစုစေခြင်းငှါ၊ အမိန့်တော်ရှိသည်နေ့မှစ၍၊ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။
၆၂+၇=၆၉သိတင်းဖြစ်တယ်..တသိတင်း၇ရက်ဖြစ်တဲ့အတွက်..၆၉ကို၇နဲမြောက်တဲ့အခါ၄၈၃ရက်ရမယ်..ရက်ကိုနှစ်နဲ့အစားထိုးရမှာဖြစ်တဲ့အတွက်..၄၈၃နှစ်..အဲဒီနှစ်အဆုံးမှာ..ခရစ်တော်မွေးမယ်..
ဒီတော့၄၈၃နှစ်ရဲ့အစဟာ(ဘီစီ ၄၅၇ဖြစ်တယ်.ဒီတော့အဲ့ဒီကစပြီးနှစ်ပေါင်း၄၈၃ကြာရင်ခရစ်တော်ပေါ်ထွန်မယ်...ဒါပေမဲ့ခရစ်တော်မွေးတာကိုဂျူးတွေမသိလိုက်ရဘူးဘာကြောင့်လဲဆိုတော့သူတို့ကခရစ်တော်ကိုဘုရင်မျိုးနွယ်မှာကြီးကြီးကြယ်
ကြယ်မွေးပြီးစစ်တတ်နဲ့ရောမလူတွေလက်ထဲကကယ်မယ်..နိုင်ငံတော်ကြီးတည်မယ်..လို့အာရံမိုက်ပြီး
ပရောဖက်ပြုကျမ်းချက်တွေကိုမေ့သွားတဲ့အတွက်ဖြစ်တယ်..ခရစ်တော်ဟာအေဒီ၂၇မှာနှစ်ချင်းခံယူပြီး
ကောင်းကင်ကဘုရားကဤသူသည်အချစ်တဲ့ငါ့သားသူစကားကိုနားထောင်ကြဆိုပြီးကောင်းကင်ကအသံနဲ့ခမည်းတော်ဘုရားကိုယ်တိုင်ဘိတ်သိတ်ပေးခဲ့တယ်.ခရစ်တော်ဆိုတဲအဓိပ္ပါယ်ဆိုတာဘိသိတ်ပေးခြင်းခံရသူလို့အဓိပ္ပါယ်ရတယ်..ဒကြောင့်ခရစ်တော်သခင်လက်ထက်တိုင်အောင်ဆိုတာ..ကမွေးတဲ့နေ့ကိုဆိုလိုတာမဟုတ်ဘဲမွေးပြီးအရွယ်ရောက်တဲ့အချိန်ကောင်းကင်ဘုရားကဘိသိတ်ပေးပြီးဟေဗြဲလို
မေရှိယအဖြစ်ရွေးချယ်တဲ့အချိန်ကာလကိုစိုလိုတယ်..ခရစ်တော်ဆိုတာဂရိဘာသာစကားဖြစ်တယ်..
မေရှိယဆိုတဲ့ဟေဗြဲဘာသာနဲ့အနက်တူတယ်..ဒီတော့.ဘုရင်အမိန်တော်ထုတ်တဲ့အချိန်က၄၅၇ဘီစီ
ကနေစရင်.အေဒီ၂၇မှာနှစ်ပေါင်၄၈၃နှစ်ဖြစ်တယ်..တသိတင်းမှာပဋိညာဉ်ဖွဲတယ်..ပဋိညာဉ်ဖွဲတည်ဆို
တာကတိသစ္စာပြုတယ်လို့ခေါ်တယ်.သူ့လူမျိုးနဲ့..ခရစ်တော်အကြား..ယုံကြည်သူမယုံသူ..ခွဲခြားအတည်ပြုတယ်ပေါ့ဗျာ..တသိတင်းဆိုတာ၇ရက်..ရက်ကိုနှစ်အစားသွင်း၇နှစ်.. ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်ဆိုတဲ့အတွက်..၇နှစ်ကိုထက်ဝက်ပိုင်းရင်း
၃နှစ်ခွဲစီရမယ်..ခရစ်တော်အေဒီ၂၇နှစ်အသက်၃၀မှာဘိသိပ်ခံပြီးမေရှိယအဖြစ်သားတော်ဘုရားအဖြစ်
ကြွေးကျော်ပြီး.ပေ၇ာဖက်တွေဖော်ပြထားတဲအတိုင်းလုပ်ပြတာ၃နှစ်ခွဲကြာတဲ့အခါ... ၂၆ထိုသိတင်းခြောက်ဆယ်နှစ် သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်ဆိုတဲ့အတိုင်းအသတ်ခံရတယ်..အသတ်ခံရတဲ့နေမှာ..ယဇ်ပူဇော်ခြင်းခံရမဲ့သိုးဟာမြေငလျှင်လုပ်တဲ့အတွက်..လွတ်သွားတယ်..သာမန်လူတွေကြည့်ခွင့်မရှိတဲ့ဗိမာန်တော်ရဲ့အသန့်ရှင်းဆုံးခံကို
ကာထားတဲ့ကုလားကာနှစ်ခြမ်းကွဲသွားတယ်..အဲဒီအချိန်ကစပြီးယဇ်ပူဇော်ခြင်းလုပ်ငန်းမလိုတော့ဘူးလို့ဘုရားကဂျူးတွေကိုသတိပေးလိုက်တယ်..တကယ်ယဇ်ကောင်ခရစ်တော်အသေခံလိုက်ပြီဖြစ်တဲ့အတွက်..ဒါကိုမယုံဘဲဂျူတွေဆက်လုပ်တဲ့အတွက်အေဒီ၇၀မှာအရမ်းကိုဒေါသထွက်နေတဲ့ရောမစစ်သားတွေကဗိမာန်တော်ကိုမဖျက်စီးဖို့မှာထားပါသားလျက်နဲ့နားမထောင်ဘဲမီးတုတ်လွတ်ပြီးမီးရှို့ပြစ်လုက်တယ်.အဲဒီအချိန်ကစပြိးယခုအထိယဇ်ပူဇော်ခြင်းမရှိတော့ဘူး..ခရစ်တော်ပြောခဲ့တယ်.ဗိမာန်တော်ကြီး
ပျက်စီးရမယ်သူ့ကိုမယုံကြည်တဲ့အတွက်..သူ့ကိုပုံစောင်တဲ့ဗိမာန်ဟာတကယ့်ဗိမာန်ယေရှုကိုညင်းပယ်ခြင်းအတွက်ပျက်စီးသွားခဲ့တယ်..ကျောက်တစ်ခုပေါ်တစ်ခုတောင်မထက်စေရဘူးဆိုတဲယေရှုပြောတဲ့စကာအကုန်ပြည်စုံသွားခဲ့တယ်..မီးလောင်တဲ့အတွက်ရွှေတွေကျောက်ကြားတွေထဲပျော်ဝင်သွားတဲ့အတွက်စစ်သားတွေကခွပြီးအကုန်ယူတာဘဲ..ဒါနမူနာပြောပြတာပါ..သဘောတရားပေါ့ဗျာဟဲဟဲ
နောက်သုံးပါးတစ်စူအယူဝါဒ.. The Father, The Son, The Holy Spirit
သဒ္ဒနည်းမှာ..the ဆိုတာ..တစ်ခုတစ်ကောင်တစ်ယောကိုရည်ညွှန်းတယ်ဆိုတာသိမှာပါ..ဒါပေမဲ့..A မသုံးဘဲ
the ကိုသုံးပြုခြင်းဟာဘာကြောင်လဲဆိုတော့..သီးသန့်ခွဲခြမ်းထားခြင်းကိုဆိုရမှာဖြစ်တယ်..
a sun, a moon လို့မသုံးဘဲ..the sun the moon လို့သုံးတာသတိထားမိမယ်ထင်တယ်..ဘာကြောင့်လဲဆိုရင်
ဒီကမ္ဘာကြီးအတွက်..မှာနေတလုံးဘဲသီးသန့်ရှိတယ်.လတစ်လုံးဘဲသီးသန့်ရှိတယ်..တခြားဟာမရှိတဲ့အတွက်
the ကိုအသုံးပြုခြင်းဖြစ်ပါတယ်..ဒီလိုဘဲ..The Father,The Son, The Holy Spirit ဆိုတဲအဓိပ္ပါယ်ဟာ..
သီးချားပုဂ္ဂိုလ်တစ်ဦးဆီသီးသန့်ရှိတယ်ဆိုတာကိုသစေဖို့..ရည်ညွန်းပါတယ်...
ဒါကြောင့်ခရစ်တော်ကိုယ်တိုင်ပြောခဲ့တယ်.. ငါသည်ခမည်းတော်ကိုတောင်း၍၊ ၁၆ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈာယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
၂၆ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ ၂၇သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
၃၁ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့်လွတ် စေခြင်း အခွင့်ကို လူတို့သည်ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။ ၃၂လူသားကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏ အပြစ်ကိုလည်းလွှတ်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှား သောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌မလွှတ်နိုင်။
ကဲ့ဂျူးတမန်တော်တွေပြေတာထက်..ခရစ်တော်ကိုယ်တိုင်းဘုရားကိုယ်တိုင်ပြောတဲ့စကားက..ပိုသေချာလိမ့်မယ်ထင်တယ်..ဒါကိုမှလက်မခံဘူးဆိုရင်..ကျမ်းချက်တွေအများကြီးအသုံးပြုပြီးနောက်တစ်ခေါက်ရေးပေးပါအုံးမယ်
ဖန်ဆင်းရှင်ထွန်းကားတဲ့ နေရာဒေသမှာ မည်သူမဆို ငါဟာ ဖန်ဆင်းရှင် သားတော်ပါလို့ သွားပြောကြည့်ပါ။ ခရစ်တော်လိုပဲ ကားစဉ်တင်ခံရမှာပါ။ ဆိုကရေးတေးလည်း ဒီလိုပဲ အသတ်ခံရတာပဲ။
မှားပါတယ်..ဒီစကားက..ဆိုကရေးတီးက..ဖန်ဆင်းရှင်လို့သူ့ကိုသူပြောလို့အသတ်ခံရတာဟုတ်မဟုတ်ကိုယ့်ဟာကိုသိမှာပါ
ကိုယ့်ကိုကိုဖန်ဆင်းရှင်လို့ပြောရဲ့တလူနှစ်ဦးပဲရှိပါတယ်အရူးနဲ့..တကယ့်ဖန်ဆင်းရှင်ပါ..ယေရှုဟာအရုးမဟုတ်ဘူးလို့စာဖက်သူ
ယုံရင်..ဖန်ဆင်းရှင်အဖြစ်လက်ခံယုံကြည်ရမယ်..ခရစ်တော်ဟာသူ့ကိုသူပြောတဲ့အတွက်သတ်ခြင်းခံရတယ်..သေပြီးပြီးသွားတဲ့က
စ္စမဟုတ်ဘဲပြန်၇ှင်လာတဲ့အတွက်..ခရစ်ယာန်ဘာသာဆိုတာကိုးကွယ်သူအများဆုံးအဖြစ်နဲ့..တည်ရှိနေတယ်..ရှင်ပြနခြင်းမရှိရင်
ခရစ်ယာန်ဘာသာဆိုတာမရှိဘူးဒီလောက်ပါဘဲ


Like ·
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး Ko Million ကျမ်းချက်လေးတွေနဲ့ရှငးပြသွားတာ အ၇မ်းပြည့်စုံတယ်

  • တိမ်တိုက် လို လူ ခနလေး ဖတ်သင့်တာလေး
    ရှာပေးမယ် ပြီးရင် ရှင်းပေးပေါ့

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး Ko Million ကကျမ်းချက်အထောက်အထားနဲ့ရှင်းပြသော် လည်း ဤကျမ်းကို လက်ခံနားလည်နိုင်မဲ့သူသာ လက်ခံမှာ တခါမှအတွင်းကျကျမလေ့လာဖူးတဲ့သူတွေအတွက်ကတော့လက်ခံမှာမဟုတ်ပါဘူး မေးခွန်းပြန်ထုတ်လိမ့်မယ်

  • တိမ်တိုက် လို လူ For 2,000 years Jews have rejected the Christian idea of Jesus as messiah. Why?by Rabbi Shraga Simmons

    with thanks to Rabbi Michael Skobac, Jews for Judaism

    --( http://www.aish.com/jw/s/48892792.html)--


  • Million Maw ဟဟ..တိမ်တိုက်လိုလူရယ်..ဂျူးခရစ်ယာန်မရိရင်မင်းပြောတာဟုတ်လိမ့်မယ်..ငါကဂျူးခရစ်ယာန်တွေစီကသင်ယူခဲ့ပြီးသား..မင်းတင်တာတွေကိုအချိန်မေ၇ွးချေပလို့ရတယ်မင်းသာဂျူးဖြစ်မယ်ဆိုရင်warmly welcome ပေါ့ကွယ်..သတယ်ဟုတ်..စာရေးတာအမပြင်းတဲ့လူရှင်းပြဆို..ကမ္ဘာဦးကျမ်းကနေဗျာဒိတ်အထိအကုန်သုံးပြလိုက်မယ်.ဟိဟိ..

  • တိမ်တိုက် လို လူ အဓိက ဒီလေးချက်ကို
    အထောက်အထားတွေနဲ့ပြောသွားပါတယ် ရှင်းပြပေးနိုင်ရင် ကျေးဇူးအထူးတင်ပါတယ်


    * Jesus did not fulfill the messianic prophecies.
    * Jesus did not embody the personal qualifications of the Messiah.
    * Biblical verses "referring" to Jesus are mistranslations.
    * Jewish belief is based on national revelation.

  • တိမ်တိုက် လို လူ အမကလဲ ဇွတ်ပဲ
    ကျနော်လာရင်
    သရဲးလာတာကျနေတာပဲ…… ;-(
    ...See More

  • Million Maw ဟဟ..ဒီလေးချက်ကိုမပြောနဲ့..နံပတ်၁ဟာကိုရှင်းပြရေးလိုက်ရင်မင်းကျမ်းချက်ပေါင်း၃၀၀ကျော်ဖက်နိုင်မလား..မပြည်စုံဘူးဆိုတာဘာနဲ့ထောက်လဲ..မပြည့်စုံဘူးမလုပ်နဲ့..ပြည်စုံလို့ဂျူးတွေ.ယဇ်ပူဇော်လို့မရတာသက်သေဘဲ..မင်းနုပါသေးတယ်ကွာမင်နားမလည်တဲ့ဟာတွေကူးမလာနဲ့..မင်းနားလည်တဲ့ဗုဒ္ဓဘာသာနဲ့ငါရှင်ရေးတဲ့အခါသာမင်းကော်မန့်ပေးလဲ့..အခုတင်ထားတဲ့တွက်ချက်နည်းမှာမင်းပြောတဲ့ဂျူးရာဘီတောင်မညင်းနိုင်ဘူးဆိုတာမှတ်ထား

  • Million Maw မင်းတို့နားလည်နိုင်မဲ့အဆင့်လောက်ဘဲသုံးထားတာ..ဂျူးဆိုဂျူးအဆင့်နဲ့သုံးမယ်..အခုတော့မင်းအဆင့်နဲ့မင်းဖက်ပြီးလေ့လာ..ဒါတောင်မင်းတို့အဆင့်ကျော်နေပြီ..

  • တိမ်တိုက် လို လူ အမှန်တိုင်းပြောရ ရင် ကျနော် ဒါလေးပဲဖတ်ဖူးသေးတာ
    ရှင်းပြတာ မဖတ်ရသေးဘူး
    ရှာဖတ်လိုက်ပါဦးမယ်……

    မရှင်းတာတော့ လာမေးမယ်နော်

  • Million Maw ဂျူးဘာသာကငါ့အတွက်အချိန်းမရေးရှင်ရေးလို့ရတယ်..ဒီလောက်ဘဲ..

  • တိမ်တိုက် လို လူ ဟုတ်ပါပြီဆျာကြီးရယ်
    လေတော့တော်တော်ကြီးတယ် ခင်ဗျားက……


    စာဖတ်အားကောင်းရုံနဲ့
    ဆျာကြီးလုပ်လို့မရသေးဘူးဗျ
    ဒီနေရာမှာကျွန်နော် ဂျူးတွေ အကြောင်း ကောင်းကောင်း
    မသိသေးလို့ ခင်ဗျားပြောသမျှ ငြိမ်ခံပေးလိုက်တာပါ
    ခင်ဗျား လဲမရှင်းနိုင်သေးတာ သိပါတယ်

  • ရင်ခွင် နန်းတော် တော်တယ် Million Maw friend request လုပ်တယ် confirm ပေးနိုင်မလားးး

  • Million Maw ဘယ်သူဘဲrequest လုပ်လုပ်ကျွန်တော်လက်ခံပါတယ်..

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး အယ် Saw htoo ၇ယ်မင်းကိုကြောက်စ၇ာလကွယ် ဒီလောက်ချောနေတဲ့ကောင်လေးကို အမဆိုလိုချင်တာက ကျမ်းစာကိုအတွင်းကျကျမလေ့လာတဲ့သူတွေကိုပါ မဟုတ်ဘူးလား ကိုယ်တိုင်မလေ့လာ၇င် ဘယ်လိုအထောက်အထားနဲ့ပဲ၇ှင်း၇ှင်း ဘယ်သူကို လက်ခံမှာလဲ

  • Htay Naing ကိုတိမ်တိုက်က ဖန်ဆင်းရှင်ဝါဒ ဟူသမျှကို နှိပ်ကွပ်ဘို့ကြိုးစားနေပုံရပါတယ်၊ မြတ်စွာဘုရားပွင့်တော်မမူခင်က အန္ဒိယရှိ ဖန်ဆင်းရှင်ကိုငြင်းပယ်သောဂိုဏ်များအကြောင်းလေ့လာရင် ဒီလိုအလားတူမေးခွန်းတွေအများကြီးတွေ့ရပါလိမ့်မည်။ သို့သော်တစ်ခုထူးခြားတာက မြတ်စွာဘုရာသခင်လိုသဗင်ညုတဥာဏ်တော်ရသော သူပင် ထိုကဲ့သို့ဖန်ဆင်းရှင်ကိုတိုက်ခိုက်သောမေးခွန်းများမေးတော်မမူခဲ့ပါ။

  • Han Q Zin ကို Million Maw ရေ ကျေးဇူးတင်ပါတယ်။ ဒီမေးခွန်းက ကျနော်သိလို့ ဝင်ထောက်တာ မဟုတ်ဘူး။ မသိလို့ကို ခရစ်ယာန်တော်တော်များများကို မေးဖူးပါတယ်။ ခင်ဗျားလို စိတ်ရှည်လက်ရှည် စာရှည်နဲ့ ရှင်းပြတဲ့သူနဲ့တော့ အခုမှ တွေ့တယ်။ အဲ့ဒီ့ မေးခွန်းကို မေးတဲ့နေ့ကပဲ The Passion Of The Christ 2004 ကာစင်တင်ခန်းကို ကြည့်လိုက်မိပါသေးတယ်။ ခရစ်တော်ဟာ အင်မတန်မှ သည်းခံခြင်း ခန္ဓီပါရမီ ရှိတဲ့သူတစ်ယောက်ပါ။ ခရစ်ယာန်အယူကို လက်မခံပေမယ့် ခရစ်တော်ဟာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ယောက်ဆိုတာကိုတော့ လက်ခံပြီးသားပါ။

    ဆိုကရေတေးက ခရစ်တော်လို သေတာ မဟုတ်ဘူး။ ဖန်ဆင်းရှင်ကို မယုံကြည်မှု၊ လူငယ်လူရွယ်တွေကို စာရိတ္တပျက်ပြားစေမှု စတဲ့ စွဲချက်တွေနဲ့ မဲပေးစနစ်နဲ့ ဆိုကရေးတီးကို အဆိပ်သောက် သေဒဏ်ပေးခဲ့တယ်။ အဲ့ဒီ့ခေတ် အဲ့ဒီအခါက ဖန်ဆင်းရှင်ဝါဒနဲ့ ပက်သက်ရင် အဲ့ဒီလိုမျိုး ဆုံးဖြတ်ကြတယ်လို့ ထင်လို့ ဥပမာ ပေးလိုက်တာပါ။

    နောက်တစ်ခုက အကိုပြောတဲ့ " ကိုယ့်ကိုယ်ကို ဖန်ဆင်းရှင်လို့ ပြောရဲတဲ့လူနှစ်ဦးပဲ ရှိပါတယ်။ အရူးနဲ့..တကယ့်ဖန်ဆင်းရှင်ပါ။ ယေရှုဟာအရူးမဟုတ်ဘူးလို့ စာဖတ်သူ
    ယုံရင်..ဖန်ဆင်းရှင်အဖြစ်လက်ခံယုံကြည်ရမယ်" အဲ့ဒီ့ အယူအဆနဲ့ အတွေးအခေါ်ကိုတော့ လုံးဝလက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောတဲ့သူကို အရူးတစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်ရုံနဲ့ ဖန်ဆင်းရှင်လို့ လက်ခံလို့ မရဘူး။

    ကျနော့်အယူအဆကို ပြောပြမယ်။ ဖန်ဆင်းရှင်လို့ ကိုယ်ကိုယ်ကို ပြောတဲ့သူက အရူးလည်း ဖြစ်နိုင်သလို တကယ့် ဖန်ဆင်းရှင်အစစ်လည်း ဖြစ်နိုင်တယ်။ နောက်ဖြစ်နိုင်တာက အကျိုးတစ်ခုကို လိုလားလို့ အယောင်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ခုက ကိုယ့်စကားကို နားထောင်လာဖို့က ကိုယ့်ကို ယုံကြည်ဖို့လိုပါတယ်။ ဒါကြောင့် သူတို့ယုံကြည်လာအောင် ယုံကြည်ပြီးသားအရာတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘက်ပါလာအောင် လုပ်သွားတာလည်း ဖြစ်နိုင်ပါသေးတယ်။

    တန်ခိုးရှိတဲ့ လူတစ်ယောက်ဆိုပါတော့ ကျမ်းစာကို ဖတ်ပြီး ကျမ်းထဲက အတိုင်းလိုက်လုပ်နိုင်ရင်ကော အဲ့ဒီ့လူက ဖန်ဆင်းရှင် ဖြစ်သွားမလား။ စာတန် မလုပ်နိုင်တဲ့အရာ ဘာရှိလဲ။

  • Shwemyan Mar ဆိုကရေးတီးက ဖန်ဆင်းရှင်လို့ ပြောလို့ အသတ်ခံရတာဆိုတာလေးကလွဲရင်ကိုယ့် ဘာသာကိုခုလိုကာကွယ်ရှင်းလင်းပြတာမျိုးကတော့ ချီးကျူးစရာပါ..။

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews