Thursday, September 18, 2014

ဗုဒ္ဓ၏မွေးနေ့ နှင့် ကမ္ဘာဦး ၊ မဟာ ၊ သာသနာ ၊ ကောဇာ ၊ သက္ကရာဇ် များနှင့် ခရစ်နှစ် စသည့် သက္ကရာဇ် ကို ခေါ်ဆိုရခြင်း အကြောင်းဆိုပါလား




John Saline's photo.

မူရင်းလင့်
RECENT POSTS

News Feed


အမြင် မရှင်းသော သူများအတွတ် ဗုဒ္ဓ၏မွေးနေ့ နှင့် ကမ္ဘာဦး ၊ မဟာ ၊ သာသနာ ၊ ကောဇာ ၊ သက္ကရာဇ် များနှင့် ခရစ်နှစ် စသည့် သက္ကရာဇ် ကို ခေါ်ဆိုရခြင်း အကြောင်း
သက္ကရာဇ် ဆိုတဲ့စကားက ပါဠိ လို သက္က + ရာဇ မှဆင်းသက်လာတဲ့ မြန်မာစကားပါ ....
သက္က = ခုနှစ်များ
ရာဇ = ရှင်ဘုရင် လို့ဆိုတဲ့ အတွက် .... ရှင်ဘုရင် တို့ရဲ့ ခုနှစ်များလို့ အဓိပါယ်ရပါတယ် ...။
★ ★ ★ ကမ္ဘာဦး သက္က၇ာဇ် ...
ကမ္ဘာဦး သက္ကရာဇ်ဆိုတာကတော့ .... ( ကမ္ဘာဦ + သက္က + ရာဇ )
ကမ္ဘာဦး = ကမ္ဘာ ဦးအစ
သက္က = ခုနှစ်များ
ရာဇ = ရှင်ဘုရင်
ဒါကြောင့် ကမ္ဘာဦး အစ ရှင်ဘုရင်များရဲ့ ခုနှစ်များလို့ မှတ်ယူရမှာပါ ....သက္ကရာဇ်ရေတွတ်ခြင်းအစ ကမ္ဘာဦး မဟာသမ္မတမင်းလက်ထက်ကဖြစ်ရာ
၁၊၊ နှစ်ပေါင်း ၁၁၄၉၇၈၇ သို့ရောက်သောအခါ အာကာရဋ္ဌမင်းလက်ထက်၌ သက္ကရာဇ်ဖြို
ကိန်းကြုံ၍ မဟာသုဒ္ဓဝယပ္ပကိန်အရ နှစ်ပေါင်း ၁၁၄၉၇၈၅ ကိုဖြို၍အကြွင်း ( ၂ )
ထားခဲ့သည်။။
၂။။ထိုအကြွင်း(၂)မှစ၍ရေတွတ်လာခဲ့ရာ နှစ်ပေါင်း ၁၄၉၃၈၅၆၂ အရောက် ကုသမင်းကြီး
သည် သက္ကရာဇ်ဖြိုကိန်းကြုံသဖြင့် နာတိမဇ္ဇလဒ္ဓံဝိယ ကိန်းအရ နှစ်ပေါင်း ၁၄၉၃၈၅၆၀
ကိုဖြိုပြီး အကြွင်း(၂) ထားခဲ့ပြန်သည်။။
၃။။ထိုအကြွင်း(၂) မှဆက်၍ရေတွတ်လာခဲ့ရာ သက္ကရာဇ် ၈၆၄၇ အရောက် ဘိုးတော် အဉ္ဇနမင်းလက်ထက်တွင် သက္ကရာဇ်ဖြိုကိန်းကြုံပြန်ရာ မာဃစနြေ္ဒကိန်းအရ သက္ကရာဇ်နှစ်
၈၆၄၅ ကိုဖြို၍ အကြွင်း(၂)ိကိုထားခဲ့သည်။။
ဒီသက္ကရာဇ်ကို ဗုဒ္ဓမပွင့်မှီ ... အရိုင်းခေတ်ကိုကျော်လွန်ပြီး ... ရှင်ဘုရင်များ စတင်ပေါ်ပေါက်လာတဲ့ အချိန်က စတင်သတ်မှတ်ထားတဲ့ သက္ကရာဇ်ပါ ...
ဒါကြောင့် ကမ္ဘာဦး ပထမဆုံး ရှင်ဘုရင် ဖြစ်တဲ့ မဟာသမ္မတမင်း လက်ထက်ကစပြီး ရေတွက်လာတဲ့ ခုနှစ်ကို ကမ္ဘာဦးသက္ကရာဇ်ကို လို့ခေါ်တာပါ လို့ ဟိန္ဒူ ကျမ်းတွေက ဆိုပါတယ် .... ။
အဲ့ဒီအချိန်တွေက ဟိန္ဒူ ဘာသာရော ဂျူးတမန်တော် မူဆာပါမပေါ်သေးပါဘူး .... ဒီလိုနဲ့ရေတွက် လာကြပြီး နှစ်ပေါင်း .... ( ၈၆၄၉ ) နှစ်ကြာတဲ့အချိန် ....
★ ★ ★ မဟာ သက္ကရာဇ်
မဟာ = မြင့်မြတ်သော
သက္ကရာဇ = ဘုရင်၏ ခုနှစ် တဲ့
( ၈၆၄၉ ) နှစ်ကြာတဲ့အချိန် .... မြတ်စွာဘုရားရှင် ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော်အဉ္ဇန မင်းကြီးဟာက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်၍ ရှေးရှေး ကမ္ဘာဦး မင်းတို့ရဲ့ ရောက်ဆဲနှစ် သက္ကရာဇ် ( ၈၆၄၉ ) နှစ် တပေါင်းလကွယ်မှစ၍ မှ သူ့ထီးနန်းသက် ( ၂ ) နှစ်ကို စတင် ရေတွက်ပြီး ကျန် ( ၈၆၄၇ )နှစ်ကို ဖြိုကာ သက္ကရာဇ် ( ၂ ) နှစ် က စတင်ရေတွက်၍ သက္ကရာဇ် ဖြစ်လာခဲ့တာပါ ... ။ ( လူတွေရဲ့ လောဘ ဒေါသ မာန် မာန ငါသာလျှင်ဆိုတဲ့ အစွဲ ပေါ့ ) ။
နောက်ပိုင်းမှာတော့ သကျ မျိုးနွယ်တွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်သည် ဆိုတဲ့ အဓိပ္ပါယ် သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါ ...။
ဒါကြောင့် မဟာသက္ကရာဇ် ( ၆၈ ) ခု ကဆုန်လပြည့် နေကမှာ ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့တာပါ ... ပရိနိဗ္ဗန် စံဝင်တာကတော့ မဟာသက္ကရာဇ် ( ၁၄၈ ) ခုနှစ်ပါ ...။((( ဂရီဂိုရီ နှစ် ( ခရစ်ယန်တွေက သူတို့ သက္ကရာဇ်ပါဆိုပြီး ခိုးယူသုံးစွဲထားတဲ့ ခရစ်နှစ်ပေါ့ ) ထက် .. ၆၂၃ ... နှစ်စော ပါတယ် ။ )))
ဒါကတော့ မဟာသက္ကရာဇ်ရဲ့ အဓိပါယ်ပါ ....။ ဘုရားရှင် စံဝင်တော်မူပြီး ပထမဆုံးနှစ် မဟာသက္ကရာဇ် ( ၁၄၉ ) ခုနှစ် ပထမ သံင်္ဂါယနာ တင်တဲ့အချိန်ပေါ့ ....
★ ★ ★ သာသနာ သက္ကရာဇ်
ဘုရားရှင် စံဝင်တော်မူပြီး ပထမဆုံးနှစ် မဟာသက္ကရာဇ် ( ၁၄၉ ) ခုနှစ် ပထမ သံင်္ဂါယနာ တင်တဲ့အချိန်ပေါ့ .... ပဋ္ဌမ သင်္ဂါယနာတင် ရဟန္တာ အရှင် မဟာကဿပ မထေရ်မြတ် နဲ့ ဘုရင် အဇာတသတ် တိုဟာ သာသနာတော်အတွက် အမှတ်အသား တစ်ခုခုရှိသင့်တယ် ... သာသနာသက္ကရာဇ် ရှိသင့်တယ်လို့ တိုင်ပင်ပြီး ဘုရားရှင်လွန်တော်မူပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၉ ) မှ ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ( ၁ ) ခုကြွင်း ထားကာသာသနာနှစ် ( ၁ ) နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပါတယ် ...။ ဒါကြောင့် ယ္ခုထိ ဘုရားပွင့်ရာဒေသမှာ မဟာသက္ကရာဇ် ရှိသလို ဗုဒ္ဓဘာသာဝင်တွေအတွက် သာသနာတော် သက္ကရာဇ် ဆိုတာရှိလာတာပါ ...။
ဒါကြောင့် ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခုဆို ( ၂၅၅၃ ) ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်။
အဲဒီနောက် သာသနာ သက္ကရာဇ် ( ၆၂၄ ) ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ပေါ့
★ ★ ★ ကောဇာ သက္ကရာဇ်
သာသနာ သက္ကရာဇ် ( ၆၂၄ ) ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ဒေါဒေါရသ ( ၆၂၂ ) ခေါ် သာသနာတော် သက္ကရာဇ် မှ ( ၆၂၂ ) နှစ်ကို ဖြိုပြန်ပြီး သူနန်စတက်တဲ့နှစ်ကို သက္ကရာဇ်ဖြစ်ရမယ်လို့ သတ်မှတ်ပြန်ပါတယ် ... ဒီတော့ ( ၂ ) နှစ်က စမှတ်ပြီး သက္ကရာဇ်အသစ်လုပ်ပြန်ပါတယ် မတည်မြဲတာ ကိုတည်မြဲချင်ကြတာပေါ့ ... ။ ယင်းကိုကောဇာသက္ကရာဇ်လို့ဆိုပါတယ်။
ဘုရားရှင်ပွင့်တော် မမူခင် နှစ်ပေါင်း ထောင်ချီ တဲ့အချိန် ကောသလ တိုင်း အဘိရာဇာ မင်းဟာ စစ်ရှုံးပြီး တိမ်းရှောင်လာတာ အခုမြန်မာနိုင်ငံ ဘက်ရောက် လာပြီး .... မန္တလေးမြို့ ရဲ့ အထက် ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာ တကောင်းပြည်ကို တည်ထောင်ပြီးနေ ထိုင်တယ်၊ တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက် နန်းစံသွားခဲ့ပါတယ်။
ဒီအချိန်တွေထဲက မြန်မာမှာ သက္ကရာဆိုတာရှိခဲ့ပါတယ် ... ဒါပေမယ့် အတ္တကြီးလွန်းတဲ့ ဘုရင်တွေက သူတို့နန်းစံတဲ့ နှစ်တွေက စ စ မှတ်ကြတာနဲ့ ... ကြက်အစာကောက်သလို လိုက်ကောက်မှ ရမလိုဖြစ် နေ ပါတော့တယ် ... ဒီတော့ မြန်မာခုနှစ်တွေသိချင်ရင် ... ခေတ်တွေရဲ့သက်တမ်းနဲ့တွက်ရတော့မှာ ပါ ... တကောင်း တောာင်ငူ ပင်းယ အင်းဝ ကုန်းဘောင် ညောင်ရမ်း သရေခေတ္တရာ ပုဂံ စသည်ခေတ်တွေပေါ့ ။
တဖန် ကောဇာသက္ကရာဇ် ( ၅၆၂ ) နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် မှာပေါ့ ...
★ ★ ★ ကောဇာ သက္ကရာဇ် ခေါ် လက်ရှိ မြန်မာသက္ကရာဇ်
တဖန် ကောဇာသက္ကရာဇ် ( ၅၆၂ ) နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက် မှာ ... သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ခန်းဆပဉ္စ ( ၅၆၀ ) နှစ် ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ်။
ထို ( ၂ ) ခုနှစ်မှ တိုးတက်လာကာ ယနေ့ ( ၁၃၇၅ ) ခုနှစ် အထိ သက္ကရာဇ်မှာ လက်ရှိ ကောဇာ သက္ကရာဇ် ခေါ် မြန်မာသက္ကရာဇ် ပင် ဖြစ်ပါတော့သည် ...။
သာသနာ ကောဇာနှစ် တွက်နည်း
နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင်
၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
ရောက်ဆဲ ၁၃၇၃ ခုနှစ် ကိုပေါင်းသော် ၂၅၅၅-ခုနှစ်ဖြစ်သည်။
သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော
ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို အလွယ်တကူ သိနိုင်ပေသည်။
မဟာသက္ကရာဇ် ကိုလိုချင်ရင်တော့ သာသနာနှစ်ကို ( ၈၆၄၇ + ၁၄၈ ) ထပ်ပေါင်းပေါ့ ..။
ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )
★ ★ ★ ဂရီဂိုရီယန် ပြက္ခဒိန် ( လက်ရှိကမ္ဘာသုံးပြက္ခဒိန် )
ခရစ်မပေါ်မှီ နှစ်များစွာက ဗုဒ္ဓဘာသာ ထွန်းကားသော အီဂျစ် ဒေသ အာဖဂန် ဒေသ နိုင်ငံ တို့မှာ တစ်လကို ရက်ပေါင်း ၃၀ ထားပြီး တစ်နှစ်တွင် ၁၂ လရှိသော ပြက္ခဒိန်ကို သုံးစွဲခဲ့ကြပါတယ် ...။ တစ်နှစ်ရက်ပေါင်း ၃၆၀ ပေါ့ ...။ဒါပေမယ့် နေအသွားအလာအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်မှတစ်နှစ်ပြည့်တာပါ ...။
ဒီလိုသုံးလာတာ တစ်နှစ်ကို ၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် နှစ်စဉ် နောက်ကျပြီး ကွာနေတာပေါ့ ... နှစ်ထောင်ချီကြာလာ တဲ့အချိန်မှာတော့ .... ရက်တွေနောက်ကျပြီး ... နွေရာသီလို့ပြောတဲ့အချိန် က ဆောင်းဖြစ်နေပြီး ... မိုးရာသီဆိုတာက နွေခေါင်ခေါင် ဖြစ်နေတာပေါ့ ...။
ဒီအချိန်မှာ ရောမတွေက အီဂျစ်ကိုသိမ်းပိုက်ပြီး စာပေယဉ်ကျေးမှုတွေ သယ်ဆောင်နေရာက သူတို့လဲ သူတို့အသုံးပြုဖို့ ပြက္ခဒိန် တည်ထွင်တော့တယ် ... ဒါနဲ့ ရောမဘာသာနဲ့ မတ် ၊ဧပြီ ၊ မေ ၊ဂျွန် ၊ ကွင်းတီးလစ် ၊ဆက္ကတ်စတီလစ် ၊စက်တင်ဘာ ၊အောက်တိုဘာ၊နိုဝင်ဘာ ၊ ဒီဇင်ဘာ ဆိုပြီး တစ်နှစ် ၁၀ လ တစ်နှစ် ( ၂၉၈ ) ရက်ဖြစ်လာတာပေါ့ ...။
ဒါနဲ့ ကမ္ဘာသုံးပြက္ခဒိန် စသုံးတော့ ... မတ်လကနေ ဒီဇင်ဘာထိ ... ၁၀ လ ပဲရှိတယ် .... မတ် မေ စက္ကတ်စတီးလစ် အောက်တိုဘာ က (၃၁) သတ်တယ် ကျန်လတွေက ( ၂၉)ရက်သတ်ပါတယ်.... အဲ့မှာ ( ၂၉၈ )ရက်ပဲရှိတော့ ... တစ်နှစ် (၃၅၅)ရက်သတ်မှတ်ထားတော့ ... ရက်ပို ...လ ပိုတွေ ...ညှပ်ထပ်ထည့်ကြတာပေါ့ .... ။
နှစ်ကြာတော့ ရက် လ နှစ်တွေက..ရာသီဥတုနဲ့ ပြောင်းပြန်ဖြစ်ပြန်ရော.... ဒီတော့ ဇန်န၀ါရီဖေဖော်ဝါရီ ထပ်တိုးကြပြန်ရော....တနှစ် ၁၂ လလုပ်ကြတာပေါ့ ...ပထမ( ၄ ) လ ၃၁ ရက်သတ် ... ကျန်တဲ့လတွေ ... ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ သတ် စသည်ဖြင့် နေအသွားအလာကိုကြည့်ပြီး အဆင်ပြေသလိုသတ် မှတ်ကြပြန်ရော.... ။
မဖစ်ပြန်ဖူး..နှစ်ကုန်တော့ ၄ ရက်ပိုနေပြန်ရော .... ဒီမှာတင် ခရစ်မပေါ်မှီ ဘီစီ ( ၄၅ ) နှစ်မှာ ရောမဇကရာဇ် ဂျူးလိယက်ဆီဇာက... အီဂျစ် နက္ခတ်ပညာရှင်ဆိုဆီဂျင်းနီး အကြံပေးချက်အရ ... အီဂျစ် ပြက္ခဒိန်ကို အတုယူကာ ... ဂျူလီယန် ပြက္ခဒိန်ကို စတင်ပြဌါန်းကြပြန်ပါရော... ။
ဒါကြောင့် ... အရင်က ဂျူလိုင်လကို ကွင်တီလစ်လို့ခေါ်ရာကနေ..သူ့ကို ဂုဏ်ပြုပြီး ... ဂျူလိုင်လ ...အရင် ဆုံးပြက္ခဒိန်စသူ သြဂတ်စတတ်ကို ဂုဏ်ပြုပြီး ဆက္ကစတီလစ် လကို သြဂုတ်လလို့ပြောင်းခေါ်ကြ ပါတယ်....အဲ့အချိန်ကစလို့ ... လ ( ၁၂ ) မျိုးရခဲ့တာ...။ ဒါက လ ၁၂မျိုး အစ...။တနှစ် ( ၃၆၅)ရက် ၄နှစ်တစ်ကြိမ် ( ၃၆၆ )ရက်ပေါ့...။
ဒီစနစ်အတိုင်းလက်ခံလာရာ ... ယေရှု ပေါ်တဲ့အချိန်မှာလဲ ဒီပြက္ခဒိန်ကိုပဲ ဆက်လက်သုံးနေပြီး ခရစ်ယန်များဟာ ယေရှုရဲ့ မွေးနေ့ ဇစ်မြစ်ကို မသိကြရကား အေဒီ ဟု ခေါ်သော ခရစ်နှစ်ကိုပင် ...ဂျူလီယန်ပြက္ခဒိန်အတိုင်း လွယ်လွယ်ယူလိုက်ကြပြီး ရောမများ ကမ္ဘာ့သက္ကရာဇ် စတင် ရေးတဲ့ နှစ်ဟာ ခရစ်တော်မွေးနေ့လို့ လိမ်လည် သမိုင်းဖျောက်ကြတာပါ ...။ အောက်စဖိုဒ့် တက္ကသိုလ် မှာကအစ ဒီလိုပဲ ဇွတ် ငြင်းထားတာပါ .. ဒါပေမယ့် လအမည်အားလုံးက ရောမ ဘာသာစကား နဲ့ ရောမပြက္ခဒိန် အစပါ .. ။
ဒါပေမယ့်လည်း ... ဒီပြက္ခဒိန်ဟာ တစ်နှစ်ကို ၁၁နာရီကွာပြန်ရော... နှစ် ၁၆၀၀ လဲကြာရော ... ( ၁၀ ) ရက်မှားနေပြန် ပါရော.... အဆင်မပြေပြန်ဖူး ... ဒီမှာတင် ...ခရစ်နှစ် ( ၁၅၈၂ ) ခုနှစ် မှာ တစ်ဆယ့် သုံးယောက်မြောက် ပုတ်ရဟန်းမင်းကြီး ... ဂရိဂိုရီက ... ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေး လုပ်ပြီး ... ( ၄ ) နှစ်တစ်ကြိမ် ... ဖေဖော်ဝါရီလမှာ ... ၂၉ရက် သတ်ပေးရတယ် ... အဲ့ဒါက လက်ရှိရောက်ဆဲသက္ကရာဇ်ကို ၄ နဲ့စားပြီးပြတ်တဲ့ နှစ်ကို ... ရက်ထပ်ပေးရတယ်...။ မြန်မာပြက္ခဒိန်မှာလဲ ၀ါထပ်ပေးရတယ်လေ ...။ ဒီအချိန်ကစလို့ ... ဂျူလီယန်ပြက္ခဒိန် လို့နာမည်ပေးထားရာကနေ ... ပုတ်ရဟန်းမင်းကြီးက..သူ့နာ မည်ပြောင်းပြီး ... ဂရိဂိုရီယန်ပြက္ခဒိန်လို့ခေါ်ကြတာ ...ပါ... အခုသုံးနေကြတဲ့ ... ခရစ်ပြက္ခဒိန်ပေါ့ ...။ ခရစ်တော်မွေး နေ့ သေတဲ့နေ့ကစပေါ်တဲ့ ပြက္ခဒိန်မဟုတ်ပါဖူး... ခရစ်တော်နဲ့မဆိုင်ပဲ ... သူတိုဟာလုပ်ထားတာပါ ... ခရစ်မပေါ်ခင် ( ၄၅ ) နှစ်ကစတာပါ ...။
ခရစ်ယန်တွေက ယေရှုသေတဲ့ နေ့က စမှတ်တယ်လို့ အကျောက်အကန် ငြင်းကြပေမယ့်....
Oxford တက္ကသိုလ် Dictionary မှာတော့ ....
A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊
သူတို့ဆိုလိုတာက ခရစ်မပေါ်ခင် ၄၅ နှစ်ကို ခရစ်တော်မွေးတဲ့နှစ် ဆို ရောချပြီး ရောမပြက္ခဒိန်ကို ခရစ်ပြက္ခဒိန်လုပ်ပြစ်တာပါ ...။ တစ်ကယ်တော့ယေရှုမှာမွေးနေ့အတိအကျမရှိပါဖူး ...။
LikeLike · 
  • Han Q Zin and 2 others like this.
  • 3 hrs · Like
  • Million Maw ကမ္ဘာဦသမတမင်းကဘယ်သူတုန်း..
    3 hrs · Like
  • Million Mawအဲ့ဒါပြောပြလေ..ဒိတ်တော့သိတယ်ဘုရင်တော့မသိဘူးမဟုတ်လား..သူများသွားရွှီး..ဗုဓဘာသာတွေဘဲမျက်စိမှိတ်ယုံမယ်..
    3 hrs · Like
  • Ko Lin သမ္မတ မင်းပါဆိုမှ နာမည် သမ္မတ ပေါ့
    3 hrs · Like
  • Million Maw ဟဟ..ငါကမလေ့လာရသေးဘူးကို..သမတမင်းဆိုတာကို
    3 hrs · Like
  • Ko Lin သိချင် ဟိနူ မေးပေါ့ဟ ဗုဒ္ဓနဲ့ ဘာဆိုင်လဲ ပြကဒိန် ထွင် တာ လူမျိုးလိုက်ရှိတာပဲ ခနှစ် တွေနဲ့ ဘာသာ ဘာဆိုင်တုန်း ယာမာ လူမျိုး အီဂျစ်လူမျိုး စသဖြင့် ထွင်ကြတာပဲဟာ
    3 hrs · Like
  • Ko Lin ခုရေးထားတာ သုံးနေတဲ့ ခရစ်နှစ်က ယေရှု နဲ့ မဆိုင် ဘူး ရေးထားတာ ဒါနဲ့ပဲ တခြား ခုနှစ် မယုံဘူး ဆိုတာ အဓိပါယ် မရှိ
    3 hrs · Like
  • Kopor Oo ကမ္ဘာဦးသမ္မတမင်း နာမည်မှာ မနုမင်းဖြစ်ပါတယ်
    မနုကဆင်းသက်လာသူမို့လို
    မနုဿလိုခေါ်ပါတယ်ု
    3 hrs · Like
  • Thangbu Naing ဟိန္ဒူဘာသာဖွားမြငိရာ အိန္ဒုမြစ်ဝှမ်းဒေသတွေ ကမ္ဘာ့အထင်ကရအင်ဗာရာလေးခု လုံးက သိမ်းပိုက်ထားခဲ့တာ ဘာလို့သူတို့ယုံကြည်ချက်မပြန့်နှံ့တာလည်း။အလကားအထောက်အထားမခိုင်လုံတဲ့ဟာတွေ
    3 hrs · Like · 1
  • Ko Lin ၁ ၂ ၃ ၄ ရေတွက်ထားတာ ဟိုနေရာ က ရေတွက်တာ အမှား ဒီနေရာက ရေတွက် အမှန် ဒီလိုလား
    3 hrs · Like
  • Han Q Zin Calendar က ၁၀ တန်း English Chapter 1 မှာ သင်ခဲ့ရပြီးသားပါ။ Eyptian Calendar ပါ။
    3 hrs · Unlike · 1
  • Million Mawမနူဟာလား..သေချာလား..ကမ္ဘာကို..ဗြမာတွေကငါးပိုင်းပိုင်းထားတာနော်..မနုဟာကဘယ်ကမာကမင်းလည်း
    3 hrs · Like
  • Shinnaymin Shinnaymin ယေရုအဖေအစစ်က ဘယ်သူလဲ
    3 hrs · Like
  • Shinnaymin Shinnaymin ကိုယ့်ကိုးကွယ့်တဲ့ ယေရုအဖေ အစစ် ဖနိဆင် ရှင် အဖေစစ် မာရီ
    အဖေအစစ်ဘယ်သူလဲ
    3 hrs · Like
  • Million Maw စောင့်ဖက်လေ..မင်းဂေါတမ..အဖေအမေရင်းသ်အောင်လုပ်..
    2 hrs · Like
  • Million Maw အမေမာရိကအစစ်လို့မင်းဘယ်သူပြောလည်း
    2 hrs · Like
  • Shinnaymin Shinnaymin ဟားဟားဟား
    2 hrs · Like
  • Million Maw ရီးတာဘဲတတ်လား
    2 hrs · Like
  • Shinnaymin Shinnaymin ခရစ်ယာန်လို မာရီ မွတ်စလင် ကုန်အာရ် မှာ မာရီယာမ်လို ရေထာတယ်
    2 hrs · Like
  • Million Maw မင်းဒီလောက်ပဲအသိနဲ့..မေးတာအံ့ပါရဲ့
    2 hrs · Like
  • Shinnaymin Shinnaymin အခုထိ မင်းရေလို မပြီသေဘူလာ ငါ့စောင့်နေတာ ၂ရက်ရှိနေပြီ မင်းတို့အဖြေကို စောင့်နေရတာ
    2 hrs · Like
  • Thet Paing Win ခရစ်ယန်တွေက ယေရှုသေတဲ့ နေ့က စမှတ်တယ်လို့ အကျောက်အကန် ငြင်းကြပေမယ့်....

    Oxford တက္ကသိုလ် Dictionary မှာတော့ ....


    A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
    ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

    သူတို့ဆိုလိုတာက ခရစ်မပေါ်ခင် ၄၅ နှစ်ကို ခရစ်တော်မွေးတဲ့နှစ် ဆို ရောချပြီး ရောမပြက္ခဒိန်ကို ခရစ်ပြက္ခဒိန်လုပ်ပြစ်တာပါ ...။ တစ်ကယ်တော့ယေရှုမှာမွေးနေ့အတိအကျမရှိပါဖူး ...။
    2 hrs · Like · 2
  • John Saline မှားနေပါတယ်
    2 hrs · Like
  • Million Mawဗုဒမွေးနေ့အတိအကျကိုဘယ်သူကမှတ်ပေးထားတာလဲ...ဘယ်ကျောက်စာမှာရှိလဲပြောပြပါလားဖက်ရအောင်..ပြီးရင်..ယေရှုအကြောင်းကငါရေးပေးမယ်..လွယ်မှလွယ်
    2 hrs · Like · 1
  • Million Mawပိဋကတ်ကျောက်စာရဲ့ဘယ်နားလည်း..ပိဋကတ်စာအုပ်ဘယ်အချိန်မာဖြစ်လည်း
    2 hrs · Like
  • John Saline မြန်မာ calendar မှားလို့ဘယ်သူမှမသုံးပါဘူး အစ်ကိုတို့ေ၇းထားတဲ့ ဟာတွေက proof လည်းမရှိဘူး ဘယ်ထဲက ကူးထားတာလဲ
    2 hrs · Unlike · 1
  • John Saline World အစမှာ ဘုရင်မရှိသေးပါဘူး
    2 hrs · Unlike · 1
  • John Saline ဘယ်လိုလို့ ဘယ်နားက သွားကူးလာလဲမသိဘူး Google ပဲမှာတာလား post တင်တဲ့လူပဲမှားတာလား
    2 hrs · Unlike · 1
  • John Saline ၁၊ ၂၊ ၃၊ ကိုက မဟုတ်တာ အဲလောက်ထိများတဲ့ ခုနှစ် Google တောင်မသိဘူး သူက သိတယ် တယ်တော်သကိုး ရူးချင်တယ် လွတ်တော်မှာ viber video call တပ်ပေးမယ်ဆိုတာထက်တောင် ဆိုးနေပြီ
    2 hrs · Unlike · 1
  • Thet Paing Win အရိုင်းခေတ်ကိုကျော်လွန်ပြီး ... ရှင်ဘုရင်များ စတင်ပေါ်ပေါက်လာတဲ့ အချိန်က စတင်သတ်မှတ်ထားတဲ့ သက္ကရာဇ်ပါ ...

    ဒါကြောင့် ကမ္ဘာဦး ပထမဆုံး ရှင်ဘုရင် ဖြစ်တဲ့ မဟာသမ္မတမင်း လက်ထက်ကစပြီး ရေတွက်လာတဲ့ ခုနှစ်ကို ကမ္ဘာဦးသက္ကရာဇ်ကို လို့ခေါ်တာ
    1 hr · Like
  • Thet Paing Win ဗုဒဂယာက အသောကမင်းကြီး ကျောက်စာက ကမာသက်သေပဲ သွားဖက်လိုက်လေ ဗုဒပွင့်တဲ့နေရာကအစ ပရိနိဗာန်ပြုတဲ့ နေတွေ က သက်သေတွေပဲ
    1 hr · Like
  • John Saline အစ်ကိုရဲ့ resource ကိုတင်ပြနိုင်ရင်ပိုပြီးရှင်းလိမ့်မယ်
    1 hr · Unlike · 2
  • Thangbu Naing အာသောကရေးးတဲ့စာကိုဘယ်သူနားလည်လို့တုံး။
    1 hr · Unlike · 1
  • Thangbu Naing ငါကသွားဖတ်ရအောင် လည်းကုးစာမတတ်လို့
    1 hr · Unlike · 1
  • Thangbu Naing ပညာရှင်တော်တော်များများကတောင် အပေါ်ကဘုရင်တွေဘာညာတွေမသိရှာတာသူကသိနေတော့ ဘယ်တုန်းကရေးတဲ့သမိုင်းလည်းမသိဘူး။ကျနော် ကျောင်းသမိုင်းတုံးက သမိုင်းဦးဘုံမြေခေတ် သင်တာ ပထမဆုံးစာပေသုံးသူတွေဟာ မက်ဆိုပိုတေးမီးယားဒေသက လူတွေလို့ပဲမှတ်သားဖူးပါတယ်။သူတို့ကများမှတ်တမ်းတင်လေရော့သးပဲ
    1 hr · Unlike · 1
  • Thangbu Naing ကမ္ဘာဦးဘုရင်ကိုပြောတာနော်။
    1 hr · Unlike · 1
  • Thangbu Naing မက်ဆိုပိုတေးမီးယားဒေသဆိုတာ ဂျူးတွေရဲ့ဖခင် အာဗြဟံ ရဲ့မွေးဇာတိပဲ။သမိုင်းကို လေ့လာရင် အထင်းသား။စာအုပ်ထဲကမယုံဘူးပြောတဲ့သူတွေက စာအုပ်ကိုမှ ဟုတ်မဟုတ် မလေ့လာတော့ဘဲဇွတ်ယုံနေကြပါလား။
    1 hr · Unlike · 1
  • Million Mawအာသောကမင်းက..ဗုဒပွင့်ပြီး..ဘယ်လောက်မှပေါ်တဲ့မင်းလဲ..ကျောက်စာမှာဘာတွေရေးထားလဲလုပ်ပါဦးဟ
    1 hr · Like
  • Million Mawဒီပို့ပိုင်ရှင်ကိုအကြက်ရိုက်အောင်တော့သိပ်မလုပ်ကြနဲ့ဟ..သူကငါ့ကျေးဇူးရှင်သူ့ပို့ထဲမှာ..ဗုဓဘာသာကိုထောက်စရာတွေအများကြီးငါ့ကိုပေးထားလို့..ဟဟ..ကူးထားလိုက်ပြီးဒီပို့က..ဟာတွေနဲ့..စာရေးရဦးမှာ..ကောက်ကြောင်းလေးရပြန်ပြီ

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews