Tuesday, October 20, 2015

သမ္မာကျမ်းစာVsပိဋကတ်ကျမ်း ကျွန်ုပ်တို့ကမ္ဘာသက်တန်းဘယ်လောက်ရှိပြီလည်း(အခန်း၁)




ပထမနှစ်..နှစ်ခါပြန်..သိပ္ပံကျောင်းသားလေးက..ကမ္ဘာကြီးရဲ့သန်းတန်းနှစ်၎.၆ဘီလျံကို
ထောက်ပြီးသမ္မာကျမ်းစာကမှားပါတယ်တဲ့..အဲ့ဒီလောက်နှစ်ကိုဘယ်ကနေယူတွက်လဲ
မေးတော့..အဖြေကမလာဘူး..တချို့ကဖြေတယ်ကျောက်တဲ့..ဘယ်ကကျောက်လည်းမေးတော့..အဖြေကမလာပြန်ဘူး..ကိုယ့်ဘက်ကမှန်နေပြီးလို့တွက်ပြီးတခြားကိုအမှားထောက်မယ်..လို့..ခံယူချက်လေးရှိမယ်ဆိုရင်..သေသေချာချာလေ့လာပြီးမှ..စသင့်တယ်.
မဟုတ်ရင်ကိုယ့်ဘက်ကိုပြန်ထိတတ်ပါတယ်…
ကဲ့Big Bang ဆိုတာကြားဖူးကြမှာပေါ့နော်..အချိန်အားလုံးရဲ့အစသုညကာလလေးမှာ
ကြီးမားတဲ့မဟာစကြာဝဠာပေါက်ကွဲမှု့ကြီးဖြစ်ပေါ်လာခဲ့ပါတယ်..အဲ့ဒီပေါက်ကွဲမှုရဲ့တရား
ခံဘယ်သူလည်းမေးနေရင်လည်းဖြေတတ်တဲ့လူကရှိခြင်းမှရှိနေဦးမယ်..
တရားခံက..Black hole ပေါ့..တွင်းနက်ကြီးလို့အမည်ပေးထားပါတယ်..တွင်းနက်ဆိုလို့
တွင်းကြီးမထင်လိုက်ပါနဲ့နော်..တွင်းမဟုတ်ပါဘူး. တကယ်တော့ သိပ်သည်းဆအလွန်များပြီး ဆွဲငင်အားပြင်းထန်တဲ့ အရာဝတ္ထုများသာဖြစ်ပါတယ်။တွင်းနက်တွေဟာ ဒြပ်ဆွဲအားများလွန်းလို့ အနီးအနားက အရာမှန်သမျှ ဆွဲငင်မှာဖြစ်ပါတယ်။ အရာအားလုံးပေါ့။ အဲဒီလို ရှိသမျှအရာအားလုံးကို ဆွဲငင်ပစ်ပြီး သူ့ကိုယ်သူ့လည်းဆွဲငင်ပစ်တဲ့အတွက် တွင်းနက်ဆိုတာ သိပ်သည်းမှု အနန္တဖြစ်ပြီးတော့ အက်တမ်အရွယ် သာသာလောက်ပဲ ကျန်ပါတော့မယ်။ အဲဒီအချိန်မှာ စကြာဝဠာရဲ့အရွယ်အစားဟာ အမ်တမ်ရဲ့အရွယ်အစားပဲရှိပါတော့မယ်။ နောက်ပြီးတော့ နောက်ထပ် မဟာပေါက်ကွဲမှု (Big Bang )အသစ်တစ်ခုကိုစတင်ဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုနဲ့အချိန်ကြလို့ထပေါက်ကွဲရာမှ…
ဒီမူရင်းလင့်ကနေကူးယူပြီးတင်ပေးလိုက်တယ်..


https://www.facebook.com/notes/4131860611275/
အခုအချိန်ကိုနောက်ပြန်ရေလိုက်ရင် အချိန်သုညစက္ကန့်မှာ စကြာဝဠာကြီးဟာ မဟာပေါက်ကွဲမှု (Big Bang) နဲ့စတင်ပါတယ်။အဲဒီအချိန်မှာ စကြာဝဠာရဲ့အရွယ်ဟာ အမ်တမ်အရွယ်အစားလောက်သာရှိပါတယ်။ အရာအားလုံးပါဝင်ပြီး မဟာပေါက်ကွဲမှုစတင်လိုက်တာနဲ့စကြာဝဠာဟာ တဖြည်းဖြည်းဖောင်းကားလာပါတယ်။ အချိန် 100 စက္ကန့်မှာ အခြေခံဒြပ်ထုတွေ( ဟိုက်ဒရိုဂျင်၊ အီလက်ထရွန်၊ ဟီလီယံ) ကိုမွေးဖွားပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စကြာဝဠာရဲ့အပူချိန်ဟာ နေရဲ့အတွင်းပိုင်းအပူချိန်ထက်များပြီး သက်ရှိတွေမဖြစ်သေးပါဘူး။ မဟာပေါက်ကွဲမှုဖြစ်ပြီး နှစ်ပေါင်း ၇ သိန်းအကြာမှာတော့အခြေခံဒြပ်ထုတေအားလုံးနီးပါးကို စတင်ဖွဲတည်လိုက်ပါပြီ။ တဆက်တည်းမှာပဲ စကြာဝဠာဟာ ဖောင်းကားလာပါသတဲ့။ Expanding Universe လို့သုံးပါတယ်။ မဟာပေါက်ကွဲမှုအပြီးနှစ်ပေါင်း ကုဋ္ဋေတစ်ထောင်
အကြာမှာတော့ ကြယ်စု (Galaxy) တွေကိုမွေးဖွားပေးလိုက်ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဘီလီယံခွဲခန့်မှာတော့ ကျွန်တော်တို့ရဲ့နေ(Fixed Star) ကိုမွေးဖွားပေးလိုက်ပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း လေးဘီယံခန့်မှာတော့ ကမ္ဘာကိုဖွဲ့တည်ခဲ့ပါတယ်။ ကမ္ဘာရဲ့အစောပိုင်းကာလတွေမှာ ဘယ်သက်ရှိမှမရှင်သန်သေးပါဘူး။ နောက်နှစ်သန်းပေါင်းတော်တော်ကြာမှ
ပင်လယ်ပြင်က မော်လီကျူးတွေ ဆင်းကဲဖြစ်စဉ်ကနေ သက်ရှိတွေကိုမွေးဖွားပေးတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ သိန်းခန့်ရောက်မှသာ လူသားတွေကို ဆင့်ကဲဖြစ်စဉ်အရမွေးဖွားပေးတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အသေးစိတ်မရှင်းပြတော့ပါ။ စိတ်ဝင်စားရင်တော့ ဒါဝင်သီအိုရီရဲ့ သီအိုရီကိုလေ့လာနိုင်ပါတယ်။ နေဆိုတာ ကျွန်တော်တို့နေတဲ့ နဂါးငွေ့တန်းကြယ်စု(Milky Way Galaxy)မှာရှိတဲ့ တစ်ခုသောသာမန်ကြယ်တစ်စင်းမျှသာဖြစ်ပါတယ်။ သူ့နဲ့အဖော်ကြယ်တွေ အပါဝင် ကြယ်ပေါင်း ကုဋ္ဋေတစ်သောင်းပါဝင်ပါသတဲ့။ နေ(Fixed Star) တစ်ခုနဲ့နောက်ထပ်နေတစ်စင်းရဲ့ပျမ်းမျအကွာအဝေးကတော့ အလင်းနှစ် (၁၀)နှစ်ကွာဝေးပါတယ်။ အလင်းနှစ်ဆိုတာကတော့ တစ်စက္ကန့်မှာ မိုင်ပေါင်း 186000 ခန့်သွားတဲ့အကွာအဝေးပါပဲ။ အလင်းနှစ်တစ်နှစ်ဆိုရင်တော့ တွက်ကြည့်ပေတော့ဗျာ။ နဂါးငွေ့တန်းကြယ်စုတွေလည်း သူတစ်ခုတည်းမဟုတ်ပြန်ပါဘူး။ သူ့ရဲ့အဖော်ကြယ်စု အင်ဒရိုမီဒါကြယ်စု(Andromeda) ဆိုတာရှိပါသေးတယ်။ အဲဒီကြယ်စုကတော့ နဂါးငွေ့တန်းကြယ်စုနဲ့ဆိုရင် အလင်းနှစ် ၂ သန်းကွာဝေးပြီး သူ့မှာကြယ်ပေါင်း ကုဋ္ဋေတစ်သိန်းပါဝင်ပါတယ်။ ခုချိန်မှာတော့ Hubble အာကာသမှန်ပြောင်းကနေ ကြယ်စုအသစ်များစွာကို မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ အဲဒီကြယ်စုတွေရဲ့နောက်မှာလည်း နောက်ထပ်ကြယ်စုတွေရှိအုံးမယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ဒါဆိုရင် စကြာဝဠာဆိုတာ အနန္တလို့ (အနားစွန်းဆိုတာမရှိပါ) ဗုဒ္ဓကဟောကြားထားတာနဲ့ကိုက်ညီမှုရှိပါတယ်။ ကောင်းပြီ။ ကမ္ဘာရဲ့အဆုံးသတ်ကို လေ့လာရအောင်။ သိကြတဲ့အတိုင်း ကျွန်တော်တို့နေစကြာဝဠာ(Solar System) မှာ ဂြိုလ်ကြီး ကိုးလုံးရှိပါတယ်။ နေနဲ့အနီးဆုံး ဂြိုလ်ကနေ စပြောရရင် Venus, Mercury, Earth(ကမ္ဘာ)၊ Mars(အင်္ဂါဂြိုလ်)ဆိုပြီး ဂြိုလ်ကိုးလုံးရှိပါတယ်။ နေရဲ့သက်တမ်းဟာ လေးဘီလီယံကျော်ပါပြီ။ နောက်ထပ် ၅ ဘီလီယံခန့်မှာနေရဲ့အဓိကလောင်စာဖြစ်တဲ့ ဟီလီယံအမ်တမ်တွေကုန်ဆုံးပြီး အတွင်းကအမ်တမ်တွေလောင်ကျွမ်းရာကနေ ယခုလက်ရှိအရွယ်အစားထက် အဆပေါင်းများစွာ ကြီးလာမှာဖြစ်ပါတယ်။ ဒါကတော့ Red Giant လို့ခေါ်ပါတယ်။ ဘယ်လောက်ထိကြီးလာမှာလဲဆိုရင် အင်္ဂါဂြိုလ်ပတ်လမ်းထိနေကကြီးလာမှာပါ။ အင်္ဂါဂြိုလ်ပတ်လမ်းထိဆိုတော့ ကမ္ဘာကအတွင်းပိုကျတာဆိုတော့ အလိုလို မိးလောင်တိုက်သွင်းခံရမှာဖြစ်ပြီး သက်ရှိတွေအကုန်လုံးပျောက်ကွယ်သွားမှာပါ။ ဒါကတော့ ကမ္ဘာပျက်မယ့်နေ့ပေါ့ဗျာ။ ကမ္ဘာသာပျက်တာ စကြာဝဠာကတော့ မပျက်သေးပါဘူး။ အခြားသောနေတွေ(Fixed Star) တွေကတော့ဆက်လက်ရှင်သန်နေအုံးမှာဖြစ်ပြီး ကျွန်တော်တို့ မဟာ စကြာဝဠာဟာ အခြားသောကြယ်ရောင်တွေနဲ့ နှစ်ပေါင်းဘီလီယံနဲ့ချီပြီးဆက်လက်တည်ရှိနေအုံးမယ်ဖြစ်ပါတယ်။ ဒါဆိုရင် စကြာဝဠာက ဘယ်လိုအဆုံးသတ်မှာလဲ။ ဒီမေးခွန်းကိုတော့ Hubble အာကာသမှန်ပြောင်းကတွေ့ရှိချက်ကိုပဲ ပြန်သွားရမှာပါ။ Hubble အာကာသမှန်ပြောင်းက ကြယ်တွေ၊ ကြယ်စုတွေဟာ ဗဟိုကနေဝေးရာကို စက္ကန့်တိုင်းမှာ အလျင်တစ်ခုနဲ့ပြေးလွားနေတာတွေ့ရပါသတဲ့။ ဆိုလိုတာက ကြယ်တွေဟာ တစ်ခုနဲ့တစ်ခုဝေးရာကို ဦးတည်ပြေးလွားနေတယ်ဆိုပါတော့။ ဒါကိုတော့ Red Shift လို့သုံးပါတယ်။ Blue Shift ကတော့ ဗဟိုကိုဦးတည်ပြီးပြေးလွားမှာပေါ့လေ။ အဲဒီလိုပြေးလွားနေတာ တချိန်မှာတော့ လုံးဝရပ်တန့်သွားမှာဖြစ်ပြီး ဒြပ်ဆွဲအားက အားလုံးကို ပြန်လည်ဆွဲငင်သွားမှာဖြစ်ပါတယ်။ ဒါကိုလည်း Dark Matter သီအိုရီတွေနဲ့ ရူပဗေဒပညာရှင်တွေကသေချာတွက်ထားပြီးပါပြီ။ ပြန်လည်ဆွဲငင်ရင်တော့ ကြယ်တွေ၊ ကြယ်စုတွေဟာ တစ်ခုနဲ့တစ်ခု ပိုမိုနီးကပ်လာပြီး နေခုနှစ်စင်းတစ်ပြိုင်နက်မြင်ရမယ့်အခြေနေတွေပါ။ စကြာဝဠာပျက်မယ့်အချိန်ပေါ့ဗျာ။
စကြာဝဠာမပျက်မီ နှစ်တစ်ရာလောက်ခန့်ရောက်ရင် ဘယ်သက်ရှိမှာ စကြာဝဠာထဲမှာမရှိနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ စကြာဝဠာရဲ့အပူချိန်က အရမ်းပူပြင်းမှာဖြစ်လို့ပါပဲ။ အဲဒီအချိန်မှာ ကြယ်တွေဟာ Gravity Collapse ဖြစ်ပြီး Neutron Star ဘ၀ကနေ တွင်းနက်(Black Hole)ဘ၀ကိုကူးပြောင်းကုန်ကြမှာဖြစ်ပါတယ်။ တွင်းနက်တွေဟာ ဒြပ်ဆွဲအားများလွန်းလို့ အနီးအနားက အရာမှန်သမျှ ဆွဲငင်မှာဖြစ်ပါတယ်။ အရာအားလုံးပေါ့။ စကြာဝဠာမှာ တွင်းနက်တွေ တည်ရှိတယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေ သီအိုရီအရ အတည်ပြုပြီးပါပြီ။ လက်တွေ့သက်သေမပြနိုင်သေးတာက တွင်းနက်ကိုလေ့လာဖို့ပစ္စည်းတွေ ကမ္ဘာပေါ်မှာမရှိသေးလို့ပါ။ ကောင်းပြီ။ အဲဒီလို ရှိသမျှအရာအားလုံးကို ဆွဲငင်ပစ်ပြီး သူ့ကိုယ်သူ့လည်းဆွဲငင်ပစ်တဲ့အတွက် တွင်းနက်ဆိုတာ သိပ်သည်းမှု အနန္တဖြစ်ပြီးတော့ အက်တမ်အရွယ် သာသာလောက်ပဲ ကျန်ပါတော့မယ်။ အဲဒီအချိန်မှာ စကြာဝဠာရဲ့အရွယ်အစားဟာ အမ်တမ်ရဲ့အရွယ်အစားပဲရှိပါတော့မယ်။ နောက်ပြီးတော့ နောက်ထပ် မဟာပေါက်ကွဲမှု (Big Bang )အသစ်တစ်ခုကိုစတင်ဖို့ ပြင်ဆင်နေပါပြီ။ ပြီးတော့ ဆိုပါသေးတယ်။ ဒီလိုမဟာပေါက်ကွဲမှုဖြစ်ပြီးနောက်တစ်ခါကြာမယ့် စကြာဝဠာရဲ့သက်တမ်းဟာ အရင်စကြာဝဠာရဲ့သက်တမ်းထက် ပိုပြီးကြာပါသတဲ့။ ကဲ ဒါဆိုရင် စကြာဝဠာရဲ့အစဆိုတာ ကျွန်တော်တို့ ဘယ်လိုမှတ်ကြမလဲ၊ ဒီစကြာဝဠာမတိုင်ခင်မှာ အရင်က စကြာဝဠာ တစ်ခုဆိုတာရှိနေခဲ့ပြီးသား။
အဲ့လိုဆိုတော့.ကိုကိုမမ..ဗုဒ္ဓဘာသာဝင်တို့ရဲ့ဗုဒ္ဓဘုရားဟောတော်မူတဲ့သံသရာသဘောကမှန်နေပြီပေါ့
ဖြစ်ပျက်သဘောတွေမှန်နေပြီပေါ့..ဖက်မိလိုက်တယ်..စတီဗင်ဟော့ကင်းတောင်ဗုဒ္ဓဘာသာကူးပြောင်းသွားတယ်ဆိုပဲ..
နာမည်ကြီးဆိုဗုဒ္ဓဘာသာပေးလုပ်ချင်တော့တာပဲ…စတီဗင်ဟော့ကင်းကတော့
စကြာဝဠာအစကိုမလေ့လာချင်တော့ဘူး..ဂြိုလ်သားတွေအကြောင်းပြောင်းလေ့လာတော့မယ်တဲ့..ဒါလည်းသူအချိန်ကုန်ငွေကုန်ပဲဖြစ်မှာပဲ..တကောင်းမှတွေ့မှာမဟုတ်ဘူး..

ဗုဒ္ဓဘာသာရဲ့ကမ္ဘာဖြစ်တယ်မှုကကောဘယ်လိုလည်း..ပျက်သုံးပျက်ကိုအခြေခံပြောကြည့်ရအောင်
မီးဖျက်ရေဖျက်လေဖျက်တဲ့…
လူတို့နေရာ ကမ္ဘာကို သာမန်ကြည့်ရှုလိုက်ပါလျှင် ထု ထည်လွန်ကြီးမား
မည်သည့်ခါမျှ ပြိုပျက်နိုင်သော ရာဝတ္ထုကြီးဟု ထင်မြင်ဖွယ်ရာ ရှိသည်။ မှန်
သော်ကား ကမ္ဘာကို ပါဠိဘာသာအားဖြင့် ကပ္ပဟုခေါ်ဝေါ်သည့်တိုင်း ဖြစ်ချိန်တန်
လျှင် ဖြစ်ပျက်ချိန်တန်လျှင် ပျက်စီးသော ရာဝတ္ထုမျှသာ ဖြစ်လေသည်။
ဖြစ်ချိန်တန်လျှင် ဖြစ်ပျက်ချိန်တန်လျှင် ပျက်စီးသောကြောင့် ကမ္ဘာသည်
မျိုးစားအားဖြင့် လေးမျိုးပြားခဲ့လေသည်။ လေးမျိုးဆိုသည်မှာ
(၁)မီး-ရေ-လေတို့ဖျက်ဆီးကို ခံဆဲ သံဝကမ္ဘာ
(၂)မီး-ရေ-လေတို့ကြောင့် ပျက်စီးသွားဖြင့် ဟင်းလင်းဖြစ်နေသော သံဝဌာယီကမ္ဘာ
(၃)ဟင်းလင်းဖြစ်နေသော နေရာတွင် ကမ္ဘာအသစ်ဖြစ်ထွန်းဆဲ ဝိဝကမ္ဘာ
(၄)ကမ္ဘာသစ်ဖြစ်ပြီးနောက် ပြန်လည်ပျက်သည့်တိုင်အောင် တည်ဆဲ ဝိဝဌာယီကမ္ဘာ
တို့ဖြစ်ကြပါသည်။
ကမ္ဘာ(၄)မျိုးတို့တွင် မျိုး မျိုးလျှင် သက်တမ်းရေတွက်အားဖြင့် န္တ
ကပ်(၆၄)ကပ်စီကြာမြင့်လေသည်။ န္တကပ်ဆိုသည်မှာ လူတို့သက်တမ်း(၁၀)နှစ်မှ
င်္ချေတမ်းထိ၊ ဖန် င်္ချေယျတမ်းမှ (၁၀)နှစ်တမ်းထိ တက်ကပ်နှင့်ဆုတ်ကပ်
တို့ကြားကို န္တကပ်ဟူခေါ်လေသည်။ ကမ္ဘာခုခုလျှင် န္တကပ်(၆၄)ကပ်စီ
သက်တမ်းရှည်သောကြောင့်ပျက်ဆဲသံဝကမ္ဘာသက်တမ်းန္တကပ်(၆၄)။
ဟင်းလင်းဖြစ်နေသောသံဝဌာယီကမ္ဘာသက်တမ်း န္တကပ်(၆၄)ကပ်။
ပြုလုပ်ဆဲ ဝိဝကမ္ဘာသက်တမ်း န္တကပ်(၆၄)ကပ်။
တည်ဆဲဝိဝဌာယီကမ္ဘာသက်တမ်း န္တကပ်(၆၄)ကပ်စီ သီးသီးရှိကြပါ
သည်။
ကမ္ဘာ(၄)ရပ်နက် ဝိဝဌာယီကမ္ဘာသာ လူသော တ္တဝါများနေနိုင်
ကျန်သောကမ္ဘာသုံးရပ်တို့တ္တဝါများ တည်နိုင် နေနိုင်ကြပါ
ဝိဝဌာယီကမ္ဘာ
လူသော တ္တဝါများတည်နိုင်သော ဝိဝဌာယီကမ္ဘာသည် လေးကျွန်းမြင်းမိုရ်
ဖွဲ့ရေတွက်နိုင်အောင် အာကာဟင်းလင်းပြင်တည်နေကြသည်။ အာကာ
တွင်း ကမ္ဘာတည်နေပုံသည် ဘာသာရေးကျမ်းဂန်လာတည်နေပုံနှင့်သိပ္ပံနည်းတွက်
ချက်သိအပ်သော တည်နေပုံဟူ၍ (၂)မျိုးပြားလေသည်။
ဘာသာရေးကမ္ဘာတည်နေပုံသည်လည်း ဘာသာမျိုးနှင့်မျိုး ယူပုံချင်း
တူကြပါချေ။
ဗုဒ်ဘာသာလို
ဗုဒ်ဘာသာကျမ်းစာတို့လိုအားဖြင့် လူသားများတည်နေရာကမ္ဘာကို ကြ
ဠာတောင်ခွေဝန်းကာထားသည်။ ထိုကြ၀ဠာတောင်ခွေတို့သည် ဆန်ကောများကို စီ
ချထားကဲ့သို့ အာကာဟင်းလင်းပြင်ခုနှင့်ခု ထိစပ်န္တတည်နေကြ
သည်။ ကြ၀ဠာတောင်ခွေခုသည် တ္တများနေထိုင်ရာ ကမ္ဘာခုဖြစ်သည်။
ကြ၀ဠာတောင်ခွေမြင့်သည် ရေထက် ယူနာရှစ်သောင်းနှစ်ထောင်ပေါ်
ရေတွင်း ယူနာ ရှစ်သောင်းနှစ်ထောင် မြုပ်နေသည်။ ထိုကြ၀ဠာတောင်ဝန်း
တွင်း ချင်းယူနာ သန်း နှစ်သိန်း သုံးထောင့် လေးရာငါးဆယ်ပြင် ချင်းယူနာ
သန်း နှစ်သိန်း ရှစ်သောင်း ငါးထောင်လေးရာငါးဆယ်ရှိလေသည်။ ကြ၀ဠာတောင်
ထုယူနာကား လေးသောင်း ထောင်ရှိလေသည်။
ထိုကြ၀ဠာတောင်ခွေတွင်းဆားငန်မုဒ္ဒရာတည်ထိုမုဒ္ဒရာလယ်
မြင်းမိုရ်တောင် တည်သည်။ မြင်းမိုရ်တောင်သည် ယူနာ ရှစ်သောင်းလေးထောင် ရေ
မြုပ်ရေထက် ရှစ်သောင်းလေးထောင် မြင့်သည့်မြင်းမိုရ်တောင်ထုနံ ယူနာ
လည်း ရှစ်သောင်းလေးထောင်စီပင် ရှိသည်။
ထိုမြင်းမိုရ်တောင်မှ ယူနာရှစ်သောင်းလေးထောင် သီတာခြားရေထက် ယူ
နာပေါင်း လေးသောင်းနှစ်ထောင်မြင့်သော ယုဂန်ဓိုရ်တောင် တည်သည်။ ယုဂန်ဓိုရ်တောင်မှ
ယူနာပေါင်း လေးသောင်းနှစ်ထောင်ကျယ်သော သီတာခြားရေထက် ယူနာနှစ်
သောင်းထောင်မြင့်သော သန်တောင်တည်သည်။ သန်တောင်မှ ယူနာပေါင်း
နှစ်သောင်းထောင် သီတာခြားရေထက် ယူနာပေါင်း သောင်းငါးရာမြင့်သော
ကဝိကတောင် တည်သည်။ ကဝိကတောင်မှ ယူနာသောင်းငါးရာ သီတာခြား
ရေထက် ယူနာငါးထောင် နှစ်ရာ ငါးဆယ် မြင့်သော သုတောင် တည်သည်။
သုတောင်မှ ယူနာငါးထောင်နှစ်ရာငါးဆယ် သီတာခြားရေထက် ယူနာ
နှစ်ထောင်ခြောက်ရာနှစ်ဆယ့်ငါးယူနာ မြင့်သော နေမိန္ဓတောင် တည်သည်။
နေမိန္ဓရတောင်မှ ယူနာနှစ်ထောင်ခြောက်ရာ နှစ်ဆယ့်ငါးယူနာ သီတာခြား
ရေထက် ယူနာ ထောင့်သုံးရာဆယ့်နှစ်ယူနာ နှစ်ဂါဝုတ်မြင့်သော ဝိက
တောင်တည်သည်။ ဝိကတောင်မှ ထောင့်သုံးရာဆယ့်နှစ်ယူနာ နှစ်ဂါဝုတ် သီ
တာခြားရေထက် ခြောက်ရာ့ငါးဆယ်ခြောက်ယူနာ ဂါဝုတ် မြင့်သော
ကဏ္ဏတောင် တည်လေသည်။
ကဏ္ဏတောင်ခွေပြင်ကြ၀ဠာတောင်ခွေထိ ဟာမုဒ္ဒရာရေပြင်
ကြီး တည်ရှိထိုဟာမုဒ္ဒရာရေပြင်ကြီးလယ်တွင် ရှေ့နောက်တောင်မြောက်
ဟူကျွန်းကြီးလေးကျွန်း တည်လေသည်။ ထိုကျွန်းကြီးလေးကျွန်းတို့သည်ကား လူသားတို့
တည်နေရာ လူ့ဘုံဌာကြီး ဖြစ်လေသည်။
လေးကျွန်းမာ
လူသားတို့စံရာ ကျွန်းကြီးလေးကျွန်းတို့တွင် ကျွန်းကျွန်းလျှင် ရန် ကျွန်းငယ်
ပေါင်း ငါးရာစီရှိလေသည်။ ရန်ကျွန်းငယ်ပေါင်း ငါးရာဆိုသည်ကား ကမ္ဘာဦးတည်က
ဖြစ်နေ့ဆိုလိုသည် ဟုတ်ပါချေ။
ထိုကျွန်းကြီး လေးကျွန်းတို့တွင် ရှေ့ကျွန်းသည် ထက်ဝက်ဏ္ဌာန်ရှိဝန်း
ယူနာ-၇၀၀၀ ရှိလေသည်။
နောက်ကျွန်းသည် ဝန်းဏ္ဌာန်ရှိဝန်းယူနာ ၇၀၀၀ ပင်ရှိလေသည်။
မြောက်ကျွန်းသည် လေးထောင့်ဏ္ဌာန်ရှိဝန်းယူနာ ၈၀၀၀ ရှိလေသည်။ တောင်
ကျွန်းသည် လှည်းဦးကပ်ဏ္ဌာန်ရှိဝန်းယူနာ သောင်းရှိလေသည်။
(ဒီဃ၊၂၊ဋ္ဌ၊၂၁၃။ ပဏ်၊၃၊ဋ္ဌ၊၁၅၈။)
သိပ္ပံမြင်
ဗုဒ်ဘာသာကျမ်းဂန်တို့ကမ္ဘာသည် ပျက်ချိန်တန်သောခါ ပျက်ဖြစ်ချိန်
တန်သောခါ သစ်ဖြစ်ပေါ်လာကြောင်း ဖေါ်ပြထားကဲ့သို့ သိပ္ပံရာတို့ကလည်း
ပျက်ချိန်တန်သောခါ ပျက်ဖြစ်ချိန်တန်သောခါ နက်ဗျူလာခေါ်သော မြူမှုန်များ စု
ဝေးကမ္ဘာသစ် ဖြစ်ကြောင်း ဖေါ်ပြကြသည်။
ဗုဒ်စာပေကြ၀ဠာန္တဟု ဖေါ်ပြကဲ့သို့ သိပ္ပံရာတို့ကလည်း ကြ၀ဠာ
န္တပင်ဖြစ်ကြောင်း ဖေါ်ပြကြသည်။
သိပ္ပံမြင်အားဖြင့် ကြ၀ဠာခုတွင် နေသည် ဓာဖြစ်၏။ ဓာဖြစ်သောနေ
ကို ဟိုပြုနေနက်ခတ်တာရာတို့နှင့်ကွ ကမ္ဘာကြီးသည် ကောင်းကင်ပြင်ဝယ်
လှည့်ပတ်နေလေသည်။
ကမ္ဘာကြီးနှင့်တူ လှည့်ပတ်ဖော် လှည့်ပတ်ဖက် ဂြိုဟ်ကြီး(၇)လုံး နက်ခတ်(၂၇)
လုံးနှင့်ရေတွက်နိုင်သော ကြယ်များ ကြယ်ပျံများ ကြယ်တံခွန်များ ပါဝင်ကြသည်။
ထိုဂြိုဟ်တို့တွင် နေလည်း ပါဝင်သောကြောင့် အားလုံးဂြိုဟ်ကြီး(၈)လုံးရှိသည်။
၎င်းင်းတို့ကား-
(၁)င်္ဂနွေဂြိုဟ်-နေ
(၂)နင်းလာဂြိုဟ်-
(၃)င်္ဂါဂြိုဟ်-မားစ်
(၄)ဗုဒ်ဟူးဂြိုဟ်-မာကျူရီ
(၅)ကြာတေးဂြိုဟ်-ဂျူပီတာ
(၆)သောကြာဂြိုဟ်-ဗီးနပ်စ်
(၇)နေဂြိုဟ်-ဆေတန်
(၈)ရာဟုဂြိုဟ်-ကမ္ဘာတို့ ဖြစ်ကြလေသည်။
ဂြိုဟ်(၈)လုံးမှပါး ကိတ်ဂြိုဟ်ဟူလည်း ရှိသေးသည်။ သို့ရာတွင် ထိုကိတ်
ဂြိုဟ်ကို ရာဟုဂြိုဟ်ဦးခေါင်းပိုင်းဟု ယူဂြိုဟ်ကြီးကြီး(၈)လုံးဟူသတ်မှတ်ကြ
သည်။ ဂြိုဟ်ကြီး(၈)လုံးမှပါး ယူရန်းနက်စ်ဂြိုဟ်/နပ်ကျူးဂြိုဟ်၊ လူတိုဂြိုဟ်ဟူသော
နောက်တွေ့ဂြိုဟ်များလည်း ရှိသေးသည်။
နေကြ၀ဠာပါသော ဂြိုဟ်များကို ဂြိုဟ်ကြီး/ ဂြိုဟ်ငယ်ဟူစုခွဲသောခါ
နေနှင့်နီးသော ဂြိုဟ်များကို ဂြိုဟ်ငယ်ဟုခေါ်နေနှင့်ဝေးသောဂြိုဟ်များကို ဂြိုဟ်ကြီးဟု
ခေါ်လေသည်။ ကမ္ဘာမြေကြီးသည် နေနှင့်နီးသောကြောင့် ဂြိုဟ်ငယ်တွင်းပါဝင်
သည်။ ကမ္ဘာလုံးချင်းမှာ မိုင်(၇၉၂၀)ခန့်သာ ရှိလေသည်။ ကမ္ဘာမြေကို မှီပြု
လူသော တ္တဝါများပြား နေထိုင်ကြလေသည်။
ဗုဒ်ဘာသာလို
ဗုဒ်ဘာသာကျမ်းစားတို့ကမူကား ကမ္ဘာကြီးပျက်စီးသောခါ ကမ္ဘာပေါ်ရှိတ္တ
ဝါအားလုံး ဈာန်ကြကုန်သည်ဖြစ်ကွယ်လွန်တိုင်း ကွယ်လွန်တိုင်းသောတ္တဝါတို့သည်
ဈာန်အာနုဘော်ကြောင့် မီး-ရေ-လေတို့ဖျက်ဆီးနိုင်သော ဗြဟ္မာဘုံသို့ ချဉ်းကပ်ရောက်
ကြလေသည်။
သံဝကပ်-ပျက်ဆဲကမ္ဘာ။
သံဝဌာယီကပ်-ဟင်းလင်းကမ္ဘာ။
ဝိဝကပ်-တည်ဆဲကမ္ဘာ။
ဤ(၃)ကမ္ဘာတို့ကာပတ်လုံး ဗြဟ္မာဘုံနေထိုင်ကြကုန်ပြီးနောက် ဝိဝဌာယီ
တွင် ဗြဟ္မာပြည်မှ စုတေလူ့ပြည်လူဖြစ်လာခဲ့ကြသည်ဟုဆို၏..
မှတ်ချက်..ပြုသတိပေးရပေဦးမည်..စာရေးဆရာညျွိုသောင်းရေးသောဘာသာကြီးလေးရက်
စာအုပ်မှာမှု..ဗြဟ္မာဘုံသို့တိုင်အောင်..ပြက်လေသည်ဟုပါလေသည်..ထိုစာအုပ်ကိုဘယ်ဗုဒ္ဓဘာသာမျှ
မှားပါသည်ဟုမတားကြပါ..ထည့်ရေးပေးလိုက်ပါမည်..
မြတ်စွာဘုရားပဋိသန္ဓေနေသောအခါနှင့်ဖွားမြင်သောအခါတို့တွင်စကြာဝဠာတိုက်ပေါင်းတစ်သောင်းသောဒေသအထိတုန်လှုပ်ခြင်းဖြစ်ပေါ်သဖြင့်ထိုစကြာဝဠာတိုက်တစ်သောင်းအကျယ်အဝန်းကိုဇာတိခေတ်ဟုခေါ်သည်
ရတနသုတ်၊မေတ္တာသုတ် စသောပရိတော်တို့၏အာဏာစက်သည်စကြာဝဠာတိုက်တသိန်းအထိသက်ရောက်ပျံ့နှံ့သဖြင့်
ထိုစကြာဝဠာတိုက်တစ်သိန်းအကျယ်အဝန်းကိုအာဏာခေတ်ဟုခေါ်သည်
မြတ်စွာဘုရား၏ ဥာဏ်တော်သည်စကြာဝဠာအနန္တတိုင်အောင်အကြွင်းမဲ့သိမြင်တော်မူသဖြင့်ထိုစကြဝဠာအနန္တ၊ကောင်းကင်ရေ၊မြေ၊သတ္တါ အနန္တတို့ကိုဝိသယခေတ်ဟုခေါ်တွင်သည်။
ခေတ်သုံးခေတ်မျိုးအနက်ဇာတိခေတ်နှင့်အာဏာခေတ်တို့အတွင်းတည်ရှိသောစကြာဝဠာတစ်သိန်းတို့သည်ဖြစ်ပေါ်လာသောအခါတွင်အတူတကွသာပေါ်လာပြီးပျက်စီးသောအခါတွင်လည်းအတူတကွစကြာဝဠာတစ်သိန်းလုံးပင်ပျက်စီးသွားရမြဲဖြစ်သည်
ဇာတိခေတ်နှင့်အာဏာခေတ်ဖြစ်သောစကြာဝဠာတစ်သိန်းအတွင်း၌ကမ္ဘာဖျက်မိုးကြီးသည်ရှေးဦးစွာရွာသွန်း၏။ထိုအခါလူအပေါင်းတို့သည်ဝမ်းမြောက်ဝမ်းသာဖြစ်၍သလေးကောက်ပဲသီးနှံမျိုးစေ့တို့ကိုကြဲဖြန့်စိုက်ပျိုးကြကုန်၏။ထိုမျိုးစေ့တို့ မှကောက်ပဲသီးနှံတို့သည် နွားစားလောက်သောပမာဏအရွယ် ရှိလာသောအချိန်တွင်မိုးရွာသွန်းခြင်းရပ်သွားသည်။
မြေ၏အသံနှင့်တူသောအသံသည်မြည်ဟည်းကာမိုးခေါင်လေလျှင်မိုးကိုအမှိပြုသောလူနတ်တိရစ္ဆာန်တို့သည်သည်များစွာပျက်စီးဆုံးရှုံးကြကုန်သည်။
ထိုအချိန်တွင် လောကဗြူဟာ အမည်ရှိသော နတ်သားတို့သည် ဦးခေါင်းငိုက်ဆိုက် ဖြစ်ကုန်လျှက်၊ ဆံပင်ဖါးရား၊ ငိုသောမျက်နှာ ရှိကုန်လျှက်၊ နီသော အဝတ်ပုဆိုးတို့ကို ဝတ်ကုန်၍၊ မလှသောအသွင်အပြင်ကို ဆောင်ကုန်သည်ဖြစ်၍၊ လူတို့၏ လမ်းခရီး၌ သွားလာကုန်လျှက်၊ ဤသို့ဆိုကုန်၏၊အချင်းတို့ ဤနေ့မှစ၍ အနှစ်တသိန်းလွန်လျှင် ကမ္ဘာပျက်လတံ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မာစိုရ် တရားတို့ကိုပွားစေကုန်အံ့။ အမိ၊ အဘတို့ကို လုပ်ကျွေးကုန်ဟူ၍ြွေကးကြော်ကုန်း၏။ ထိုနည်းတူ၊ လောက၌ ဘုရားပွင့်တော်မူမည်ကို၎င်း၊ စကြာမင်းဖြစ်တော်မူမည်ကို၎င်း၊ ကောလာဟာလဖြစ်လျက် လောကဗြူဟာနတ်တို့သည်ြွေကးကြော်ကုန်း၏။
ဝိသုဒ္ဓိမဂ် အဘိညာဉ် နိဒ္ဒေသ စာမျက်နှာ ၂၂ ၌လာ၏။
၁။ ကပ္ပကောလဟာလ=ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။
၂။ ဗုဒ္ဓကောလဟာလ=ဘုရားဖြစ်မည်ကို အနှစ်တထောင်က အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဈိဿတိ။
၃။ စကြာဝတ္တိ ကောလဟာလ=စကြာမင်းဖြစ်မည်ကို အနှစ်တရာက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။
ဤသုံးပါးသော ကောလဟာလတို့တွက် ၊ ဘုရားဖြစ်လတံ့ဟူသောြွေကးကြော်သံကို ကြား၍ နတ်အပေါင်းတို့သည် တုသိတာ နတ်ပြည်၌ရှိသော အလောင်းတော် နတ်သားအားသွား၍ တောင်ပန်ကြကုန်၏။
လောကဗြူဟာနတ်သား၏လှုံ့ဆော်မူကြောင့်လူနတ်အပေါင်းတို့သည်ထိတ်လန့်ကြကုန်သဖြင့်အမိ
ဖတို့ကိုလုပ်ကျွေးကြခြင်းဒုစရိုက်အလုပ်ကိုရှောင်ကြဉ်ကြခြင်း၊တရားကျင့်ကြံခြင်းတို့ကြောင့် ပထမဈာန်သုံးဘုံး၏အထက်ဘုံးများသို့ရောက်ရှိသွားကြသည်
ယခုဘဝတွင်ဈာဉ်မရလိုက်သောလူနတ်တို့သည်သေသောအခါအခြားအထက်နတ်ဘုံများသို့ရောက်ရှိ၍ဝါယောကသိုဏ်းကိုအားထုတ်ကြရာဗြဟ္မာဘုံများသို့ကူးသွားကြရသည်။အပါယ်လေးဘုံသားတို့သည်လည်းသံသရာအဆက်ဆက်မှကုသိုလ်ကံတို့၏အကျိုးကြောင့်လူ့ဘုံသို့ရောက်ရှိလာကြကာထိုဘုံမှစုတေသောအခါနတ်ဘုံ၊ထိုမှတစ်ဆင့်အထက်ဗြဟ္မာဘုံများသို့ရောက်ရှိသွားသြည်။
အနှစ်တစ်သိန်းစေ့ရောက်သောကာလ၌ နေနှစ်စင်းတို့သည်တစ်စင်းပြီးတစ်စင်းထွက်လာ၍မြစ်ချောင်းအင်းအုင်၊ပင်လယ်သမုဒ္ဒရာတို့မှာရေများခန်းခြောက်ကာလူ့ဘုံ၊နတ်ဘုံတို့အားလုံးကိုမီးလောင်ကျွမ်းသဖြင့်..ပထမဈာန်သုံးဘုံဗြဟ္မာပြည်တိုင်အောင်ပျက်စီးသွားသည်..ကောင်းကင်ပြင်တစ်ခုလုံးသည်တစ်စပ်တည်းဖြစ်လျက်ကမ္ဘာပြုမိုးရွာသွန်း
သည့်အချိန်အထိ (သံဝဌာယီကပ်-ဟင်းလင်းကမ္ဘာအချိန်)တစ်ခုလုံးအမှာင်တိုက်ကြီးဖြစ်၍တည်နေလေသည်
ကမ္ဘာလောကကြီးပျက်ရာတွင်မီးဖျက်၍ပျက်ခြင်း၊ရေဖျက်၍ပျက်ခြင်း၊လေဖျက်၍ဖျက်ခြင်းဟူ၍
သုံးမျိုးရှိသည်။မီးဖျက်သောအခါပထမဈာန်ဗြဟ္မာဘုံတိုင်အောင်ပျက်စီးလျက်
ရေဖျက်သောအခါဒုတိယဈာန်သုံးဘုံတိုင်အောင်ပျက်စီးသည်။လေဖျက်သောအခါတတိယဈာန်သုံးဘုံ
တိုင်အောင်ပျက်စီးသည်။ကမ္ဘာလောကကြီးသည်မီးကြောင့်ခုနှစ်ကြိမ်တိတိပျက်ပြီးနောက်မှရှစ်ကြိမ်မြောက်တွင်ရေကြောင့်ပျက်စီးရသည်။မီးခုနှစ်ကြိမ်..ရေတစ်ကြိမ်နည်းဖျက်ဆီးသွားရာ..မီးရှစ်ကြိမ်နှင့်ရေခုနှစ်ကြိမ်စုစုပေါင်း၆၃ကြိမ်ပျက်စီးပြီးသောအခါလေတစ်ကြိမ်ဖျက်ဆီးသည်။
ကမ္ဘာပြိုမိုးကြီးသည်အန္တရကပ်ရက်အတွင်း၌အဆက်မပြတ်ရွာသွန်းလေရာရှေးဦးတွင်ဆီးနှင်းအရွယ်မိုးသီးမိုးပေါက်ပမာဏမှ
တဖြည်းဖြည်းကြီးထွားသောမိုးသီးမိုးပေါက်ကျလာသဖြင့်ယူဇနာထောင်သောင်းအတိုင်းအရှည်ရှိသောမိုးသီးများစွာရွာချသည်လဟာပြင်ကြီးတစ်ခုလုံးသည်အထက်ပျက်စီးသွားသောဘုံအထိရေပြင်ကြီးဖြစ်လျက်ရှိသည်။
ရေပြင်ကြီးသည်တဖြည်းဖြည်းလျော့ဆင်းသွားလေရာကမ္ဘာပျက်ရာတွင်ပါသွားသောဗြဟ္မာဘုံမှစ၍အောက်ဘုံတို့သည်တဖြည်းဖြည်းပေါ်ထွက်လာရာနတ်ပြည်လေးထပ်ဖြစ်သောယာမဘုံတိုင်အောင်ပေါ်လာသည်။တာဝတိံသာနှင့်စတုမဟာရာဇ်နတ်ပြည်တို့သည်လည်းမြေကြီးနှင့်ဆက်စပ်နေသောမြင်းမိုရ်တောင်နှင့်ယုဂန္ဓိုရ်တောင်ထိပ်တို့တွင်တည်ရှိသဖြင့်ချက်ချင်းပေါ်လာခြင်းမရှိချေ။တစ်ဖန်ပြန်၍ပေါ်ပေါက်လာသောဗြဟ္မာဘုံနှင့်နတ်ဘုံတို့၌အထက်ဗြဟ္မာဘုံတို့မှဗြဟ္မာတို့သည်စုတေကြကာပေါ်ပေါက်လာသောဘုံများ၌ဖြစ်လာကြသည်။
မူလတည်ရှိသောမျက်နှာပြင်သို့တိုင်အောင်ရေများကျဆင်းသွားသောအခါတွင်ကားနွားနို့အိုးမျက်နှာပြင်၌တက်အံ့သောမလိုင်များကဲ့သို့မြေဆီလွှာများပေါ်လာသည်။မဟာလှေကားပန်းအဆင်းရှိသော
မြေဆီမြေနှစ်များသည်ပျားရည်ထောပတ်ကဲ့သို့ပင်ချိုဆိမ့်သောအရသာရှိသည်
ကမ္ဘာသည်ဘုရားပွင့်သောကမ္ဘာနှင့်ဘုရားမပွင့်သောသုညကမ္ဘာဟူ၍ရှိသည်။ဘုရားပွင့်သောကမ္ဘာတွင်ဇမ္ဗူဒီပါတောင်ကျွန်း၏အလယ်တည့်တည့်၌ရှိသောအဝန်းယူဇနာကိုးရာရှိသည့်ဗဟိုအချက်အချာသည်
ဗောဓိပင်နှင့်ပလ္လင်တော်ရတနာတည်ရှိရာဖြစ်၍ဘူမိနက်သန်နေရာဖြစ်သည်။ဤနေရာသည်ကမ္ဘာပျက်သောအခါနောက်ဆုံးမှပျက်စီးသွားပြီးကမ္ဘာတည်သောအခါတွင်လည်းရှေးဦးစွာသာလျှင်ဖြစ်ပေါ်ရမြဲဖြစ်၏။ကမ္ဘာတည်သောအခါဤအရပ်၌ပေါက်ရောက်လာသောကြပဒုမ္မာပင်မှကြာပွင့်သင်္ကန်းစုံကို
ကြည့်ရှု၍ဤကမ္ဘာသည်သုကမ္ဘာလော၊မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာအတွက်စည်ပင်ဝပြောမည့်ဘု၇ားပွင့်သောကမ္ဘာလောခန့်မှန်းကြရသည်
ဤသို့လျှင်ကမ္ဘာသစ်ဖြစ်တိုင်းဖြစ်တိုင်းသုဒ္ဓါဝါဗြဟ္မာကြီးတို့သည်ကမ္ဘာဦးဗုဒ္ဓနိမိတ်ကိုဖတ်ကြား၍ပညတ်သမုတ်ကြကုန်၏။ကြာတစ်ပွင့်တွေ့လျှင်ဘုရားတစ်ဆူဤကမ္ဘာတွင်ပွင့်မည်..ငါးပွင့်တွေ့လျှင်ဘုရားငါးဆူပွင့်မည့်ကမ္ဘာအဖြစ်သိရှိကာ.သာရကပ်၊မဏ္ဍကပ်၊သာရမဏ္ဍပ်ပပ်၊ဘဒ္ဒကပ်ဟုသတ်မှတ်ကြသည်
ယခုကမ္ဘာတည်စ၌လည်းဗြဟ္မာကြီးတို့သည်ကြာငါးပွင့်ကိုတွေ့ရှိသဖြင့်..ကကုသန်၊ကောဏဂုံ၊
ကဿပ၊ဂေါတမ၊အရိမေတ္တယျဟူသောဘုရားငါးဆူပွင့်တော်မူမည်ဟုဝမ်းသာရွှင်လန်းကြလေသည်
ဤဘဒ္ဒကမ္ဘာမှစ၍နောက်သို့ပြန်၍ရေတွက်လိုက်သည်ရှိသော်လေးအသင်္ချေနှင့်တသိန်းသောကမ္ဘာများအနက်တစ်ဆယ့်တစ်ကမ္ဘာတို့တွင်သာလျှင်ဘုရားပွင့်တော်မူခဲ့ရာအားလုံးပေါင်းနှစ်ဆယ့်ရှစ်ဆူရှိသည်။ကျန်သောကမ္ဘာပေါင်းလေးအသင်္ချေနှင့်ကိုးသောင်းကိုးထောင်ကိုးရာရှစ်ဆယ့်ကိုးကမ္ဘာသည်ကားဘုရားပွင့်ခြင်းမရှိသောသုညကမ္ဘာများဖြစ်သည်။
ကမ္ဘာမြေကြီးပြန်လည်ပေါ်ထွန်းလာသောအခါအထက်ဗြဟ္မာဘုံတို့မှဗြဟ္မာတို့သည်သက်တမ်းကုန်ဆုံး၍လည်းကောင်းကံကုန်ခြင်းကြောင့်လည်းကောင်းစုတေ၍လူ့ပြည်သို့ဆင်းသက်လာပြီးလျှင်ဥပပါတ်ပဋိသန္ဓေဖြင့်လူဖြစ်လာကြသည်…
အဂ္ဂညသုတ်ထည်းကနေဆက်ကူးထည်းပေးလိုက်မယ်
၁၁၉။ ဝါသေဋ္ဌ ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါ သည် ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၁၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထို (ဘုံ)၌ (ဈာန်)စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ လျှင် အစာရှိ ကုန်၏၊ မိမိတို့ကိုယ် ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ဝါသေဋ္ဌ ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤ (လူ့ဘုံ)သို့ ရောက်လာကုန်၏။ ထိုသူတို့သည် ဤလူ့ဘုံ၌ (ဥပစာရဈာန်) စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
၁။ ဒုတိယဈာန်သုံးဘုံတွင် အရောင်အဝါထွက်သော ဗြဟ္မာတို့၏နေရာ တတိယဘုံ
ဒီလောက်နဲ့ဖြတ်ထားမယ်လေ…
သိပ္ပံရဲ့စကြာဝဠာနဲ့ကမ္ဘာဖြစ်စဉ်ပဲလေ့လာလေ့လာ..ဗုဒ္ဓဝါဒရဲစကြာဝဠာဖြစ်စဉ်နဲ့ကမ္ဘာဖြစ်စဉ်ကိုပဲလေ့
လာ..ဘယ်ဟကအစလည်းမေးလို့မရနိုင်ပါ..တွက်လို့မရနိုင်ပါ..မှန်းစလည်းမရနိုင်..
ဗြဟ္မာဘုံအထိဖျက်ခံရတယ်ဆိုရင်..ဒီမှာမေးစရာက..ဗြဟ္မာတွေနတ်တွေဘယ်မှာသွားနေကြလည်း
အထူးသဖြင့်သုတိသာနတ်ပြည်ကဘုရားလောင်းတွေဘယ်မှာသွားစံနေကြလည်း..တခြားစကြာဝဠာ
သွားပြောင်းနေကြတယ်ဆိုရင်လည်း…ဘုရားလောင်းနတ်သားတို့မည်သည်ဒီစကြာဝဠာကနေပြီး..တခြားစကြာဝဠာမှာသွားစံရိုးထုံးစံကမရှိပြန်…စုတေပြီးသားဗြဟ္မာတွေက..ရေကြတာနဲ့..ပေါ်လာတဲ့ဗြဟ္မာဘုံပေါ်မှာပြန်ပေါ်လာတယ်တဲ့..စုတေပြီးဗြဟ္မာတွေဆိုတာ..စုတေပြီးဗြဟ္မာပြန်ဖြစ်ရိုးထုံစံရှိရင်
လူသေလူဖြစ်အဓမ္မဝါဒီထောင်နန်းစံရှင်ဥကထမှန်ဖို့နီးစပ်ပြန်ပြီ..ဗြဟ္မာသေဗြဟ္မာပြန်ဖြစ်..
လူသေလူပြန်ဖြစ်ပေါ့.အဖြေမပေးနိုင်ပြန်တော့..ဗြဟ္မာဘုံမပါဘူးဆိုပြီးအတည်ပေါက်ရွှီထည့်လိုက်
ပြန်လည်း..သုတိသာနတ်ပြည်ဘုရားလောင်းတို့စံရာဘုံကတော့ဖျက်ခံရတဲ့အထည်းပါတယ်..ဒီတော့
ဘုရားလောင်းနတ်သားဘယ်စကြာဝဠာမှာစံနေလည်းအဖြေမရှိတော့….နတ်ပြည်မယုံဘူးဆိုပြီး
ပိဋကတ်လာဘုရားဟောတဲ့နတ်တွေအကုန်ဖြောက်တော့မဲ့လူပညာရှင်တွေ..ပေါ်လာပြန်ရော့
ဗြဟ္မာဘုံဈာန်လေးဘုံးရှိတယ်..တတိယဈာန်ဘုံအထိပျက်သည်လို့..စာပေဟင်းလင်းအိုးကြီးကထုပ်
ဖြန့်ရောင်းတဲ့ဒွါဒသမအကြိမ်မြောက်ညိုသောင်းရဲ့ဘာသာကြီးလေးခုအနှစ်သာရစာအုပ်က
အတိအလင်းစာပေကိုးကားများစွာနဲ့ဖော်ပြထားတယ်..ဒီတော့..ဗြဟ္မာဘုံဖျက်ခံရတာပါတဲ့
တိုင်းသိပြည်သိစာပေစီစစ်ပြီးမှထုပ်တဲ့စာအုပ်ကမှားလား..မေးရတော့မယ်..
ဗြဟ္မာဘုံတွေအကြောင်းရေးရဦးမယ်..ဒီမှာ..ရူပဗြဟ္မာဘုံနဲ့အရူပဗြဟ္မာဘုံဆိုတာနှစ်ပိုင်းရှိတယ်
မီးနဲ့ဖြတ်ခံရတဲ့ဗြဟ္မာဘုံစိုတာ..ရူပ..ရုပ်ကောနာမ်ကောရှိတဲ့ဗြဟ္မာတွေစံရာဘုံဈာန်၎ဘုံထည်းကတတိယဈာန်ဘုံအထိဖျက်ခံရတာ..
( ၁ ) ပထမဈာန် ( ၃ ) ဘုံ ၁ … ဗြဟ္မပါရိသဇ္ဖာ ဘုံ ၂ ... ဗြဟ္မပုရောဟိတာ ဘုံ ၃ ... မဟာဗြဟ္မာ ဘုံ ( ၂ ) ဒုတိယဈာန် ( ၃ ) ဘုံ ၄ ... ပရိတ္တာဘာ ဘုံ ၅ ... အပ္ပမာဏာဘာ ဘုံ ၆ ... အာဘဿရာ ဘုံ ( ၃ ) တတိယဈာန် ( ၃ ) ဘုံ ၇ … ပရိတ္တာသုဘာ ဘုံ ၈ ... အပ္မမာဏာသုဘာ ဘုံ ၉ ... သုဘကိဏှာ ဘုံ ဒီတတိယဈာန်သုံးဘုံအထိဖျက်ခံရတဲ့အထည်းပါတယ်.. ( ၄ ) စတုတ္ထဈာန် ( ၇ ) ဘုံ ရှိပါတယ် …။ ၁၀ ... ဝေဟပ္ဖိုလ် ဘုံ ၁၁ ... အသညသတ် ဘုံ ၁၂ ... အဝိဟာ ဘုံ ၁၃ ... အတပ္ပါ ဘုံ ၁၄ ... သုဒဿာ ဘုံ ၁၅ … သုဒဿီ ဘုံ ၁၆ ... အကနိဋ္ဌ ဘုံ ဗြဟ္မာပါရိသဇ္ဇာဘုံမှ အကနိဋ္ဌအထိ (၁၆)ဘုံကို ရူပဗြဟ္မာ ၁၆-ဘုံဟု ခေါ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ ရှိပြီး ကျန်(၁၅)ဘုံ မှာ ရုပ်တရား နာမ်တရား ၂ပါးလုံး ရှိကြါတယ်
လူပြန်ဖြစ်တဲ့ဗြဟ္မာကဘယ်ဘုံကလည်းဆိုရင်..စတုတ္ထဈာန်ဘုံကဗြဟ္မာကစုတေလို့လူပြန်ဖြစ်ရင်တော့
မေးစရာအကြောင်းမရှိအခုဟာကအဖျက်ခံရတဲ့အထည်းပါတဲ့ဒုတိယဈာန်ဘုံကသုံးဘုံမြောက်
အာဘသရာဘုံကနတ်သားတဲ့..အဖျက်ခံရတော့..ဗြဟ္မာတွေသေတဲ့အထည်းပါသွားရင်လည်းတခြားဘုံမှာချက်ခြင်းပြန်ဖြစ်စရာကလည်းမရှိ..နိဗ္ဗာမရောက်မခြင်းသေတာနဲ့..တခြားဘုံတနေရာမှာချက်ခြင်းဖြစ်ရမှာလေဟုတ်တယ်မဟုတ်လား..ဘုံပြောင်းစံနေတယ်ရအောင်လည်း..တခြားစကြာဝဠာမှာ
တခြားလူနဲ့နတ်တွေရှိလို့..ဗြဟ္မာတွေလည်နတ်တွေ..ငရဲသားတွေ..က..သွားပြီးခဏလောက်တည်းခိုပါရစေ..ငါတို့စကြာဝဠာအဖျက်ခံနေရလို့..ပြန်တည်ရင်ပြန်သွားပါ့မယ်ဆိုပြီး..တခြားစကြာဝဠာကဘုံတွေမှာသွားနေကြတာလား
စကြာဝဠာကြီးရေးကြီးတာပဲစဉ်းစားမရဘူး..ဟာလာဟင်းလင်းကြီးထည်းမှာရေဘယ်လိုတင်နေတယ်ဆိုတာနဲနဲလောက်ပြောပြကြပါလား..
သိပ္ပံက..စကြာဝဠာကြီးအက်တန်လောက်ကြုံ့သွားတယ်ဆိုရင်လည်း..ဗုဒ္ဓဘာသာတို့ရဲ့နတ်ပြည်ဗြဟ္မာ
ပြည်လည်းBlack hole စုပ်တဲ့အထည်ပါလို့..ရေဖျက်တာမပျက်ပဲကြန်တဲ့စတုတ္ထဈာန်ဘုံပါ
ပါပြီမှတ်
ကဲ့သိပ္ပံကပြောတဲ့ကမ္ဘာကြီးသက်တန်းက၄.၆ဘီလျံ
ဗုဒ္ဓဘာသာကပြောတဲ့ယခုလက်ရှိဘဒ္ဒကမ္ဘာသက်တန်းက..၄.၆ဘီလျံမကဘူး..
သိပ္ပံနည်းနည်းဘဒ္ဒကမ္ဘာရဲ့သက်တန်းကိုညှိပေးပါဦး..
ဒို့သမ္မာကျမ်းစာကတော့..တိကျတဲ့အဖြေပေးနိုင်တယ် ကမ္ဘာမြေကြီးသက်တမ်းနှင့်ပတ်သက်၍ကျွန်ုပ်တို့အသေအခြာကျိန်းသေသိနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ..စကြာဝဠာကြီးနှင့်တကွကမ္ဘာမြေကြီးကိုဖန်ဆင်းသော
အချိန်ကာလအစအခါထိုနေရာ၌အတူရှိနေခဲသော…ဖန်ဆင်းရှင်ဘုရားသခင်ယေရှုခရစ်
တော်ကကျွန်ုပ်တို့အားနှုတ်ကပတ်သမ္မာကျမ်းစာအားဖြင့်ဖော်ပြထားခြင်းကသာ..အမှန်ကိုပေးနိုင်မည်းဖြစ်ပေတော့သည်.
ကမ္ဘာမြေကြီးအိုမင်ရင့်ရော်ကြောင်းဆုံးဖြတ်ရန်သိပ္ပံပညာဆိုင်ရာခိုင်လုံသောသက်သေအထောက်အထားများမရှိပါ..ကမ္ဘာမြေကြီးနုနယ်ပုံအတွက်..သမ္မာကျမ်းဆိုင်ရာသော်လည်းကောင်း..ပတ်ဝန်းကျင်ဆိုင်ရာသက်သေခံချက်များစွာရှိပါသည်…
ဆက်ပါဦးမည်
.....ဒီမှာတော့ဒီပို့နဲ့ပက်သက်ပြီးဗုဒ္ဓဘာသာလူငယ်လေးတစ်ဦးကပြန်တုန့်ပြန်ရေးတာလေးပေါ့
ဟာသပဲ
https://m.facebook.com/khantmin.aung.73/posts/1612421572357686?ref=m_notif&notif_t=group_comment_mention
ကမ္ဘာသက်တန်းပိဋကတ်ကဖေါ်ပြတာနဲ့သိပ္ပံကိုက်လားမေးတာမဖြေပဲတလွဲတွေပြန်ဖြေပေးနေတယ်
ပိဋကကို ရှုံးနိမ့်ခြင်း
ဗြဟ္မာဘုံအဖျက်ခံရရင် နတ်တွေဗြဟ္မာတွေက မပျက်တဲ့ ဗြဟ္မာဘုံမှာသွားနေပါလိမ့်မယ်
ဗြဟ္မာဘုံအဖျက်ခံရတယ်သာပြောတာပါ ဗြဟ္မာဘုံက ဈာန်အားဖြင့်ဆို ၄မျိုးတောင်ရှိတာပဲ
ပထမဈာန်ဘုံအထိပျက်ရင် ဒုတိယဈာန်ဘုံ တတိယဈာန်ဘုံ စတုတ္ထဈာန်ဘုံတွေမှာနေပါလိမ့်မယ်
ဒုတိယဈာန်ဘုံအထိပျက်ရင် တတိယဈာန်ဘုံ စတုတ္ထဈာန်ဘုံတွေမှာနေပါလိမ့်မယ်
တတိယဈာန်ဘုံအထိပျက်ရင် စတုတ္ထဈာန်ဘုံတွေမှာနေပါလိမ့်မယ်
စတုတ္ထဈာန်ဘုံတွေက ကမ္ဘာပျက်ချိန်မှာ ဘယ်တော့မှ မပါပဲ အမြဲကျန်နေပါတယ်
မေးချင်းမေးရင် စတုတ္ထဈျာန်ဘုံတွေက မြဲနေသလားလို့မေးသင့်တာပါ
မမေးပေမယ့်ဖြေပေးလိုက်ပါမယ် သူတို့မှာလည်း သင်္ခါရတရားဆိုတော့ မမြဲပါဘူး ဘုရားမပွင့်တဲ့အသင်္ချေကာလတွေမှာ ဒီစတုတ္ထဈာန်ဘုံထဲက သုဒ္ဓါဝါသ၅ဘုံဟာဘာမှမရှိပါဘူး ဘယ်သူမှမရှိလို့ ဒီဘုံတွေလည်းမရှိဘူးလို့ပဲ ဆိုကြပါတယ် ဘုရားပွင့်မှ အနာဂါမ်ဗြဟ္မာကြီးတွေရောက်ပြီး ဒီဘုံတွေ ပြန်ဖြစ်ပါတယ်
အသညသတ်ဘုံကတော့ ဘုရားပွင့်ခြင်းမပွင့်ခြင်းနဲ့ မဆိုင်ပဲ နာမ်တရားကိုမုန်းတီးတဲ့ စတုတ္ထဈာန်ရပုဂ္ဂိုလ်တွေ စုတိပြီး လာမဖြစ်ရင် သူ့မှာလည်းမရှိပါဘူး
ဝေဟဖ္ဖိုလ်ဘုံကတော့ ရူပစတုတ္ထဈာန်ရပုဂ္ဂိုလ်တွေ မလာရင် မရှိပါဘူး သူမရှိတဲ့အချိန်ကတော့ အင်မတိအင်မတန် နည်းပါးလွန်းပါတယ်
ဒီစတုတ္ထဈာန် ၇ဘုံလုံးက ဖျက်ဆီးမယ့်အရာမရှိတာနဲ့ သက်တမ်းအလွန်ရှည်ကြာတဲ့အတွက် မြဲတယ်ထင်နေရပါပေမယ့် သင်္ခတနယ်မှာပဲရှိသေးလို့ မမြဲပါဘူး
ဒီတော့ ဗြဟ္မာဘု့တွေအဖျက်ခံရရင် နတ်ဗြဟ္မာတွေ ဘယ်သွားနေမလဲဆိုတဲ့မေးခွန်း မပျက်တဲ့ ဗြဟ္မာဘုံနေမယ်ဆိုတာ ရှင်းလောက်ပါပြီ နတ်ဗြဟ္မာတွေမှ မဟုတ်ဘူး လူတွေရော အပါယ်လေးဘုံကသတ္တဝါတွေရော သွားနေမှာပါ
ဒါပေမယ့် လူကိုယ် အပါယ်ကိုယ်မဟုတ်ပါဘူး ဆိုင်ရာဗြဟ္မာ့ဘုံက ကိုယ်နဲ့ နေမှာပါ
ဒါကလည်း ကမ္ဘာပျက်မှာမို့ အလကားရောက်တာမဟုတ်ဘူး ဘုရားသခင်လိုသတ္တဝါတစ်ကောင်ကောင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ရောက်တာမဟုတ်ဘူး ကမ္ဘာမပျက် ကြိုတင်ပေါ်ထွက်တဲ့ ကပ္ပကောလာဟလကာလမှာ သံဝေဂရပြီး ဈာန်ရပြီးမှ ရောက်တာပါ ကိုယ့်ကြိုးစားမှုနဲ့ကိုယ်ရောက်တာပါ အပါယ်ဘုံသားတွေက ဈာန်မရနိုင်တော့ အပါယ်ကလွတ်ပြီး အပရာပရိယကုသိုလ်ကံတစ်ပါးပါးအထောက်အပံ့နဲ့ လူဖြစ် နတ်ဖြစ်ပြီးမှ အဲ့ဘုံမှာ ဈာန်ရပြီးမှရောက်ပါမယ်။
တုဿိတာနတ်ပြည်က ဘုရားလောင်းနတ်သားဆိုတဲ့ကိစ္စလည်း အတော်ရှင်းရလိမ့်မယ်
ဘုရားလောင်းတွေက တုဿိတာနတ်ပြည်မှာ အားအားလျားလျား သွားနေနေတာ မဟုတ်ဘူး ပွင့်ခါနီး နောက်ဆုံးဘ၀ကျမှ အဲ့မှာနေတာ
(ကြားကာလ နုစဉ်အခါ ရောက်တာကတော့ ထားလိုက်တော့ § ဘုရားလောင်းတွေ တုဿိတာနတ်ပြည်မှာ အားအားလျားလျား သွားစုနေတာမဟုတ်မှန်း သိရင်တော်ပြီ) ဘုရားပွင့်တဲ့အချိန်ဆိုတာ ဘယ်တော့မှ ကမ္ဘာမပျက်ဘူး
နောက်တစ်ချက်
တုဿိတာနတ်ပြည်ရဲ့သက်တမ်းက နှစ်ပေါင်း၄၀၀၀ပဲရှိတယ် လူလိုဆို နှစ်ပေါင်း ၅၇ကုဋေ၆သန်းပဲရှိတယ် ကမ္ဘာကြာချိန်နဲ့ နှိုင်းမရအောင်ကွာတယ် ဘယ်ဘုရားလောင်းမှ အဲ့လောက်ကြာအောင်နေမရဘူး သူ့ဟာသူဘုရားလောင်းမကလို့ ဘာဖြစ်နေဖြစ်နေ ၄၀၀၀သက်တမ်းကို တစ်ကမ္ဘာနေလို့ ရကိုမရဘူး စုတိရမယ် ဘုရားဖြစ်မယ် ပရိနိဗ္ဗာန်စံမယ် နုစဉ်အခါဆို တခြားဘုံတွေမှာဖြစ်မယ် ကပ္ပကောလာဟလကာလမှာ ဈာန်ရမယ် ကမ္ဘာပျက်ချိန် မပျက်တဲ့ ဗြဟာဘုံတစ်ဘုံဘုံရောက်နေလိမ့်မယ်
ကမ္ဘာဦးကာလမှာ ပေါ်လာတဲ့ ဗြဟ္မာဘုံကို အထက်ဗြဟ္မာဘုံကဗြဟ္မာရောက်လေ့ရှိတာကို ဘ၀င်မကျဖြစ်နေပုံပဲ ဘ၀င်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ စတုတ္ထဈာန်ဘုံဗြဟ္မာ စုတိချိန်မှာ ပထမဈာန်ဘုံကိုသွားချင်လည်းသွားမှာပဲ သူများပို့ပေးတာမဟုတ်ဘူး သူ့ဈာန်အရသွားတာ ဗကဗြဟ္မာဆိုရင် ဗြဟ္မာဘ၀ဘယ်နှကြိမ်ဖြစ်ခဲ့သလဲ လေ့လာကြည့်ပေါ့
လူသေလူဖြစ်ကိစ္စကလည်း လူသေပြီးလူမဖြစ်ဘူးလို့ငြင်းနေကြတာမဟုတ်ဘူး လူသေပြီးလူပဲဖြစ်ရမယ်ဆိုတာကိုငြင်းတာ လူသေပြီးလူလည်းဖြစ်နိုင်တယ် အပါယ်ဘုံလည်းဖြစ်နိုင်တယ် နတ်ဗြဟ္မာလည်း ဖြစ်နိုင်တယ်
ဗြဟ္မာသေရင်လည်း ဗြဟ္မာလည်းပြန်ဖြစ်နိုင်တယ် လူနတ်လည်းဖြစ်နိုင်တယ် အပါယ်တော့မဖြစ်ဘူး
အဖြေပေးနိုင်တယ်ဆိုတော့ ရွှီးတယ်ဆိုတဲ့စကားပြန်ရုတ်သိမ်းပေါ့ ဗုဒ္ဓဘာသာက ဖန်ဆင်းရှင်ဘာသာလို စိတ်ကူးယဉ် မဟုတ်တော့ရွီးစရာမလိုဘူး ကိုယ်မသိရင်သာအဖြေမတွေ့တာ
ဘုရားလောင်းနတ်သားဆိုတဲ့ကိစ္စ အပေါ်မှာရှင်းခဲ့ပြီ
ညိုသောင်းရဲ့စာအုပ်မှာ အထောက်အထားနဲ့ တတိယဈာန်ဘုံအထိပျက်တယ်ဆိုကတည်းက စတုတ္ထဈာန်ဘုံကြီးကျန်နေတာကိုသဘောမပေါက်တာ တိုင်းသိပြည်သိ စာပေစိစစ်ပြီးမှထုတ်တဲ့စာအုပ်မှားသလားမေးမယ့်အစား ကိုယ့်ကိုယ်ကိုယ် စာရောဖတ်တတ်ရဲ့လားလို့သာ မေးသင့်တော့တယ်။

ဒီပြန်ချေပချက်နဲ့ပက်သက်ပြီးမကြာခင်ပို့တင်ပေးပါဦးမည်..



No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews