Thursday, September 18, 2014

လူသည်မျောက်ကဆင်းသပ်လာသောကြောင့်မျောက်သွေးလူ၌ရှိနေခြင်းလော့



လူသည်မျောက်ကဆင်းသပ်လာသောကြောင့်မျောက်သွေးလူ၌ရှိနေခြင်းလော့…
မျောက်သွေးခေါ်..Rhesus Factor ဟာလူတိုင်းမှာရှိတယ်လို့ကြားသိရပါတယ်..ဆရာဇီဝကအားဖြင့်ပေါ့ဗျာ
ဟုတ်ကဲ့..ဒီသွေးဟာမျောက်မှာရှိတဲ့သွေးနဲ့တူလားလို့မေးချင်တာပါ..ဘာကြောင့်လည်းဆိုရင်..
မျောက်မှာရှိတဲ့သွေးနဲတူတယ်လို့ကျွန်တော်မသိလို့ပါ..ကျွန်တော်သိတာကဒါမျိုးပါ..
သွေးအုပ်စုလေးမျိုးရှိတယ်ပေါ့လေ..A,B,AB –O ဆိုပြီးရှိပါတယ်…အဲ့နောက်တစ်မျိုးကတော့
အခုပြောတဲ့မျောက်သွေးခေါ် Rhesus Factor ဆိုတဲ့သွေးပေါ့..ဒီသွေးကို ၁၉၄၀မှာ Karl Landsteiner
နှင့် Alexander Wiener တို့ကတွေ့ရှိခဲ့တယ်လို့သိရပါတယ်..ဒီသွေးမှာ..+နဲ့-ဆိုတာရှိတယ်ဗျ
သွေးအုပ်စုကိုကြည့်ရင်ဒီသွေးကိုပါထည့်တွက်ကတယ်လို့သိရတယ်..ကျွန်တော်ကအေသွေးဆိုတော့..
ကျွန်တော်သွေးမှာRh - သို့မဟုတ် + ပါလားဘာကြည့်လားမကြည့်လားတော့မသိဘူး..ကျွန်တော်လည်းတခါမှ
သတိမထားမိဘူး..အခုဆရာဇီဝကပြောမှ..ပြန်သတိထားရတော့မယ်..ကျွန်တော့်မိန်းမဘာသွေးလဲတော့မသိဘူး..ဒီသွေးက+နဲ့ - မတူရင် ပြသနာဖြစ်တတ်တယ်…ကလေးမှာပြသနာဖြစ်တတ်တယ်..အထူးသဖြင့်ဒုတိယကလေးပေါ့..ဒီလိုပြသနာစတာပါ..
ကိုယ်ဝန် ဆောင်တဲ့အခါ Rhesus Blood Group မတူညီမူ ပြဿနာတွေ ပေးနိုင် ပါတယ် ။ ဥပမာ ... မိခင်က Rh (-) ၊ ၀မ်းထဲက လွယ်ထားတဲ့ ကလေးလေးက Rh (+) အဖေဆီက Rh (+) သွေးသာ အမွေ ဆက်ခံခဲ့ မယ် ဆိုရင် မိခင်က Rh (-) နဲ့ ကလေးရဲ့ Rh (+) အဆင်မပြေ တာတွေဖြစ်လာပါတယ် ။

လူခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့ ပစ္စည်း တစ်ခု ၀င်လာရင် ခန္ဓာကိုယ်က ပြန်လည် တုန့်ပြန်ပါတယ် ။ ၀င်လာတဲ့ ပစ္စည်းကို Antigen လို့ခေါ်ပါတယ် ။ Antigen ၀င်လာပြီ ဆိုရင် ခန္ဓာကိုယ်က အဲဒီ Antigen ကိုမှတ်ထားပြီး သူ့ကို တိုက်ခိုက်ဖို့ အတွက် ပဋိ ပစ္စည်းတွေ စတင် ထုတ်လုပ် ပါတယ် ။ Antibody လို့ခေါ်ပါတယ် ။ နောက်တခါ အဲလို Antigen တွေ ထပ်ဝင်လာပြီဆိုရင်တော့ ထုတ်လုပ်ထားတဲ့ Antibody နဲ့ ၀င်လာတဲ့ Antigen တွေ ကို တိုက်ခိုက် ဖျက်ဆီး တတ်ကြပါတယ် ။ မိခင်ကိုယ်က ကလေးရဲ့ Rh (+) တွေကို မိမိရဲ့ သွေးအတွင်းမှာ ရန်သူအဖြစ် သတ်မှတ်ပြီး Antibody ထုတ်လုပ် ပါတယ်.. Antibody တွေက ကလေးလေးရဲ့ ခန္ဓာကိုယ်ထဲ ၀င်သွားပြီး Rh (+) သွေးဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီး ပစ်တာပါ ။

ဒီလို ပြဿနာက ပထမသားဦးမှာ ( ပထမ ကိုယ်ဝန်မှာ ) မဖြစ်ပါဘူး ။ ဒုတိယ အကြိမ် ကိုယ်ဝန် ဆောင်တဲ့အခါ ကျမှ မိခင် ခန္ဓာကိုယ် ထဲမှာ အရင် ကိုယ်ဝန် တုန်းက မှတ်ထား ထုတ်လုပ် ထားတဲ့ Antibody တွေက ဒုတိယ တခါမှာ အစွမ်းပြ တော့တာပါ ။

ဒါပေမယ့် အရင်က ကိုယ်ဝန် ပျက်ကျဖူးတာ ၊ သွေးသွင်းဖူးတာ အစရှိတဲ့ Rh (+) နဲ့ Rh (-) သွေး ထိတွေဖူး စေတာ တွေ ရှိခဲ့ရင် မိခင်သွေးမှာ Antibody ရှိနေပြီး ပထမဦးဆုံး ကလေးမှာ ကို ပြဿနာ ဖြစ်တတ် ပါတယ် ။

မိခင်ရဲ့ Antibody တွေက ကလေးလေးရဲ့ သွေးနီဥ မျက်နှာပြင်က Rhesus Antigen တွေကိုတိုက်ခိုက်ပါတယ် ။ ဒီတော့ သွေးနီဥ လေးတွေ ပေါက်ပြီး ပျက်ဆီး သွားပါတယ် ။ မွေးခင်းစ ကလေးလေး တွေမှာ အသားဝါ ပါတယ် ။ သာမန် အသား ၀ါတာမျိုးနဲ့ မတူပဲ ဆိုးဝါး ပြင်းထန် ပါတယ် ။ အလင်းရောင် ပေးတာ ( Phototherapy) အပြင် ထိထိ ရောက်ရောက် ကြပ်မတ် ကုသဖို့လဲ လိုအပ် ပါတယ် ။ လိုအပ်ရင် ကလေးလေး ကိုယ်ထဲက သွေးတွေကို လဲလည်ပြီး (Exchange Blood Transfusion ) ကုသဖို့ လိုအပ် ပါတယ် ။ ဒါမှသာ တသက်လုံး ဉာဏ်ရည် မမှီတာတွေ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို ကာကွယ် တားဆီး နိုင်မှာ ဖြစ်ပါတယ် ။ 

အခု တိုးတက် လာတဲ့ ခေတ် မှာတော့ Rh ပြသနာမျိုးကို ကြိုတင် ကာကွယ်နိုင်ပါပြီ ။ မိခင် ကိုယ်ဝန်ဆောင် တွေကို ကိုယ်ဝန်ဆောင် နေချိန် အတွင်းမှာနဲ့ မွေးဖွားခါနီးမှာ RhoGAM လို့ ခေါ်တဲ့ Rho(D) immune globulin ထိုးပြီး ကာကွယ်နိုင်ပါပြီ ။
Rh(-)ကနည်းပါတယ်..အများက..(+)ပါ..သိချင်တာက..မျောက်မှာရှိတဲ့သွေးက(+)လား(-)လား
လူထည်းကိုထည့်လို့ရလား…ခန္ဓာရဲ့လုပ်ဆောင်မှုဟာအရမ်းကိုအရမ်းကို..သူဟာသူဖြစ်လာတယ်ဆိုတာကိုကျွန်တော်လက်မခံနိုင်လောက်အောင်..အထူးစနစ်ကြလွန်းတဲ့လုပ်ဆောင်ချက်တွေရှိနေတယ်ဗျ..
ကဲ့ဆရာဇိဝက..နဲ့..မျောက်ကနေလူဖြစ်လာတယ်ဆိုတာယုံတဲ့..ဖန်ဆင်းရှင်ဆန့်ကြင်ရေးသမားများဖြေပေးကြပါဗျာ..ဒါကို..အခြေတည်ပြီးဆွေးနွေးကြရအောင်..Gene မျိုးရိုးဗီဇတွေပါ..ထည့်ပေါ့ဗျာ



လူသည်မျောက်ကဆင်းသပ်လာသောကြောင့်မျောက်သွေးလူ၌ရှိနေခြင်းလော့…
မျောက်သွေးခေါ်..Rhesus Factor ဟာလူတိုင်းမှာရှိတယ်လို့ကြားသိရပါတယ်..ဆရာဇီဝကအားဖြင့်ပေါ့ဗျာ
ဟုတ်ကဲ့..ဒီသွေးဟာမျောက်မှာရှိတဲ့သွေးနဲ့တူလားလို့မေးချင်တာပါ..ဘာကြောင့်လည်းဆိုရင်..
မျောက်မှာရှိတဲ့သွေးနဲတူတယ်လို့ကျွန်တော်မသိလို့ပါ..ကျွန်တော်သိတာကဒါမျိုးပါ..
သွေးအုပ်စုလေးမျိုးရှိတယ်ပေါ့လေ..A,B,AB –O ဆိုပြီးရှိပါတယ်…အဲ့နောက်တစ်မျိုးကတော့
အခုပြောတဲ့မျောက်သွေးခေါ် Rhesus Factor ဆိုတဲ့သွေးပေါ့..ဒီသွေးကို ၁၉၄၀မှာ Karl Landsteiner
နှင့် Alexander Wiener တို့ကတွေ့ရှိခဲ့တယ်လို့သိရပါတယ်..ဒီသွေးမှာ..+နဲ့-ဆိုတာရှိတယ်ဗျ
သွေးအုပ်စုကိုကြည့်ရင်ဒီသွေးကိုပါထည့်တွက်ကတယ်လို့သိရတယ်




..ကျွန်တော်ကအေသွေးဆိုတော့..
ကျွန်တော်သွေးမှာRh - သို့မဟုတ် + ပါလားဘာကြည့်လားမကြည့်လားတော့မသိဘူး..ကျွန်တော်လည်းတခါမှ
သတိမထားမိဘူး..အခုဆရာဇီဝကပြောမှ..ပြန်သတိထားရတော့မယ်..ကျွန်တော့်မိန်းမဘာသွေးလဲတော့မသိဘူး..ဒီသွေးက+နဲ့ - မတူရင် ပြသနာဖြစ်တတ်တယ်…ကလေးမှာပြသနာဖြစ်တတ်တယ်..အထူးသဖြင့်ဒုတိယကလေးပေါ့..ဒီလိုပြသနာစတာပါ..
ကိုယ်ဝန် ဆောင်တဲ့အခါ Rhesus Blood Group မတူညီမူ ပြဿနာတွေ ပေးနိုင် ပါတယ် ။ ဥပမာ ... မိခင်က Rh (-) ၊ ၀မ်းထဲက လွယ်ထားတဲ့ ကလေးလေးက Rh (+) အဖေဆီက Rh (+) သွေးသာ အမွေ ဆက်ခံခဲ့ မယ် ဆိုရင် မိခင်က Rh (-) နဲ့ ကလေးရဲ့ Rh (+) အဆင်မပြေ တာတွေဖြစ်လာပါတယ် ။
လူခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့ ပစ္စည်း တစ်ခု ၀င်လာရင် ခန္ဓာကိုယ်က ပြန်လည် တုန့်ပြန်ပါတယ် ။ ၀င်လာတဲ့ ပစ္စည်းကို Antigen လို့ခေါ်ပါတယ် ။ Antigen ၀င်လာပြီ ဆိုရင် ခန္ဓာကိုယ်က အဲဒီ Antigen ကိုမှတ်ထားပြီး သူ့ကို တိုက်ခိုက်ဖို့ အတွက် ပဋိ ပစ္စည်းတွေ စတင် ထုတ်လုပ် ပါတယ် ။ Antibody လို့ခေါ်ပါတယ် ။ နောက်တခါ အဲလို Antigen တွေ ထပ်ဝင်လာပြီဆိုရင်တော့ ထုတ်လုပ်ထားတဲ့ Antibody နဲ့ ၀င်လာတဲ့ Antigen တွေ ကို တိုက်ခိုက် ဖျက်ဆီး တတ်ကြပါတယ် ။ မိခင်ကိုယ်က ကလေးရဲ့ Rh (+) တွေကို မိမိရဲ့ သွေးအတွင်းမှာ ရန်သူအဖြစ် သတ်မှတ်ပြီး Antibody ထုတ်လုပ် ပါတယ်.. Antibody တွေက ကလေးလေးရဲ့ ခန္ဓာကိုယ်ထဲ ၀င်သွားပြီး Rh (+) သွေးဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီး ပစ်တာပါ ။
ဒီလို ပြဿနာက ပထမသားဦးမှာ ( ပထမ ကိုယ်ဝန်မှာ ) မဖြစ်ပါဘူး ။ ဒုတိယ အကြိမ် ကိုယ်ဝန် ဆောင်တဲ့အခါ ကျမှ မိခင် ခန္ဓာကိုယ် ထဲမှာ အရင် ကိုယ်ဝန် တုန်းက မှတ်ထား ထုတ်လုပ် ထားတဲ့ Antibody တွေက ဒုတိယ တခါမှာ အစွမ်းပြ တော့တာပါ ။
ဒါပေမယ့် အရင်က ကိုယ်ဝန် ပျက်ကျဖူးတာ ၊ သွေးသွင်းဖူးတာ အစရှိတဲ့ Rh (+) နဲ့ Rh (-) သွေး ထိတွေဖူး စေတာ တွေ ရှိခဲ့ရင် မိခင်သွေးမှာ Antibody ရှိနေပြီး ပထမဦးဆုံး ကလေးမှာ ကို ပြဿနာ ဖြစ်တတ် ပါတယ် ။
မိခင်ရဲ့ Antibody တွေက ကလေးလေးရဲ့ သွေးနီဥ မျက်နှာပြင်က Rhesus Antigen တွေကိုတိုက်ခိုက်ပါတယ် ။ ဒီတော့ သွေးနီဥ လေးတွေ ပေါက်ပြီး ပျက်ဆီး သွားပါတယ် ။ မွေးခင်းစ ကလေးလေး တွေမှာ အသားဝါ ပါတယ် ။ သာမန် အသား ၀ါတာမျိုးနဲ့ မတူပဲ ဆိုးဝါး ပြင်းထန် ပါတယ် ။ အလင်းရောင် ပေးတာ ( Phototherapy) အပြင် ထိထိ ရောက်ရောက် ကြပ်မတ် ကုသဖို့လဲ လိုအပ် ပါတယ် ။ လိုအပ်ရင် ကလေးလေး ကိုယ်ထဲက သွေးတွေကို လဲလည်ပြီး (Exchange Blood Transfusion ) ကုသဖို့ လိုအပ် ပါတယ် ။ ဒါမှသာ တသက်လုံး ဉာဏ်ရည် မမှီတာတွေ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို ကာကွယ် တားဆီး နိုင်မှာ ဖြစ်ပါတယ် ။
အခု တိုးတက် လာတဲ့ ခေတ် မှာတော့ Rh ပြသနာမျိုးကို ကြိုတင် ကာကွယ်နိုင်ပါပြီ ။ မိခင် ကိုယ်ဝန်ဆောင် တွေကို ကိုယ်ဝန်ဆောင် နေချိန် အတွင်းမှာနဲ့ မွေးဖွားခါနီးမှာ RhoGAM လို့ ခေါ်တဲ့ Rho(D) immune globulin ထိုးပြီး ကာကွယ်နိုင်ပါပြီ ။
Rh(-)ကနည်းပါတယ်..အများက..(+)ပါ..သိချင်တာက..မျောက်မှာရှိတဲ့သွေးက(+)လား(-)လား
လူထည်းကိုထည့်လို့ရလား…ခန္ဓာရဲ့လုပ်ဆောင်မှုဟာအရမ်းကိုအရမ်းကို..သူဟာသူဖြစ်လာတယ်ဆိုတာကိုကျွန်တော်လက်မခံနိုင်လောက်အောင်..အထူးစနစ်ကြလွန်းတဲ့လုပ်ဆောင်ချက်တွေရှိနေတယ်ဗျ..
ကဲ့ဆရာဇိဝက..နဲ့..မျောက်ကနေလူဖြစ်လာတယ်ဆိုတာယုံတဲ့..ဖန်ဆင်းရှင်ဆန့်ကြင်ရေးသမားများဖြေပေးကြပါဗျာ..ဒါကို..အခြေတည်ပြီးဆွေးနွေးကြရအောင်..Gene မျိုးရိုးဗီဇတွေပါ..ထည့်ပေါ့ဗျာ
  • Thet Naing Maung လူက မြောက်က ဖြစ်စရာလား ၊ လူဆိုတာ လူကျား လူမ ၂ခု ပေါင်းမှ လူဖြစ်တယ်။
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး မဖြစ်နိုင်ပါဘူး တချို့တွေကလူကနှေမြောက်ဆိုတာလက်ခံနေကြတယ် တခြားစီပဲမြောက်နဲ့လူနဲ့၁
  • Ye Myint Soe ဘာလဲဟ topic နဲ့ တခြားစီ
  • Soo Deepp ကိုမီလျံမော်ပြောသလို ဆွေးနွေးရမယ်ဆိုရင်တော့ evolution theory ကိုအသေးစိတ်လိုက်ဖတ်ပြီး သိပံ္ပပညာရှင်တစ်ယောက်လို ဖြေလိုက်မှ အကောင်းဆုံးအဖြေရနိုင်မယ်။ DNA ပိုင်းလေ့လာလိုက်ရင် ဖြေလို့ရနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့ထင်ပါတယ်။ သဘာဝမှာ ဆန်းကြယ်တာတွေအများကြီးပါ။ ကိုယ်မလေ့လာဖူးရင် မဖြစ်နိုင်ဘူးလို့ ပြောချင်စရာတွေ အများကြီးရှိတယ်။ ဥပမာ လိပ်ပြာတစ်ကောင်ရဲ့ မူလအစ အကောင်က ဘယ်လိုကောင်လဲ အားလုံးသိမှာပါ။ မလေ့လာဖူးတဲ့သူကိုပြောရင်တော့ ယုံနိုင်ဖွယ်မရှိဘူး။ နောက်ပြီး ဖား။ မွေးမွေးချင်းဘယ်လိုပုံစံဆိုတာသိမှာပါ။ မွေးစမှာ ခြေထောက်ရော လက်ရောမပါပါဘူး။ ဒါ လက်ရှိမြင်နိုင်တဲ့ evolution process လို့ပြောလို့ရနိုင်ပါတယ်။ မျောက်ကနေလူကျတော့ လက်ရှိမမြင်နိုင်တော့ မယုံနိုင်စရာဖြစ်နေတာပဲ။ ကမ္ဘာကြီးသက်တမ်း နစ်သန်းပေါင်းများစွာကြာတယ်ဆိုတာကို လက်မခံရင် evolution process ကိုပြောဖို့က ပိုပြီး အလှမ်းဝေးသွားမှာပါ။ ပထမ ကမ္ဘာကြီးရဲ့ သက်တမ်းနစ်သန်းပေါင်းများစွာရှိနေပြီဆိုတာ လက်ခံမှရပါမယ်။ ပြီးမှ အဲဒါကို လက်ခံပြီးမှ evolution ကို ရှင်းပြမှရမှာပါ။ evolution က နစ်သန်းပေါင်းများစွာ အခြေခံပြီးမှ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာပါ။ ကျွန်တော့် အမြင်ကတော့ ကမ္ဘာကြီးရဲ့ သက်တမ်းမပြောနဲ့။ ကမ္ဘာကြီးစဖြစ်လာပြီး သက်ရှိသတ္တဝါတွေဖြစ်လာဖို့ကို နစ်ပေါင်း ၆၀၀၀ ထက်တော့ သေချာပေါက် ပိုကြာပါလိမ့်မယ်။
  • Leomor Jocker  ...ကံတွေပေါ့ဂျာ:-)
  • Kha Lay blood group နဲ့ ဟုတ်တယ် အဲ့ဒါ ပါတယ်
  • Nagato Paing Htat Evolution ကို အားလုံး မယုံဖူး အထူးသဖြင့် လူကမျောက်က ဖြစ်လာတယ် ဆိုတာ မယုံဖူး အဲလိုသာ ဖြစ်လာရင် ခုချိန် မျောက်ဆိုတာတောင် ရှိမှာ မဟုတ်ဖူး
  • သိဒ္ဓိဝင် ဇီဝက အင်း မျိုးရင်း နဲ့ မျိုးကွဲ ကို အရင် နားလည်ဖို့လိုတယ်

    ဥပမာ ကြောင်မျိုးရင်း
    မျိုးကွဲမှာ
    ကြောင်ကြီးမျိုး ဆိုရင် ကျား ကျားသစ် ခြင်္သေ့
    ကြောင်ငယ်မျိုးမှာ တောကြောင် အိမ်မွေးကြောင် စသဖြင့်ပေါ့

    လူဆိုတာလဲ
    နို့တိုက်သတ္တဝါ အုပ်စု
    ခြေ ၂ ချောင်း နဲ့ လမ်းလျှောက်တဲ့ အမျိုးထဲ က အသိဉာဏ်အမြင့်ဆုံး သတ္တဝါကိုခေါ်တယ်

    လူဖြစ်လာတဲ့ မျိုးရင်း မှာ
    မျောက် မျောက်ဝံ လူဝံ စတဲ့ သတ္တဝါတွေပါတဟ်
  • သိဒ္ဓိဝင် ဇီဝက Evolution ကို နည်းနည်းမှ မသိလို့ မယုံဘူးပြောနေကြတာပါ
    ကျွန်တော်လဲ အစအဆုံးတော့ ပြောမပြနိုင်ဘူး
  • Million Maw ဒါဆို..ဆရာဇီဝက..က..သိပ္ပံမူးတင်လို..evolution ကိုလက်ခံတဲ့..ဗုဓဘာသာလား
  • Million Maw ဗြဟ္မာကြောင့်လူဖြစ်တာမဟုတ်..မျောက်ကလူဖြစ်ကိုယုံတဲ့ဗုဓဘာသာပေါ့
  • Htay Naing လူသာ မျောက်ကဆင်းသက်လာတာ မှန်ရင်တော့ ဘာသာတရားအားလုံးပျက်ပါပြီး ၊ ကမ္ဘာကြီးပျက်ပြီးနောက် ဗြဟ္မာတို့သည် မျောက်ကစဖြစ်တယ်ဆိုတာကို ဗုဒ္ဒဘာသာအရ လက်မခံနိုင်ပါ။
  • သိဒ္ဓိဝင် ဇီဝက Evolution ကို လက်ခံတယ်
    လူက မျောက် ကနေ လုံးလုံးလျားလျားပြောင်းလဲ လာတယ် ဆိုတဲ့ အဆိုကို မဟုတ်ဘူး

    ဖြစ်ပျက်တဲ့ အစီစဉ်တွေ က လူတွေ လိုအပ်သလို ပြောင်းလဲ ပေးနေရတယ် ဆိုတဲ့ ခန္ဓာဗေဒ ဇီဝကမ္မဗေဒ တွေ ကို လေ့လာရင်း လက်ခံနိုင်ခဲ့တယ်

    ဒါဝင် က လဲ လူဆိုတာ မျောက်မျိုးရင်း တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုပါလို့ပြောတာကို

    နားလည်မှုလွဲကြတာသာဖြစ်တယ်
  • Nagato Paing Htat Evolution က အကောင်အားလုံး အတွက် မမှန်ဖူး သိသလောက် ခြင်တို့ ပိုးဟပ်တို့မှာ ဘာ evolution မှ လောက်လောက်လားလား မတွေ့ရဖူးတဲ့
  • Million Mawတရုပ်ကမျက်လုံးမှေးတယ်..ဖြတ်သန်းလာရာတရှောက်က..သဲကန္တာရနှစ်ပေါင်းကြာခဲ့လို့ဒေသပေါ်လိုက်ပြီးပြောင်းတယ်..မျောက်မျိုးကွဲလေးလုပ်ပါအုံးဆရာဇီဝက
  • သိဒ္ဓိဝင် ဇီဝက Rh ဆိုတာ သွေးအုပ်စု မဟုတ်ပါဘူး
    လွှမ်းမိုးတဲ့ Factoer တစ်ခုသာဖြစ်တယ်

    သွေးအုပ်စုတိုင်းမှာ Rh ရှိတယ်
    သူ့ရဲ့ အပြုအမူ က မျောက်ရဲ့သွေးနဲ့တူလို့ မြန်မာလို မျောက်သွေးလို့ ဘာသာပြန်ခဲ့ကြတယ်

    Rh ဆိုတာ မျောက်မှာ ကျတော့ အဓိက သွေးဖြစ်သွားမှာပေါ့

    Rh +ve ဆိုရင် အဲ factor က ရှိတာပေါ့
    Rh -ve ဆိုရင် အဲ factor မရှိဘူးပေါ့

    အပေါ်ပိုစ့်ထဲ က ဟာတွေ က မှန်ပါတယ်

    Rh -ve သမား ဟာ Rh +ve နဲ့ အိမ်ထောင်ပြုရင် မွေးလာတဲ့ ကလေးတွေဟာ Rh +ve တွေ ဖြစ်ကုန်ပါလိမ့်မယ်

    Genetic သဘောတရားအရပေါ့

    သွေးအုပ်စု က အမျိုး ၇၀ ကျော် ထိ ခွဲလို့ရပါတယ်
  • Leomor Jocker ပိုးဟပ်ကပြောင်းပါတယ်။ဒိုင်နိုဆောတွေထက်တောင်စောသေးဆိုပဲ။:-)
  • သိဒ္ဓိဝင် ဇီဝက မျောက်မျိုးကွဲ တွေ က အများကြီးဗျ
    လူ က အသိဉာဏ်အမြင့်ဆုံး မျိုးကွဲ အဖြစ် သတ္တဗေဒ ပညာရှင်တွေ သတ်မှတ်ထားတယ်

    Biology မှာ လူကို Animal စာရင်းထဲ ထည့်တယ်
    Animal နဲ့ Plant ပဲ ခွဲတာကိုး

    ဗုဒ္ဓ တရားမှာလဲ အပင် နဲ့ သတ္တဝါ ခွဲသလိုပေါ့

    အကြမ်းဖျင်းပြောတာနော်

    သတ္တဝါ ဆိုရင် လူကစ တိရစ္ဆာန်ထိပါသလို

    အပင်ဆိုလဲ ရေညှိကစ ပင်မြင့်တွေထိ အကြုံးဝင်တယ်
  • Million Maw အဓိပ္ပါယ်က..(-)ဆိုမျောက်သွေးမဟုတ်ဘူးပေါ့..ဒါဆိုလူတိုင်က..မျောက်နဲ့မသက်ဆိုင်ဘူးပေါ့ဒီလိုသုံးသပ်နိုင်မလား
  • Nagato Paing Htat ဒါပေမယ့် တိရစ္ဆာန်မှာ insight မရှိဖူးဗျ လူမှာသာ insight ရှိတယ်
  • သိဒ္ဓိဝင် ဇီဝက ဟုတ်ကဲ့ သုံးသပ်နိုင်တယ်
    Insight ဆိုတာ ဘာက်ု ဆိုလိုတာလဲ
  • Nagato Paing Htat Insight: the ability to understand people and situations in a very clear way
    : an understanding of the true nature of something
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး မြောက်ကနေလူဖြစ်တာ ဆို၇င် မြောက်ကဘယ်လိုဖြစ်လာတာလဲနောက်ပြီးလူတွေမြောက်လိုနေနိုင်၇ဲ့လား
  • သိဒ္ဓိဝင် ဇီဝက အဲဒါ တိရစ္ဆာန်တွေ မှာ မရှိတဲ့ အကြောင်း သေချာလား
  • သိဒ္ဓိဝင် ဇီဝက မြောက် အရပ်မှာတော့ လူတွေနေတယ်ဗျ
    ကွန်မန့်နဲ့ ပိုစ့်ကို သေချာဖတ်ပါ မအဆိပ်သင့်ရေ

    ကျမ်းစာအုပ်ကြီး လာမထိုးပေးသေးနဲ့နော
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး လူနဲ့ Animal နဲ့ကွာတာ ကိုသိကြမှာပါ။ လူမှာ အမှားအမှန်အကောင်းအဆိုးခွဲခြားနိုင်တဲ့ညာဏ် ဘု၇ားဆိုတာကိုသိတဲ့ညာဏ် Animal က အဲဒါတွေမသိဘူး ဒါပေမဲ့လူကသင်ပေး၇င်တချို့သောအ၇ာတွေရလိမ့မယ်၊
  • သိဒ္ဓိဝင် ဇီဝက အဲ ဉာဏ်ရလို့ သေရတာဆို
    ခုမှ ဂုဏ်ဖော်ပျော်နေလား
  • သိဒ္ဓိဝင် ဇီဝက မပါသေးနဲ့လို့ပြောထားတာ
    နို့မို့ အကြိုက် ကိုးကားလွန်းလို့
  • Million Maw Insight ဆိုတာ..ထိုးထွင်းသိမြင်နိုင်တဲ့ဥာဏ်
  • Nagato Paing Htat  နှစ် ၁၀၀၀ အတွင်း လူတွေရဲ့ လူနေမှု အများကြီး မြင့်မားသွားတယ် တိရစ္ဆာန်တွေဘ၀က ဒီအတိုင်းပဲ ဘာမှ တီထွင်နိုင်မှု တိုးတက်မှု ရှိမလာပါဖူး trainable အဆင့်မှာသာ ရှိပါတယ် educable အဆင့် တက်မလာဖူးလေ.
  • Million Mawမြန်မာလိုပါ..တခါထည်းဘာသာပြန်ထည့်ပါဟ..တခြား..လူတွေလည်းဖက်နေတယ်..နဂ..ရဲ့
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေးလူတယောက်အနေနဲ့လက်မခံနိုင်လို့ပြောပြနေတာ ဇီဝကမြောက်နဲ့သွားနေနိုင်လား?? မြောက်လိုစားနိုင်အိပ်စက်နိုင်လား
  • သိဒ္ဓိဝင် ဇီဝက တိရစ္ဆာန်တွေ မှာ Insight ဆိုတာ ရှိတယ်
    ဒါပေမဲ့ သူ့ အဆင့်နဲ့ သူပဲရှိတယ်

    ရှောလမုန် ငါးတို့ရဲ့ အိမ်အပြန်ခရီး လို

    ဆင်တွေရဲ့ အန္တရာယ်သိနိုင်စွမ်း
    တိရစ္ဆာန် အားလုံး မှာ သဘာဝဘေးအန္တရာယ် သိနိုင်စွမ်းတွေရှိကြတယ်

    လူ့ ဦးဏှောက်လို ဖွဲ့စည်းပုံ မကောင်းလို့ မတိုးတက်ခြင်းသာ ဖြစ်တယ်
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး မြောက်ကအစ လူဆို၇င် မြောက်ကဘာလို့လူစကားမတက်ရတာလဲမြောက်ကစ၇င်သူကစကားတတ်၇မယ်လေ
  • သိဒ္ဓိဝင် ဇီဝက တောင်ကြီးမြို့ မြောက်ဖက်မှာနေပါတယ်
    မြောက်ဖက်မှာ အိပ်ပါတယ်
    အလုပ်လုပ်တော့လဲ မြောက်ဖက်က ဆေးရုံ မှာ လုပ်ပါတယ်

    ဘယ်လို အဓိပ္ပါယ်ပေါက်တုန်းး စဉ်းစားပါ ကိုယ့်စာကိုယ်
  • သိဒ္ဓိဝင် ဇီဝက မအဆိပ်သင့် က ထင်ရာ လျှောက်ပြောနေတာပဲ
    အပေါ်က စာတွေကို နားလည်နိုင်စွမ်းမရှိဘူးနဲ့တူတယ်
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး ဒါပဲအဖြေက ဒီလိုဥပမာနဲ့ပြောတော့လက်မခံနိုင်ဘူးပေါ့  လူနဲ့မြောက်နဲ့မဆိုင်ေ၇းချမဆိုင်ပါ။
  • Million Mawသဘာဝဘေးဒဏ်ဖြစ်တော့မယ်ဆိုရင်..မြေအောင်းတရိစာန်တွေအရင်သိတယ်...ငါးတွေအိမ်ပြန်ခရီဝေးသိတယ်..ဝေလငါးသီချင်းဆိုနေရာကနေရပ်ပြီနောက်နှစ်..ဒီသံစဉ်ကနေပြန်စဆိုနိုင်တယ်..ဒါတွေက..ထိုးထွင်းဥာဏ်လို့ခေါ်ရမလညး
  • Nagato Paing Htat ဒါက insight မဟုတ်ပါ instinct ပါ ဗီဇဥာဏ်ပါ ပုရွက်ဆိတ်တွေ မိုးရွာမှာ ကြိုသိတာ မျိုးတွေဟာ instinct ပါ evolution အရဆို amphibian age, jurassic age တွေ ဖြတ်ပြီးမှ mammalian age ရောက်တယ် ဆိုပါတော့ အာ့ဆို ပုတ်သင်ညိုတွေ မိချောင်းတွေက evolution ဖြစ်ဖို့ အချိန် ပိုရပါတယ် ဘာကြောင့် သူတို့ရဲ့ evolution က ထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့ထိ မမြင့်လာတာလည်း မသိဖူးနော် 
  • သိဒ္ဓိဝင် ဇီဝက ဒါဆို သံလိုက်အိမ်မြှောင် တွေ လွှင့်ပစ်လိုက်တော့နော်
    ကိုယ်ရေးတဲ့စာ ကိုယ့်ဖာသာပြန်ကြည့်ဦး

    ဟုတ်တယ် ကို မီလျံမော်
    အဲဒါ ကို Insight ဆိုပီး Biology မှာ တစ်ခန်းသပ်သပ်သင်တယ်
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး ဟယ် ဒါဆို မြောက်ကစခဲ့တဲ့ မြောက်တွေကဘု၇ားကိုသိပြီးမြောက်တွေကဘု၇ားကိုမသိပါ့လား
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေး မြောက်မဟုတ်တော့ နားမလည်နိုင်ပါဘူးကွယ် 
  • Million Maw ဒါလေး..ပြောပါ.insight အဖြစ်လား..နဂပြောသလို..instinctလား..ခွဲပြပါဦးဆရာဇီဝကရဲ့..
  • သိဒ္ဓိဝင် ဇီဝက သူ့အအဆင့် နဲ့ သူ အကန့်အသတ်နဲ့တော့ မြင့်လာပါတယ်
    ထိုးထွင်းသိတဲ့ ဉာဏ် လူလောက် မမြင့်လာပေမဲ့ မရှိဘူးဆိုရင် ရှင်သန်နိုင်မယ် မဟုတ်ဘူး

    မွေးရာပါအသိ Instinct နဲ့ ကျွန်တော် ကွဲပြားပါတယ်
  • သိဒ္ဓိဝင် ဇီဝက မအဆိပ်သင့်ရေ
    ကိုယ်ရေးတဲ့ စာကို လေ့လာပီး စဉ်းစားဦးနော်

    ပိုစ့်နဲ့ ဘယ်ထိလွဲသွားလဲ ဆိုတာ
    စာလုံးအရေးအသားပြောင်းလိုက်ရင် ကျွန်တော် က ဖြေပေးမှာ

    ကွန်မန့်တွေ ဖတ်တတ်တဲ့ ဉာဏ်ရှိရင်လဲ မေးစရာမလိုတဲ့ မေးခွန်းတွေ
  • Million Mawဒီတော့..အဆင့်တပ်ဖို့ဘယ်လောက်အချိန်လိာမယ်လို့ထင်ပါသလဲ..ဆင့်ကဲသဘောအရ
  • သိဒ္ဓိဝင် ဇီဝက တက်ချင်လဲ တက်မယ်
    တက်ချင်မှလဲ တက်မယ်

    သူ့အနေနဲ့ ခုလက်ရှိအခြေနေမှာ အဆင်ပြေနေရင် မတက်ဘူး

    ဆင့်ကဲ သဘောဆိုတာ အချိန်ကို အဓိက အခြေခံတာ မဟုတ်ဘဲ ရုန်းကန်ရတဲ့ အခြေနေကို အခြေခံပါတယ်

    ရုန်းကန်ပီး လိုက်လျောညီထွေ ပြောင်းလဲနေထိုင်ရင်းကနေ ဆင့်ကဲ သဘောတရားတွေ ဖြစ်လာတာပါ
  • ဆူးနှင်းဆီဥယျာဉ်ထဲက အဆိပ်သင့် မင်းသမီးလေးမေးစရာလိုလို့မေးနေတာလေအလုလူတွေက
  • Million Mawဆင့်ကဲအရသိတဲ့အတုင်းဘဲ..ရေထဲက..ဓါတ်..ဘာဓါတ်လည်းမခေါ်တတ်တော့ဘူး..ဒီလိုနဲ့..မှော်လိုပေါ့..ထိုမှ..ဥလေးလိုပေါ့..ထိုမှ..မျက်လုံးလေး..ဖာတစ်ပိုင်းငါးတစ်ပိုင်းလိုပေါ့..ထိုမှာကုန်းနေရေနေ..ပေါ့..ကုန်းနေရေနေကနေ..ကုန်းနေပေါ့..ကုန်းနေကနေ..မျေက်နေပေါ့..မျောက်ကနေလူနေပေါ့..သစ်ပင်နဲ့အခြားတရိစညန်တွေကြကော
  • သိဒ္ဓိဝင် ဇီဝက ရှေ့ကလူတွေ က ပြည့်စုံအောင် မေးထားပီးသား
    ကျွန်တော်လဲ ဖြေသင့်သလောက် ဖြေထားတဲ့ မေးခွန်းတွေ ပြန်ပြန်ကျော့နေတာ အဆင်မပြေပါ
  • Million Maw မဖြေသေးပါဘူး..ကျွန်တော်ဖက်နေတာဘဲ
  • သိဒ္ဓိဝင် ဇီဝက ဟုတ်ဖူး
    အဲဒါကသီအိုရိ 
    Evolution မှာ Theory ရှိတယ်
    အဲသီအိုရီ က တော့ ကို မီလျံမော် ပြောတဲ့အတိုင်းမှန်တယ်

    နောက်တစ်ခု Practical သူကျတော့ Theory နဲ့ တိုက်တယ်
    မဖြစ်နိုင်တာ ပယ်တယ်

    အဲဒီမှာ Theory က အပြည့်အဝ မမှန်တာကို တွေ့လာရတယ်

    ဒါကြောင့် Theory ကို အသေကိုင်ဆုပ်လို့ မရဘူးဆိုတာ ဖြစ်လာတယ်

    နောက်ပီးတော့ ခုနပြောတဲ့ အချိန်နဲ့ ရုန်းကန်ရတဲ့ အနေအထား စတဲ့ အကြောင်းအချက်တွေ အများကြီးထပ်ပေါင်းလာတယ်
  • သိဒ္ဓိဝင် ဇီဝက ဖြေထားတယ်လေ
    လူကို မျောက်ကဆင်းသက်တယ် ခေါ်တာ ဘာလို့လဲ ဆိုတာ
  • သိဒ္ဓိဝင် ဇီဝက မလုံလောက်တဲ့ အဖြေဆို ရင် အဖြေကို ဒဲ့ထောက်ပီး ပြန်မေးသင့်တယ်

    ဖြေတယ် ဆိုပေမဲ့ ကျွန်တော် က ခင်ဗျားတို့ ဘဟ်နေရာ ကို မကျေလည်လဲ မသိနိုင်ဘူးလေ
  • သိဒ္ဓိဝင် ဇီဝက စာကို လဲ သေချာ ဖတ်တတ်အောင် ဖတ်စေချင်တယ်လေ
    ကျွန်တော် က အတိအကျ ဖြေသင့်သလောက် ရေးထားတယ်
    အလုံးတိုင်းမှာ လိုအပ်တာပဲပါတယ်
  • Million Maw မျောက်မျိုးကွဲ တွေ က အများကြီးဗျ
    လူ က အသိဉာဏ်အမြင့်ဆုံး မျိုးကွဲ အဖြစ် သတ္တဗေဒ ပညာရှင်တွေ သတ်မှတ်ထားတယ်

    Biology မှာ လူကို Animal စာရင်းထဲ ထည့်တယ်
    Animal နဲ့ Plant ပဲ ခွဲတာကိုး

    ဗုဒ္ဓ တရားမှာလဲ အပင် နဲ့ သတ္တဝါ ခွဲသလိုပေါ့

    အကြမ်းဖျင်းပြောတာနော်

    သတ္တဝါ ဆိုရင် လူကစ တိရစ္ဆာန်ထိပါသလို

    အပင်ဆိုလဲ ရေညှိကစ ပင်မြင့်တွေထိ အကြုံးဝင်တယ်
  • Million Maw ဒါကိုပြောတာလား
  • သိဒ္ဓိဝင် ဇီဝက ထပ်ရှိသေးတယ်လေ
    အများကြီးပဲ

    အဲဒါလဲ အဖြေတစ်ခုထဲမှာပါတယ်
  • Nagato Paing Htat http://en.m.wikipedia.org/wiki/Instinct
    အဲမှာသာ ဖတ်ကြည့်ပါ instinct ဆိုတာ ဘာလဲလို့


    en.wikipedia.org
    Instinct or innate behavior is the inherent inclination of a living organism tow...See More
  • Million Maw အင်း မျိုးရင်း နဲ့ မျိုးကွဲ ကို အရင် နားလည်ဖို့လိုတယ်

    ဥပမာ ကြောင်မျိုးရင်း
    မျိုးကွဲမှာ
    ကြောင်ကြီးမျိုး ဆိုရင် ကျား ကျားသစ် ခြင်္သေ့
    ကြောင်ငယ်မျိုးမှာ တောကြောင် အိမ်မွေးကြောင် စသဖြင့်ပေါ့

    လူဆိုတာလဲ
    နို့တိုက်သတ္တဝါ အုပ်စု
    ခြေ ၂ ချောင်း နဲ့ လမ်းလျှောက်တဲ့ အမျိုးထဲ က အသိဉာဏ်အမြင့်ဆုံး သတ္တဝါကိုခေါ်တယ်

    လူဖြစ်လာတဲ့ မျိုးရင်း မှာ
    မျောက် မျောက်ဝံ လူဝံ စတဲ့ သတ္တဝါတွေပါတဟ်
  • Million Maw ဒါလား
  • Million Maw ကျွန်တော်သိချင်တာမပါသေးဘူး
  • သိဒ္ဓိဝင် ဇီဝက သိချင်တာ က ဘာလဲ
  • Million Mawတနေ့အဘသိပ္ပံမူးတင်နဲ့..ကမ်းနားတစ်ခုမှာသူက..ငါးဖျံတွေသူတိုဲ့ာ့ရေရက်ကိုထောက်ပြီကုန်းပေါ်တတ်ကစားနေတာကိုထိုးပြပြီး..သူတို့..ကုန်ပေါ်တတ်ချင်စိတ်ကြောင့်..ရေရက်နဲ့ကုန်းပေါ်မှာတတ်လာလို့ရတာ..ဒီထပ်စိတ်ပြင်းထန်မှုရှိမယ်ဆို..ရေရက်ကခြေလက်ပြောင်းသွားမယ်..
  • Million Maw သူတို့ပြောင်းလဲဖို့..တွန်းအားလိုတယ့်သဘောဘဲ..
  • သိဒ္ဓိဝင် ဇီဝက ဟုတ်တယ် ရုန်းကန်ရခြင်း
    Struggle ပေါ့
  • Million Maw ရုန်းကန်ချင်စိတ်ကိုပေးဖို့တခုသောတွန်းအားလိုရမယ်..
  • သိဒ္ဓိဝင် ဇီဝက သဘာဝဆိုတာ အဲဒါပဲ
    ခုနက တရုတ်လူမျိုးကို ပြောခဲ့သလိုပေါ့
  • Zaw Myo Thet ရုပ်ပိုင်းဆိုင်ရာဆင့်ကဲ
    ပြောင်းလဲမူအနေနဲ့က
    တော့မျောက်ရဲ့ရုပ်သဘောဟာလူနီးနီးပုံစံအထိ
    ပြောင်းလဲယူမူတော့ရနိုင်တယ်,ဒါကပင်မဓါတ်လေးပါးကသာစတင်ဖြစ်သောရုပ်တွေမို့နဂိုရုပ်ဗီဇတူ
    ညီရာမှာအဆင့်မြင့်
    ပြောင်းလဲမူရုပ်ကိုတော့
    ကျနော်လက်ခံတယ်
    ဒါပေမဲ့သိစိတ်ဖွံ့ဖြိုးမူအပိုင်းမှတော့ပင်ရင်းသိစိတ်ဖွံ
    ဖြိုးမူအတိုင်းအတာတခုထိပဲရောက်မယ်,
    ဘယ်လိုမှနာမ်ပိုင်းဖြစ်အင်တူညီမူမလုပ်နိုင်တာသိပ္ပံကအဓီကလိုအပ်ချက်ပဲ
    ဘယ်တော့နာမ်ပိုင်းအတွင်းဟာပုံတူမဖြစ်နိုင်သောသဘောကလူဆိုတဲ့ခန္တာ
    ထဲမှာပဲရှိတယ်,ဒီသဘော
    ကိုသိနိုင်ရင်ရုပ်ပိုင်းဆိုင်ရာဘယ်လောက်တိုးတက်လာပါစေစိတ်သိစိတ်လိုက်ပါမလာပါ..
  • Minthettun Minzeeဟီး‌မေးတဲ့သူကကပ်‌ကပ်‌‌မေး‌ဖြေတဲ့သူလဲအစွမ်းကုန်‌‌ဖြေနိုင်‌ပါတယ်‌အားလုံးကို‌ကျေးဇူးတင်‌ပါတယ်‌
  • Million Maw သဘာဝဆိုတာ...ဘာကိဆြိုလိုချင်တာလဲ..သူ့ဗီဇကိုဆိုလိုချင်တာလား
  • Kopor Ooသိပ္ပံပညာရှင်တွေကရုပ်ပိုင်းဆိုင်ရာကိုပဲဦးစားပေးတွေးခေါ်ကြတာစိတ်ပိုင်းဆိုင်ရာသီအိုရိကုကောင်းကောင်းနားမလည်းကြသေးလိုပါကျုပ်လည်းကောင်းကောင်းနားမလည်းသေးဘူး ကောင်းကောင်း
    နားလည်းလည်တယ်တစ်နေ့ကျမှာရှင်းပြတောမယိ
  • Theinthan Zaw ပြောင်းလဲမှုဖြစ်စဉ်ကနှစ်သန်းနဲ့ ချီတယ်ဆိုတော့ လည်းခြေရာခံဖို့ .၊သက်သေပြဖို့ တော့ လွယ်မယ်မထင်ပါဘူး..။ကျွန်တော်တို့ လူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကတော့ ပိုပြီးတိုးတက်ပြောင်းလဲလါတယ်လို့ ထင်ပါတယ်..။ဒီနှစ်တစ်ရာအတွင်းရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လါတာ..ကသက်သေပါ..။ဒီလိုပဲနှစ်နှစ်ရာ..ထိုမှသုံးရာ..ထိုမှ..ထိုမှ...။စဉ်းစားကြည့် ရင်..ကမ္ဘာဦးကလူတွေရဲ့ ဥာဏ်ရေဥာဏ်သွေးနဲ့ ဒီနေ့ လူတွေရဲ့ ဥာဏ်ရေ..အများကြီးတိုးတက်ပြောင်းလဲလါတာကိုတော့ သတိထါးမိကြမယ်..။ထင်ပါတယ်..။ဆင့် ကဲပြောင်းလဲမှုဆိုတာဒီလိုပဲစဉ်းစားကြည့် ကြတာပါပဲ..။
  • Win Ko ဒါဝင်ကပြောတယ်လူဟာမျောက်တွေပဲ
  • Million Maw Missing link ဆိုတာဆင့်ကဲမှာရှိနေတယ်
  • Million Maw ပြောင်းလဲမှုကြားက..ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုမှမရှိဘူး..ဒါကိုmissing link အဖြင့်သက်မှတ်ထားတယ်..
  • Theinthan Zaw missing ကတော့ ဆင့် ကဲမှမဟုတ်ပါဘူး..။အတိအကျမပြနိုင်သေးတဲ့ အရာတိုင်းမှာရှိပါတယ်..။ဥပမာ..ဗြဟ္မာကလူဖြစ်လါတယ်ဆို..ကြားမှာ..missing တွေရှိမယ်ထင်ပါတယ်..။
  • Million Mawဗြဟ္မာလူဖြစ်က..နောက်တော့..လာမယ်..ဒါက..လူသားအစဘယ်ကဆိုတာရေးဖို့ကောက်ကြောင်းရှာနေတာ..
  • Million Maw အိပ်တော့မယ်ဗျာ..တတာ
  • Theinthan Zaw ဘာသာရေးသမားတွေတွေးတဲ့ ထဲမှာလူ့ ဥာဏ်ရေဥာဏ်သွေးကိုတောက်လျှောက်တသမတ်တည်းဒီတိုင်းပဲလို့ တွေးလါး..။ပြောင်းလဲတိုးတက်လါတယ်လို့ ထင်လါးဆိုတာလေးတော့ ဖြေပေးကြစေချင်ပါတယ်..။
  • Zaw Myo Thet လူရဲ့သိစိတ်ထဲမှာဝေဖန်ပိုင်းခြားထိုးထွင်းသိမြင်ဖန်တီးနိုင်သောအသိတခုရှိ
    နေပါတယ်,ဘယ်လူနဲ့မျိုးရိုးဗီဇတူပါတယ်ဆိုတဲ့သတ္တဝါမှာမရှိပါ..သင်ကြားတတ်မြောက်နိုင်တဲ့အကန့်အသတ်တခုသာရှိနေပါတယ်..ဒါကြောင့်တာဆင့်ကဲပြောင်းလဲဖြစ်စဉ်သဘောစဦးအစကနေတိုးတက်မူမှမနုဿလူသားက
    သာဖွံ့ဖြိုးလာတယ်ပဲသုံး
    သပ်ပါတယ်..မျောက်နဲ့ရုပ်ဗီဇသဘောတူညီမူရှိပေမဲ့အရိုင်းစိုင်းဆုံးဗီဇစိတ်ကနေအယဉ်ကျေးဆုံးဗီဇသဘောထိထိုမျောက်ဗီဇဖြစ်အင်ဟာလူသဘောကိုမမှီတွယ်လာပါဘူး...
    ဒါကြောင့်လူရဲ့ရုပ်ဗီဇဖွံ့ဖြိုးရာစဦးအစမှာတင်ကိုမနုဿလူသားဟာသီးခြားအဆင့်မြင့်ဗီဇသဘောသာဖြစ်ပါလိမ့်မယ်..
  • Zaw Myo Thet နောက်တခုကကိုမိလျံpostပါRhအနုတ်အပေါင်း
    မျောက်ဗီဇသက်ရောက်နေပေမဲ့မျောက်သွေးထဲမှာလူဗီဇအဆင့်မြင့်သွေးA B AB Oအပေါင်းအနှုတ်
    သက်ရောက်မူမရှိနေတာကအဓီကသက်သေပါပဲ
    Rhအနေနဲ့သာရောနော
    နိုင်ပါတယ်..Rhသဘော
    ကနေလူသွေးဆင့်ကဲမူမရှိနိုင်ပါ,
  • Lyone Wai Aung ပိုစ့်ပိုင်ရှင် ကို အဲ့ဒီအတွေးတွေ ဘယ်သူများ ပေးလိုက်တာပါလိမ့် ထာဝရ လား ယေရှု လား တွေးကြည့်ရရင်တော့ ခပ်ကြောင်ကြောင်ပဲ ပိုစ့်တခု အစမသတ်သေးဘူး နောက်ထပ် ပိုစ့်တခု တင်ပြန်ပီ
  • Aung Myo Htat ဒါဝင်၏ ဘာသာမဲ့ အယူအဆ၊ ယုတ္တိမဲ့ခြင်း
    ဒါဝင် သီအိုရီက ယနေ့ Electron Microscope အဏုကြည့် မှန်ပြောင်း ကြီးတွေ ပေါ်လာတဲ့ခေတ်မှာ မှေးမှိန်သွားပါပြီ။ နောက်ပြီး ဒါဝင် တင်သွင်းခဲ့တာက သီအိုရီ (Theory)၊ လော (Law) မဟုတ်ဘူး။ 
    ဒါ့ကြောင့် ဖြစ်နိုင်ချေက ၅၀%၅၀ ပဲ ဖြစ်တယ်။ လော (Law) ကတော့ ၁၀၀% ဖြစ်နိုင်တာကို ဆိုလိုတယ်။ ဥပမာ စမ်းသပ်ပြီးမှ သံသယ ကင်းကင်း အဖြေရခဲ့တဲ့ နယူတန် (Newton)၊ အိုင်းစတိုင်း (Einstein)ရဲ့ လော (Law) တွေ ဖြစ်တယ်။ နောက်ပြီး ဒါဝင်က သိပ္ပံ ပညာရှင် မဟုတ်ဘူး။ သင်္ဘောနဲ့ လေ့လာ စူးစမ်းရေး ထွက်တဲ့ လူ။ 
    ဒါဝင်က စကြ၀ဋ္ဌာကြီးကို ဖန်ဆင်းရှင် မရှိ၊ အစ မရှိ၊ အဆုံး မရှိလို့ ပြောထားတယ်။ ဒီနေ့ မဟာ ပေါက်ကွဲမှု သီအိုရီ အရ စကြ၀ဋ္ဌာကြီးဟာ အစ ရှိတယ်၊ အဆုံးလဲ ရှိတယ်။
    နောက်ထပ် ဒါဝင်၏ ဆင့်ကဲ ဖြစ်စဉ် သီအိုရီက ဘာကြောင့် ယုတ္တိမဲ့သွားလဲ ဆိုရင်၊ ယနေ့ အဏုကြည့် မှန်ပြောင်းကြီးတွေ ကြောင့် အခြေခံ အမှုန်တွေဖြစ်တဲ့ သက်ရှိ Cell (ဆဲလ်) တွေထဲက DNA/RNA၊ အသေးဆုံး Atom (အက်တမ်) သက်မဲ့ အမှုန်လေး ထဲမှ Electron (အီလက်ထရွန်)၊ Proton (ပရိုတွန်)၊ Neutron (နူထရွန်) Electron (အီလက်ထရွန်) တွေရဲ့ တည်ဆောက်ပုံတွေကို သိလာ ရတယ်။ အဲဒီ အသေးဆုံး အမှုန်လေးတွေရဲ့ တည်ဆောက်ပုံက၊ အကြီးဆုံး စကြာဝဋ္ဌာကြီးရဲ့ တည်ဆောက်ပုံနဲ့ သွားတူ နေတယ်။ 
    နေကို ဂြိုလ်တွေက လှည့်ပတ်နေသလို၊ Atom အမှုန်လေး ထဲမှ Proton အဖို(+ charge)ကို Electron အမ(- charge) တွေက လှည့်ပတ်နေ ပါတယ်။ 
    သတ္တ၀ါတို့ရဲ့ အသားစ Tissue ထဲက အမှုန် Cell ၊ Cell ထဲက DNA.RNA အမျှင်တွေထဲမှာ သတ္တ၀ါရဲ့ ရုပ်ပိုင်း အခြေအနေတွေ (ဥပမာ. ဆံပင်နီခြင်း၊မဲခြင်း။ သူငယ်အိမ် ပြာခြင်း၊ ညိုခြင်း၊ အရပ် ဘယ်လောက် ရှည်မယ်၊ အသက် ဘယ်နှစ်နှစ်မှာ ဘာရောဂါ ရမယ်၊ သူငယ်အိမ်ရဲ့ အရောင်၊ လက်ဗွေရာ၊ မျက်နှာ တည်ဆောက်ပုံ၊ အစရှိတဲ့ ရုပ် ခန္တာကိုယ်နဲ့ ဆိုင်တဲ့ အလွန် ရှုပ်ထွေးတဲ့ အချက်အလက် အားလုံးကို Design လုပ်၊ ပုံစံ ဖော်၍ Program အစီအစဉ် အတိုင်း ထည့်ထားသည်။ လူ့ ခန္တာ ကိုယ်တွင် ဆဲလ်ပေါင်း ကုဋေချီ၍ ရှိသည်။ ဆဲလ် တစ်ခုချင်းစီသည် မိမိ ညွှန်ကြားခံရတဲ့ လုပ်ငန်း ဆောင်တာ အစီအစဉ် တွေကို တသွေမတိမ်း လှုပ်ရှား လုပ်နေ ကြသည်။ ဆဲလ်တွေမှာလည်း အမျိုးအစား ပေါင်း များစွာ ရှိသည်။ ဘုံနိမ့် ဆဲလ်မှ ဘုံမြင့်ဆဲလ် အဖြစ် evolute မပြောင်းလဲ သွားပါ။ ဘုံနိမ့်ဆဲလ် အဖြစ်သာ ရှိနေပြီး ဖန်ဆင်းရှင် သတ်မှတ်ထားတဲ့ လုပ်ငန်း ဆောင်တာ အားလုံးကို automatic လုပ်ဆောင် သွားသည်။
  • Aung Myo Htat လူသားရဲ့ စားသောက် နေထိုင်ပုံ မှားယွင်းမှုကြောင့် ဆဲလ်တွေ၊ လုပ်ငန်း ဖောက်ပြန်လာ သောအခါ၊ ကင်ဆာ၊ သွေးကင်ဆာ ကဲ့သို့သော ရောဂါများ ဖြစ်လာသည်။ ဆဲလ် တစ်ကောင် ဘက်က ကြည့်လျှင် လူ့ ခန္တာကိုယ် ကြီးသည် သူ့အတွက် စကြာဝဋ္ဌာကြီး ဖြစ်သည်..
    ဒီလို အရာရာကို ရှုပ်ထွေးလွန်းစွာ စည်းစနစ် ကျကျ၊ ဥာဏ်တော်နဲ့ Design လုပ်၍ ပုံဖော် ဖန်ဆင်းထား သောကြောင့်၊ ဒါဝင် ပြောခဲ့တဲ့ သက်ရှိများ ကြုံကြိုက် တိုက်ဆိုင်၍ ဖြစ်လာတယ် ဆိုတဲ့ အချက်ကို မှားယွင်း စေပါတယ်။
    ခုနက သက်မဲ့ ဖြစ်တဲ့ အပင်အပါအ၀င်၊ သံ၊ ကြေး၊ ရွှေ၊ အစရှိသည့် ဒြပ် ပစ္စည်း တိုင်း၏ အသေးဆုံး အမှုန်ဖြစ်တဲ့ အက်တမ် Atom မှာ ဖို(+)၊ မ(-) ရှိတာဟာ၊ ယနေ့ အဏုကြည့် မှန်ပြောင်းကြီးတွေ ပေါ်လာတဲ့ခေတ်မှာမှ သိတာပါ။ 
    လျှပ်စစ်၊ သံလိုက်လှိုင်းတွေ မှာလည်း ဖို(+)၊ မ(-) ရှိပါတယ်။ ဒါကို ၇ ရာစုက ကုရ်အာန်ကျမ်းထဲမှာ ဒီလို မိန့်ထား ပါသေးတယ်။ မြေ၌ ပေါက်ရောက်သော အရာ များတွင် လည်းကောင်း၊ ထိုသူ တို့၏ ကိုယ်ခန္တာ များတွင် လည်း ကောင်း၊ ထိုသူတို့ မသိကြသော အရာ များတွင် လည်းကောင်း၊ ဖို(+)၊ မ(-) စုံတွဲများ အမျိုးမျိုး အစားစား ဖန်ဆင်း တော်မူ သော အရှင်သည် ချို့တဲ့ခြင်း အပေါင်း တို့မှ သန့်ရှင်း စင်ကြယ် တော် မူ၏ တကား။ (၃၆း၃၆)။။ (ထိုသူတို့ မသိကြသော အရာ များတွင်) ဆိုသော အသုံး အနှုံးက ခုနက သံ၊ ကြေး၊ ရွှေ၊ အစ ရှိသည့် ဒြပ် ပစ္စည်း တွေနဲ့၊ လျှပ်စစ်၊ သံလိုက်လှိုင်း တွေမှာ ဖို(+)၊ မ(-) ရှိတာကို အဲဒီတုံးက အာရဗ်များ က လုံးဝ မသိသေး ခြင်းကို ဆိုလိုပါတယ်။ 
    အလွန်ကြီးကျယ်တဲ့ အံ့ဖွယ် သက်သေပါ။
  • Thet Paing Win လူဆိုတာမျောက်က ဆင်းသက်လာတယ် ဆိုတာ ဖြစ်လည်း ဖြစ်နိုင် တယ် ဖြစ်လည်း မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဆို တာမျောက်ကတကယ်ဆင်းသက်လာရင်း အခုခေတ်မျောက်တွေ ဘာကြောင့် လူဆက် မဖြစ်တာလည်း ဖြစ်နိုင်တယ်ဆိုတာကတော့ ထိုခေတ်ထိုအခါရဲ့ ထူးခြားသောရာသီဥတု ရဲ့ ထူးခြားသောပြောင်းလဲမူတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်....
  • Aung Myo Htat ပိုးဖလံကောင်ကနေ လိပ်ပြာ ဖြစ်တယ် ဆိုတာ၊ လူတွေက အခေါ်အဝေါ် နှစ်ခု သတ်မှတ် လိုက်လို့ပါ၊ ကျနော်က ပိုးဖလံကောင်ကို လိပ်ပြာရဲ့ ငယ်ဘ၀လို့ ခေါ်မယ်ဗျာ။ ကဲ ကျနော့် အတွက်ကတော့ လိပ်ပြာ ပါပဲဗျာ၊ တိရစ္ဆာန်တွေမှာ ဖန်ဆင်းရှင် ပေးထားတယ့် ကိုယ်ပိုင် ၀ိသေသတွေ ပိုင်ဆိုင် ထားကြပါတယ်၊ လိပ်ပြာ လိုပဲ ထူးခြားတဲ့ သတ္တ၀ါတွေ အများကြီး ရှိပါတယ်။ ဥပမာ၊ မျက်စိ မရှိဘဲ အသံလှိုင်းနဲ့ သွားလာနိုင်တဲ့ လင်းနို့၊ လူမျက်စိထက် ကောင်းတဲ့ သိမ်းဌက်မျက်စိ (ကောင်းကင် အမြင့်ကနေ အရှိန်နဲ့ မြေပြင်က ကြွက်တွေကို သုတ်ချီရာတွင် အသုံးဝင်)၊ မျက်လုံးတွေ အများကြီးပါတဲ့၊ လေးလက် လေးယံ 3D မြင်နိုင်တဲ့ ပုဇင်း အစသဖြင့် အများကြီးပါ။ ပိုးဖလံကောင်ကနေ လိပ်ပြာပဲ ဖြစ်နိုင်မယ်၊ ပုဇင်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ဖန်ဆင်းရှင် သတ်မှတ် ထားတဲ့ အတိုင်း တိတိကျကျပဲ ဖြစ်တယ်၊ ဘာမှ ဖောက်လွဲ ဖောက်ပြန် ဖြစ်တာ မရှိဘူး.၊ မျောက်ကနေ လူဖြစ်တာ လုံးဝ မရှိဘူး၊
  • သိဒ္ဓိဝင် ဇီဝက ထူးဆန်းတယ်နော်

    မျောက် က လူမဖြစ်ဘူးလို့ဖြေထားတာကို မျောက် က လူမဖြစ်ဘူးလို့ လာလာငြင်းကြတယ်


    မျိုးရင်းတူပြီး မျိုးစိတ်ကွဲတာပါ
    ဆိုတာ နားမလည်ကြပဲနဲ့

    ဘာတွေ ဆက်လေ့လာချင်တာလဲဟင်
  • Aung Myo Htat ငြင်းတာ မဟုတ်ပါဘူး၊ ဖြည့်စွက် ထောက်ခံတာပါ..
  • Lyone Wai Aung အဟဟယယဟ
  • Leomor Jocker နားမလည်ပဲပြောမနေပါနဲ့aung myo htat ရယ်။ကိုရမ်ကမှန်ကိုမမှန်တာပါ။စကြာဝဌာအစရှိတယ်ဆိုတာကလည်းသီအိုရီပဲရှိပါသေးတယ်။ဗုဒ်ဓကျမ်းလောက်ဘယ်ကျမ်းမှပြတ်ပြတ်သားသားအဏုစိပ်ဟောမထားပါဘူး။အကုန်ပေါက်မှဖော်တဲ့ပေါက်ဖော်တွေချည်းပါပဲ။
  • Peter Lar Su တော်တော်အရူးထတဲ့ကောင်တွေ....
  • Million Maw မျိုးရင်းတူဆိုတော့..မျောက်ပေါ့..မျိုးကွဲကလူ..
  • သိဒ္ဓိဝင် ဇီဝက အဲဒါဆို ခင်ဗျား
    ခြင်္သေ့ နားသွားပီး ကြောင် လို့ ပြောကြည့်ပါလား
  • Peter Lar Suအင်းတချို.ကမျောက်ကနေတကယ်ဆင်းသက်တယ်...မျောက်လိုတွေးတယ်...တချို.ကတော့လူကနေဆင်းသက်တယ်..လူလိုပဲတွေးတယ်...ဒါပေမယ့်ကိုယ့်ဘဝအမှန်ကိုမသိကြဘူးတဲ့ဗျ....ဒါပေမယ့်ငယ်ငယ်ကဆရာတယောက်ပြောဖူးတယ်ဗျ..လပြည့်ညမှာကိုယ့်ဖင်စအိုဝထဲလက်နှိုက်ကြည့်ရင်အမြီးဖြစ်လာမယ့်အစကနဲနဲရှည်ထွက်လာတတ်တယ်တဲ့ရှည်ထွက်လာရင်အဲ့ဒီလူကလူဖြစ်ပေမယ့်လည်းမျောက်တဲ့ကျနော်တော့မစမ်းဖူးဘူးစမ်းကြည့်လေ.....
  • Million Maw ဘျာကြာင့်ကြောင်မျိုးရင်ပညတ်လဲ..
  • Million Mawနောက်ဆုံးမေးပါရစေဆရာဇီဝက..လိုချင်တာတွေလည်းတော်တော်လေးကော်မန့်တွေမှာရနေပြီဆိုတော့..ကြောင်းမျိုးရင်း..မျောက်မျိုးရင်..ပညတ်..ရခြင်းကဘယ်အပေါ်မှာအခြေခံတာပါလဲ..
  • Leomor Jocker ဖန်ဆင်းခံရတယ်ပြောဦးမှာမဟုတ်လား?:-)  
  • Million Maw ဒီပို့မှာမပြောဘူး..ဒါကလိုချင်တာယူနေတာ..
  • Kopor Oo စဉ်းစားရင်းစဉ်စားရင်းဘရိန်း
    ချောင်းသွားမှာလည်းသတိ
    ထားကြပါအုံး မိတ်ဆွေအပေါင်းတို့
  • သိဒ္ဓိဝင် ဇီဝက ပညတ်တာ သိပ်သဘောကျတယ်နော်

    ဟုတ်ပီ အများဆုံးတူတဲ့ အချက်တွေပေါ်မှာ အခြေခံပါတယ်


    Van ကားလို့ ပြောလိုက်ရင်
    Toyota ဖြစ်ဖြစ်
    Nissan ဖြစ်ဖြစ်
    Mazada ဖြစ်ဖြစ်
    ကုန်ခန်းပါတဲ့ ယာဉ်အလတ်စား ဆိုတာ သိသလိုပဲ

    နို့တိုက်သတ္တဝါလဲ ဖြစ်
    ခြေလက် ၂ ချောင်းလဲပါ
    ခြေ ၂ ချောင်း ပေါ်ရပ်နိုင်
    ဖွဲ့စည်းမှု ပုံစံ တူတာတွေကို အုပ်စု တစ်စု ဖွဲ့လိုက်တဲ့ သဘောပါပဲ
  • Million Mawသဘောဆိုတာအမှန်မဟုတ်ဖူးပေါ့..ကျေးဇူးတင်ပါတယ်..လူသားအစ..မကြာခင်ပို့ရေးကာဆွေးနွေးကြတာပေါ့

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews