မူရင်းလင့်
https://www.facebook.com/groups/DiscussRoom4AllReligions/1588566014688212/?notif_t=group_comment
https://www.facebook.com/groups/696454947115525/permalink/758136467614039/
စောပါဦး..လေးဖက်လိုက်ပါဦးအရင်
ကာလာမသုတ်ကာလာမသုတ်နဲ့..
ဗုဒ္ဓဘာသာဝင်တွေပြောကြဂုဏ်ယူကြတယ်ဗျာ..
စောင်းကန်းမြောင်းကန်းပြောကြသေးတယ်..ဘယ်ဘာသာခြားတွေရဲ့ဘုရားမှမဟောပြောခဲ့ဘူးတဲ့
စိန်ခေါ်လိုက်သေးတယ်..
ပြောသေးတယ်..ဗုဒ္ဓဘာသာကိုဘာသာခြားတွေသက်ဝင်ယုံကြည်လာတာ
တရားအမှန်ကိုလေးနက်စွာသိလို့တဲ့..
ဗုဒ္ဓဘာသာကနေဘာသာပြောင်းသွားတာ..ထမင်းငက်လို့တဲ့..ဒါဘုန်းကြီးပြောတဲ့စကား
ဗုဒ္ဓဘာသာဆိုတာအမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ လေ…
ဒီတော့ကျွန်တော်မေလျံမော်တို့ဝေဖန်ပြီပေါ့..ဝေဖန်ရင်လည်းမခံနိုင်ကြဘူး…
ကာလမသုတ်ဆိုယနေ့ဗုဒ္ဓဘာသာလောကမှာ..ဒီအချက်၁၀ချက်ကိုသာအဓိကဖော်ပြပေးတယ်ဗျာ
ကာလာမသုတ်တွင် မြတ်စွာဘုရားက ဤသို့ မိန့်ကြားခဲ့ပါသည်။

၁။ ကလေးဘဝမှ စ၍ ကြားနာမှတ်သားခဲ့ရခြင်းဖြင့်လည်း ဟုတ်တယ်၊ မှန်တယ်ဟု၊ အမြဲ အစွဲမယူကြနှင့်။
၂။ မိဘဘိုးဘွားတို့မှဆင်းသက်၍ အဆက်ဆက် မှတ်ယူ လုပ်ကိုင်ရိုးဖြစ်၍လည်း အမြဲ စွဲမှတ်ယူမထားကြနှင့်။
၃။ ဣတိကိရ (ဒီဟာက ဒီလိုတဲ့)ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲ မှတ်ယူမထားနှင့်။
၎။ ဒီအယူအဆဟာ ငါတို့ သင်ထားသော ကျမ်းစာနှင့် ညီတယ်ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
၅။ မိမိဘာသာ ကြံစည်ထားသောအရာကိုလည်း ဟုတ်လှပြီ၊ မှန်လှပြီဟု အမြဲ အစွဲယူမထားကြနှင့်။
၆။ အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတပါးတို့ လုပ်နည်း ကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲ အစွဲယူ မထားကြနှင့်။
၇။ တစ်စုံတစ်ရာပြုဖို့ အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အကြောင်းအထောက်အထား ရ၍ သဘောကျသဖြင့်လည်း အမြဲ အစွဲ ယူမထားကြနှင့်။
၈။ သူပြောသော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့် ညီမျှပေသည်ဟု အယူဝါဒချင်း တူရုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။
၉။ ဤရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်း။ ဒီလိုပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်ဟု လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားနှင့်။
၁၀။ ဤရသေ့ရဟန်းကား ငါတို့ ကိုးကွယ်သော ဆရာဖြစ်၏။ ငါ့ဆရာ စကားကို ငါမှတ်သင့်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။
(ကျေးဇူးတော်ရှင် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ “အနာဂတ် သာသနာရေး”စာအုပ်မှာ ဆရာတော် ပြန်ဆိုထားတဲ့အတိုင်း ကူးယူထားတာပါ။)
ကြည့်ဆရာတော်ကိုတိုင်ကိုကဖျောက်ထားတော့…ဘုန်းကြီးယုံစုံလုံးကန်းတွေဖြစ်တော့တာပေါ့…
တကယ်ဆိုအောက်မှာဗုဒ္ဓထက်ရှင်းထားတာကျန်သေးတယ်ဗျာ…
ကာလာမ အမျိုးသားတို့ ဒီအကျင့်တွေသည် ကောင်းလည်းမကောင်း ၊ အပြစ်လည်းမကင်း ၊ပညာရှိကဲ့ရဲ့ စရာလည်း ဖြစ်၏ ။ထိုအကျင့်အကြံအလုပ်အကိုင်ကို
ပြုလိုက်လျှင်စီးပွါးမဲ့ ဖို့ ဒုက္ခရောက်ဖို့ဖြစ်၏ ဟုကိုယ်တိုင်နားလည်သောအခါ ထိုအကျင့်အပြုအမူများကို စွန့်လိုက်ကြ ၊ "စီးပွါးတိုးတက်၍သုခရဖို့ အကျင့်အကြံများ "
ဟုကိုယ်တိုင်နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြ ဟု ဟောတော်မူပြီးလျှင် ဒုစရိုက် ၊ သုစရိုက် များကို ခွဲခြား၍မေတ္တာ ၊ ကရုဏာ
စသော တရားများကို ဟောတော်မူလေသည်

ဒီတော့..ရှင်းနေတာပါ..ဗုဒ္ဓဘာသာကိုဘာကြောင့်စွန့်ပြစ်လည်းလူတွေက..
ဒီအကျင့်တွေသည် ကောင်းလည်းမကောင်း ၊ အပြစ်လည်းမကင်း ၊ပညာရှိကဲ့ရဲ့ စရာလည်း ဖြစ်၏ ။ထိုအကျင့်အကြံအလုပ်အကိုင်ကို
ပြုလိုက်လျှင်စီးပွါးမဲ့ ဖို့ ဒုက္ခရောက်ဖို့ဖြစ်၏ ဟုကိုယ်တိုင်နားလည်သောအခါ ထိုအကျင့်အပြုအမူများကို စွန့်လိုက်ကြ ၊ "စီးပွါးတိုးတက်၍သုခရဖို့ အကျင့်အကြံများ "
ဟုကိုယ်တိုင်နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြဆိုတဲ့ဗုဒ္ဓအဆုံးအမ
အတိုင်းပေါ့
ဘာသာခြားခရစ်ယာန်တွေဘာကြောင့်ဗုဒ္ဓဘာသာထဲဝင်လည်း..
ဟေရှာယအနာဂတ္တိကျမ်း ၂၈း၉-၁၃
၉ သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း၊၊ ငါတို့သည် နို့နှင့်ကွာစ ရှိသောသူ၊ အမိသားမြတ်နှင့်အနိုင်ကွာရသောသူ ဖြစ်ကြ သလော၊၊
၁၀ ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟုဆိုကြ၏၊၊
၁၁ အကယ်စင်စစ်၊ စကားမပြီသော နှုတ်ရိုင်းသော လျှာနှင့်ဤလူမျိုးကို မိန့်တော်မူလိမ့်မည်၊၊
၁၂ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်၊၊ ပင်ပန်းသော သူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင်သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူ့တို့သည် နားမထောင်ကြ၊၊
၁၃ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် သူတို့၌ပညတ်တခုပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်၊၊
သမ္မာကျမ်းစာကိုဒဲ့ဘာသာပြန်တဲ့အပြစ်ကြောင့်ပဲ….ဒဲ့ပြန်လို့မရဘူး.သမ္မာကျမ်းကိုကျမ်ချက်တစ်ချက်စွဲပြီး
လိုရာတွေးလိုက်လို့ကတော့..ဘုရားမသိဘဲငရဲအသိကိုပဲရမယ်..သမ္မာကျမ်းဆိုတာတစ်ခုနဲ့တစ်ခုဆက်စပ်နေတယ်..ရွှေကွင်းစပ်ဖြစ်တယ်..လေ့လာနည်းမသိရင်..ဘုရားမဲ့တောင်ဖြစ်သွားမယ်..ဘုရားမဲ့ဖြစ်ရင်..ဘုရားမဲ့
ဘာသာမဲ့ဗုဒ္ဓဘာသာဝင်ဖြစ်သွားမယ်..အဲ့လိုပြောရင်စိတ်စိုးမယ်..
ဗုဒ္ဓ..ဘာသာမဟုတ်ဘူး..ဝါဒ..တစ်ခုဖြစ်တယ်..ဒီတော့..ဘာသာလည်းဗုဒ္ဓမတည်ထောင်ခဲ့ဘူး..ဒါကြောင့်
ဘာသာမဲ့လို့ပြောတာ..ဘုရားမဲ့ဆိုတာကလည်း..ဗုဒ္ဓ..က..သူ့ကိုသူဘုရားလို့ပြောတာမဟုတ်ဘူး..
သူကိုတိုင်းကလည်းသူ့ခေတ်သူ့အခါက..ဘုရားတွေဘာသာတွေကိုသက်ဝင်ယုံကြည်မှုမရှိဘူး.
ဒါကြောင့် သိဒ္ဓတ္ထမင်းသားကဘုရားမဲ့ဘာသာမဲ့..ဗုဒ္ဓဖြစ်လာလည်းဘာသာမဲ့ဘုရားမဲ့ပဲ..
ကာလမသုတ်လိုမျိုးခရစ်ယာန်ဘာသာမှာမရှိဘူးလားမေးစရာရှိတယ်..
ရှိတာပေါ့..ကိုယ့်ဘာသာလောက်ပဲသိပြီး..မျက်စိပိတ်နေတဲ့လူကဘာသာမှာလည်း
ရွှေလက်ကောက်ဝတ်ထားတော့..ကြေးလက်ကောက်စိတ်မဝင်စားဘူးလုပ်နေကြတယ်..
ရွှေလက်ကောက်ကအတုကြီးဖြစ်နေတာမသိကြဘူး..ဟိဟိ…ကြေးလက်ကောက်လို့ထင်နေတဲ့ဟာက..
ဖုံတတ်သလိုဖြစ်နေလို့သာ..ရွှေလက်ကောက်မှန်းမသိတာ..ဟဟ
ဗုဒ္ဓပွင်တာ..ဘီစီ၆ရာစုလောက်က..ခန့်မှန်းခြေက
မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
ဟေရှာယဆိုတဲ့ဘုရားရဲ့လူကသူ့ရဲ့အနာဂတ္တိကျမ်းမှာဘယ်လိုရေးထားလည်းဆိုရင်
သူကဗုဒ္ဓထက်နှစ်အနည်းငယ်လောက်စောတယ်.. 740-680 B.C
အင်္ဂလိပ်လိုကပိုရှင်းတယ်..မြန်မာစာပေထက်
18 “Come now, let us reason together,”says the LORD. “Though your sins are like scarlet, they shall be as white as snow;though they are red as crimson, they shall be like wool.
၁၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊
ဒီမှာတရားစီရင်ကြကုန်ဆိုတဲ့စကားကို..အင်္ဂလိပ်မှာ reason လို့သုံးထားတယ်….အကျိုးအကြောင်းပြ..လို့အဓိပ္ပါယ်ပေါက်တာပေါ့
ပြောချင်တာ..ဘုရားက..သူနဲ့လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်တယ်…..ငါပြောတာမှန်လားမှားလား..ငါနဲ့ပက်သက်ပြီးမင်းပေါက်ကရပြောနေတာ..ယူစနေတာမှန်လားမှားလား..ငါနဲ့ထိပ်တိုက်လာပြီးအကျိုးအကြောင်းပြဆွေးနွေးပါတဲ့…ဒီလိုဖိတ်ခေါ်နေတဲ့သူက..သတိထားရမှာလူမဟုတ်ဘူးနော်…လူ့အနေနဲ့ရေတွက်လို့မရတဲ့စကြာဝဠာကြီးနဲ့သက်ရှိသက်မဲ့တွေကိုဖန်ဆင်းတဲ့
ဖန်ဆင်းရှင်း..အုပ်စိုးရှင်..ထောက်မရှင်..ဥပဒေပြထန်းသူ..တရားစီရင်ပိုင်သူ..ရှင်ဘုရင်….ထာဝရဘုရား
လာပါတဲ့..မင်းကိုငါဘာမှမလုပ်ဘူး..မင်းငါ့အကြောင်းမဟုတ်မဟက်ပြောနေတာ..မှန်လားမှားလား..ငါနဲ့ထိပ်တိုက်ဆွေးနွေးမယ်တဲ့…မင်းပြောတာမဟုတ်ဘူးဆိုတာကိုမင်းသိတဲ့အခါ..မင်းကိုငါက..ဘာမှမလုပ်ပါဘူးတရားမစီရင်ပါဘူး..
မင်းကိုငါကအပြစ်လွှတ်မှာပါ..မင်းငါ့အကြောင်းပြောတဲ့မကောင်းအပြစ်တွေကိုငါကလွှတ်ပေးပြီး..မင်းအပြစ်မရှိကြောင်းကိုအများသော..ဥပဒေဘက်တော်သားတွေအရှေ့မှာငါက..ပြောပြပေးမှာပါ..မင်းကိုတရားမစီရင်ဖို့..
အေးဒီလိုဖိတ်ခေါ်နေတာကိုမင်းကလက်မခံငြင်းစံရင်တော့..
မင်းပုန်ကန်မှုသပုန်ထမှုနဲ့…မင်းကို… ၂ဝသို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရကြရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏၊၊
သူပုန်ပဲ..တဲ့….ဗုဒ္ဓကိုကိုးကွယ်တာရုပ်တုကိုးကွယ်တာမင်းတို့..သူပုန်အစင့်မှာရှိတယ်နော်..ထာဝရဘုရားကမင်းတို့ကိုးကွယ်တာမှားတယ်မှန်တယ်ဆိုတာသိဖို့..သူနဲ့ထိပ်တိုက်ဆွေးနွေးဖို့မင်းတို့ကိုဖိတ်ခေါ်နေတယ်..ငြင်းစံပုန်ကန်ရင်တော့..သေရမယ်..
မင်းတို့ဗုဒ္ဓကလူ..ဖန်ဆင်းရှင်ကိုအံတုပြီး..ဘုရားလုပ်နေတဲ့သူ..သူ့ကိုကိုးကွယ်ရင်သူပုန်ပဲ..ဒါပေမဲ့..မင်းတို့ကိုစိတ်ရှေစွာနဲ့
လာပါအကျိုးအကြောင်းပြဆွေးနွေးမယ်..ခေါ်နေတယ်…
ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်းကို
မြည်းစမ်း၍ကြည့်ကြလော့။ ကိုယ်တော်၏အထံတော်၌ ခိုလှုံသော
သူတို့သည် မင်္ဂလာရှိကြ၏။
ဆာလံကျမ်း ၃၄း၈
ဆာလံကျမ်းရေးသူဒါဝိတ်မင်းဟာဗုဒ္ဓထက်နှစ်ပေါင်း၅၀၀ကျော်စောပြီးအသက်ရှင်သူဖြစ်တယ်..
သူကဖန်ဆင်းရှင်ကိုကိုးကွယ်တာ….မစမ်းမစစ်ပဲကိုးကွယ်တာမဟုတ်ဘူး..မြည်းစမ်းပြီးမှကိုးကွယ်တာ
ဈေးစကားပြောထားတယ်...အရင်မြည်းစမ်းပါ..ကြိုက်မှဝယ်ပါ
မကြိုက်ရင်မဝယ်နဲ့..ဒါပဲ..မင်းသဘောနဲ့မင်း….ငါဒါဝိတ်ကတော့..အားလုံးသာဘုရားတွေထက်သဘောကြ လို့ကိုးကွယ်လိုက်ပြီဘုရားသခင်တရားတယ်မှန်တယ်မမှန်ဘူး..ဆိုတာသေခြာလာပြီး
ဆွေးနွေးပါ..မဆွေးနွေးပဲအဝေးကနေအော်နေရင်တော့..သူပုန်တို့သွားရာလမ်း..တရားစီရင်ခံရမယ်..
အခြားဘုရားတွေဆိုတာဘုရားစစ်မဟုတ်ဘူး..ဆိုတာဒါဝိတ်ကသိသွားတယ်..သိတဲ့အခါ..
ဒါမျိုးကိုသူရေးတော့တယ်..
၃၂
၁အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊ ၂ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊ ၄နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊ ၅တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊ ၆ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊ ၇ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
၈သင့်ကိုငါသွန်သင်မည်၊၊ သင်သွားရမည် လမ်းကိုပြတော်မူမည်၊၊ သင့်ကိုကြည့်ရှု့ ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊ ၉သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ပစပ်ကိုဇက်ခွံ၍ ဇက်ကြိုးနှင့်ဆွဲရမည်၊၊ ၁ဝမတရားသောသူသည် ဒုက္ခများစွာကိုခံရမည်၊၊ ထာဝရဘုရား၌ ကိုးစားသော သူသည်ကား ကရုဏာတော်သည် ဝန်းရံတတ်၏၊၊ ၁၁ဖြောင်မတ်သောသူတို့ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့၊၊ သဘောဖြောင်သောသူတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့၊၊
ဒါကြောင့်…ကျွန်တော့တို့အကျိုးအကြောင်းပြဆွေးနွေးကြမယ်…ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်..
အထူးသဖြင့်စောပါဦး..ကျမ်းချက်တွေကိုဟိုတခုဒီတခုဆွဲပြီးအပုပ်ချနေတာ..ငါကမင်းကိုပြန်ရေးရင်တခြားသူတွေကငါ့ကို
အပြစ်တင်ကြတယ်..ဗုဒ္ဓဘာသာကိုတိုက်ခိုက်တယ်ဆိုပြီး..ဒီတော့မင်းလုပ်တာကိုငါတို့ခရစ်ယာန်တွေကခွင့်ပြုတယ်..
ပြန်လည်းပြီးဖြေရှင်းချက်ကောင်းစွာပေးမယ်..
ငါကတော့မင်းကိုအကျိုးအကြောင်းပြဆွေးနွေးဒါကိုဘုရားအလိုတော်အတိုင်းလုပ်မယ်….
သိရဲ့သားနဲ့မြင်ရဲ့သားနဲ့ငြင်းစံနေမယ်ဆိုရင်တော့..သူပုန်တို့သွားရာလမ်းအတိုင်း.ထာဝရဘုရားက..သူ့ရဲ့နှုတ်ကပတ်တော်
ထဲမှာကတိနဲ့သတိပေးထားတဲ့အတိုင်းလုပ်မှာပဲ… ၁၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊ ၁၉သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်၊၊ ၂ဝသို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရကြရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏၊၊
ထက်ဖြေ့လေးလိုက်ဦးမယ်..ကာလမသုတ်ကြောင့်ဘာတွေဖြစ်သွား လည်းဆိုတာလေးပါ
ကာလမသုတ် အတွေးအခေါ် အချက်များကို မြောက်ပိုင်းဂိုဏ်သားများက အလွန် သဘောကျပါတယ်၊ ဒါကြောင့် ဘုရားရှင် လက်ထက်တော်တုန်းကပင်လျှင် အချို့က ဘုရားရှင်ဟောတိုင်း လက်မခံကြဘူး၊ သဘာဝယုတ္တိနှင့် ညှိပြီး ကိုက်ညီမှ လက်ခံတယ်၊ မကိုက်ညီဘူး ဆိုလျှင် ဘုရားရှင်ကိုသော်လည်း ဝေဖန်ရဲကြတယ်၊ ဥပမာအားဖြင့် အရိဋ္ဌ ရဟန်းတို့က ဏ္ဋကသာမဏေတို့ ဆိုပါစို့၊ သူတို့ဟာ ဘုရားပတ်ထားတဲ့ ပထမ ပါရာဇိကကိုတောင် ပါရာဇိက မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပေါ့

မှန်ပါ - အဲသည် အရိဋ္ဌနှင့် ကဏ္ဋကတို့အကြောင်း နည်းနည်း အမိန့်ရှိပါဦး ဘုရား
အရိဋ္ဌနှင့် ကဏ္ဋကတို့ရဲ့ ပတ်ချက်ကတော့ ပါတိမောက် သပ္ပါဏကဝဂ်မှာရှိတယ်၊ မူလပဏ္ဏာသပါဠိတော် သြပမ္မဝဂ်မှာလည်း အလဂဒ္ဒူပမသုတ်ဆိုတဲ့အမည်နှင့် သုတ်တစ်သုတ် ဟောထားတာရှိတယ်၊ ဘုရားသခင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်အခါ အရိဋ္ဌအမည်ရှိတဲ့ ရဟန်းမှာ သည်လို အကြံဖြစ်သတဲ့ကွယ်၊ ဘုရားသခင်ဟာ မေထုန်မှီဝဲသော ရဟန်းအား ပါရာဇိကကျစေလို့ ပညတ်တော်မူထားတယ်၊ ပါရာဇိကဆိုတာဟာ သာသနာတော်မှာ ဆုံးရှုံးခြင်းဖြစ်တယ်၊ သာသနာတော်မှာ ဆုံးရှုံးတယ်ဆိုတာဟာလည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်၊ အမှန်ကတော့ မှေထုန်မှီဝဲရုံနှင့် ဘာကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိတ်သုဉ်းရမှာလဲ၊ မေထုန်မှီဝဲတယ်ဆိုတာဟာ ဘကာမဂုဏ်ကို ခံစားတာပဲ၊ ကာမဂုဏ်ဆိုတာ မေထုန်တစ်ခုတည်း မဟုတ်ဘူး၊ အဆင်းအပေါ် တပ်မက်ခြင်း၊ အသံပေါ်တပ်မက်ခြင်း၊ အနံ့အပေါ် တပ်မက်ခြင်း၊ အရသာအပေါ် တက်မက်ခြင်း၊ အထိအတွေ့အပေါ် တပ်မက်ခြင်းတွေဟာလည်း ကာမဂုဏ်ဆိုတာ ခံစားတာပဲမဟုတ်လား၊ အဲသည် ကာမဂုဏ် ခံစားတာတွေတော့ ပါရာဇိကမကျဘဲ မေထုန်မှီဝဲမှ ဘာကြောင့် ပါရာဇိက ကျမလဲ၊ သည်ကာမဂုဏ်ငါးပါးမှာ ဖောဋ္ဌဗ္ဗဆိုတဲ့ အတွေ့အထိ ကာမဂုဏ်က အားကြီးလို့ ပါရာဇိက ကျတာပါဆိုခဲ့လျှင် အခြား ပိုးဖဲကတ္တီပါ စသော အတွေ့အထိများ ခံစားတော့ ဘာကြောင့် ပါရာဇိကမကျသလဲ၊ ပြီးတော့ လူသား ဥပါသကာ ဥပါသကီတွေ သူတို့မှာ လင်နှင့်မယား ပျော်ပါးနေထိုင်ရင်း တစ်မဂ်တစ်ဖိုလ် ရကြတယ်မဟုတ်လား၊ ရဟန်းကျမှ အဝတ်ချင်းကွဲရုံနှင့် ဘာကြောင့် ပါရာဇိကကျရမလဲ၊ အဲသည်လို အကြံကြီးပြီး ဘုရားရှင်ရဲ့ ပထမပါရာဇိက သိက္ခာပုဒ်ကို ဝေဖန်ခဲ့ကြတယ်၊ အရိဋ္ဌရဟန်းနှင့် ကဏ္ဋကသာမဏေတို့ရဲ့ ဝေဖန်ချက်ဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်လို့ပေါ့၊ သို့မို့ရင် သည်ဝါဒကိုပြေပျောက်အောင် နှိမ်နင်းဖို့ မလွယ်ဘူး၊ သို့သော်လည်း ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားပြီးနောက် ပညာဂရုကပုဂ္ဂိုလ်တွေဟာ ခေတ်နှင့် အံမဝင်သော၊ သဘောဝမကျသော၊ လူတိုင်း လက်မခံနိုင်သော၊ ကျပ်တည်း ကျဉ်းမြောင်းသော အတွေးအခေါ်များကို ပဋိကတ်တော်အတွင်းက တစ်စတစ်စထုတ်ပယ်ပစ်ခဲ့ကြတယ်။