Monday, May 5, 2014

ကျေက်ကွင်းအရေးတော်ပုံဆိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းဆံရှင်ဥက္ကဌ၏အောင်ပွဲ..

ကျေက်ကွင်းအရေးတော်ပုံဆိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းဆံရှင်ဥက္ကဌ၏အောင်ပွဲ..
ကျောက်ကွင်းအရေးတော်ပုံဆိုပြီးအင်တာနက်ပေါ်မှာတော်တော်လေးခေတ်စားနေပါတယ်..
ဗုဒ္ဓဘာသာတွေကလည်းဒီစာအုပ်ကိုဖက်ပြီးတော်တော်တက်ကြွနေကြတယ်..
အထူးသဖြင့်ဒီကျောက်ကွင်းအရေးတော်ပုံကိုဖြန့်တဲ့သူက..
ဒီဆိုဒ်ပိုင်ရှင်. http://suvamnabumi.blogspot.com ကဘုန်းကြီး(အရှင်မုနိန္ဒပန်းထို)

သူနဲ့ကျွန်တော်၂၀၁၂လောက်က.. http://www.mm4everfriends.com/မှာစတင်တွေ့ပြီး..အပြင်းအထန်းဆွေးနွေးမှုကိုပြုမိကြတယ်..အဲ့ဒီဆိုဒ်မှာသူတင်ထားတဲ့အတွက်..ကျွန်တော့သူ
ငယ်ချင်းတစ်ယောက်ကကျွန်တော်ကိုအသိပေးခေါ်ပြောတဲ့အတွက်ကြောင့်ပါ..နောက်ဆုံးသူ့တင်တဲ့
ကျောက်ကွင်းအရေးတော်ပုံပို့ကိုအက်မင်ရဲနိုင်(ဗုဒ္ဓဘာသာဝင်)ရဲ့တောင်းဆိုမှုနဲ့ဘဲဖြတ်ပြီးဆိုဒ်ကနေသူ
ထွက်သွားရတယ်..ကျန်တဲ့ဗုဒ္ဓဘာသာဝင်အက်မင်ကိုသန့်နဲ့တကွအခြားအက်မင်တွေကမကျေမနက်ဖြစ်ပြီးဆက်ဆွေးနွးမှုတွေကိုလုပ်တယ်
ကျွန်တော့်ရဲ့အရေးသားတွေကိုမခံနိုင်တဲ့အတွက်..နောက်ဆုံးဗန်းတယ်..တင်သမျှပို့တွေကိုခွင့်မပြုဘူး
နောက်ဆုံးကျွန်တော့်ကိုတာဝန်ယူထားတဲ့..အက်မင်ရဲနိုင်ကိုတိုင်က..(စန်စုနိုင်)(ကျွန်တော့်အထင်)ဘာ
ကြောင့်လဲဆိုရင်သူကကျွန်တော်ရဲနိုင်ကိုပြောခဲ့သမျှကိုသိနေတဲ့အတွက်သာမက..သူပေါ်လာတဲ့အချိန်မှာရဲနိုင်ဆိုတာမရှိတော့တဲ့အတွက်)အမည်နဲ့ဝင်ဆွေးနွေးပြီး
တခြားအက်မင်ကဗန်းတာဖျက်တာကိုတာဝန်ယူပြီးကျွန်တော့်ကိုဝိုင်းနိုပ်ကွတ်တော့တာဘဲ
ဟသတော့ဟသဘဲ..ပြော်စရာကောင်းတယ်..အခုလည်းဒီမှာ..ပြန်ပြီးကျောက်ကွင်းအေ၇းတော်ပုံမှာခရစ်ယာန်တွေရှုံးသွားတယ်ဆိုပြီးတစခန်းထလာပြန်တယ်..မရေးဘဲထားရင်..အဟုတ်ထင်နေမှာဆိုးလို့..အခုပြန်လည်
ပြီးဆွေးနွေးမှုကိုလုပ်မှာဖြစ်ပါတယ်..
ကျွန်တော်အံ့သြမိတယ်ဗျာ..ဘာကြောင့်များဒီစာအုပ်ကိုဖက်တဲ့လူတွေ..အမှန်လို့ထင်နေကြတာ
လဲလို့..ကိုယ့်ဘာသာကဘာသင်မှန်းမသိလို့လား..အနိုင်လိုချင်စိတ်များနေလို့လား..
ကဲ့ပြိုင်ပွဲကိုစန်းစစ်ကြရအောင်ဗျာ..
စာကိုဖက်တဲ့အခါ..စာမျက်နှာပေါင်း၄၇မျက်နှာရှိတယ်..pdf ဖိုင်နဲ့ပေါ့..
ဆိုတော့..သူတို့ပြောတဲစကားတွေကိုလေ့လာကြရအောင်
စာမျက်နှာ၂၀ကနေ၂၃အထိက..ခရစ်ယာန်ဘက်က..ပြောတဲ့စကာ..အဲ့ဒီမှာရဟန်းတွေကမျက်နှာမကောင်းဖြစ်နေပေမဲ့.ရှင်ဥက္က္ကဋ္ဌကတော့မျက်နှာမပျက်ဘူး..
သူ့အလည့်က..စာမျက်နှာ၂၄ကနေ၂၉အထိ..သူ့စကားတွေကိုအဓိကဖော်ပြထားတယ်..ခရစ်ယာန်ဘက်ကပြောတဲ့စကားတွေထက်များနေတယ်..ထားလိုက်..ရှင်ဥက္ကဌပြောတာကိုအသားပေးဖော်ပြချင်လို့..
နောက်စာမျက်နာ၃၀အဆုံးနားကနေ၄၅အထိသူပြောသွားတဲ့ဟာတွေကိုဘဲအဓိကဖော်ပြထားတယ်..
ခရစ်ယာန်ဘက်ပိုင်းကပြောတဲ့ဟာကိုတော့မှတ်တန်းမတင်ထားတော့ဘူး..
ရွာလုံးကြွတ်ဗုဒ္ဓဘာသာဖြစ်ကုန်တယ်ဆိုတာနဲ့အဆုံးသတ်တယ်..ကဲ့မေးချင်တာအခုအဲဒီရွာမှာခရစ်ယာန်ရှိသေးလားမရှိတော့ဘူးလားဆိုတာ..ပြောနိုင်တဲ့လူရှိလား..ဒီစာကိုဖက်နေတဲ့သူ.
ကဲ့ရှင်ဥက္ကဌခြေပတဲ့အကြောင်းတွေကိုပြန်သုံးသပ်မယ်..
အဲဒီဗုဒ္ဓ ၀င်မှာ ပါတဲ့ အတိုင်း ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို
အထောက် အထားအခိုင် အလုံနဲ့ပြောနိုင်ပါသလား? အခိုင် အလုံပြနိုင်ပါသလား? အခိုင် အလုံပြနိုင်ရင်
ဦးပဇင်းမှားကြောင်း ဦးသာဒင်ကို ၀န်ချတောင်းပန်ပါ့မယ်။ အမှန်က ဗုဒ္ဓ ၀င်ဆို တာ ဗုဒ္ဓ ၀ံသ အဋ္ဌကထာကို
မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ? ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင်ဗုဒ္ဓဒတ္ထပါ၊
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ်ရဟန်းတော်သာ
ဖြစ်ပါတယ် }။
“နလာဋ ဓာတု ၀င်၊ မဟာဝင်၊ ဒီပ၀င်၊ ဗောဓိ ၀င်၊ ဒါဋ္ဌဓာတု ၀င် -ဆိုတာတွေကိုလည်း သီဟိုဠ်ရဟန်းတော်
အရှင်မဟာနာမ-ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ၊ ဋီကာတွေကို
တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေးထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း)
ကို ရေးသားပြုစုခဲ့တယ်၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ )တို့ ဆိုတာတွေလည်း
ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်က ဗုဒ္ဓဘုရားဟောပါ-ဆိုပြီး ဝေဖန်သွားတာကို
တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထ, ဋီကာ-စတာတွေကို
အတူတူကြီးပဲ ထင်ပြီး ပြောနေကြရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိ မ့်မယ်။ ပိဋကတ်တော်ကို
စေ့စေ့စပ်စပ်သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်
အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို
စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ်၊ ဘယ် ဟာက နောက်
စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနို င်ပြီးတော့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာတွေ အများကြီး
ရှိပါတယ်၊ အဲဒါကို ဦးသာဒင်တို့ အထူးသတိပြုဖို့ ကောင်းပါတယ် ”။
“စိန္တိတံ သတ္တသင်္ချေယံ -အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ , သောတတ္တကီ -ကျမ်းတွေ ထဲမှာပါတာ၊
ပိဋကတ်တွေထဲမှာပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော် (၁၂)ပါးတို့ ဆိုတာ၊ တာဝတိံ သာ
နတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ၊ ဘုရားဟောမဟုတ်ပါဘူး။ သစ္စက ပုရဗို ဇ် နှင့် ဗုဒ္ဓဟာ
အနတ္တ ၀ါဒကိစ္စ မေးတာ သစ္စက-အားလုံးကို ၀န်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း
သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး”။
ကဲ့အထက်ပါအကြောင်းအရာတွေက..ရှင်ဥက္ကဌဆိုသလို..တကယ်ဘဲ..ဗုဒ္ဓဘာသာကျမ်းပြုဆရာတော်တွေရဲ့လိမ်ညာမှုဆိုတာအမှန်ဘဲလို့..ဝန်ခံလား…ခရစ်ယာန်ဘာသာဝင်ဘယ်ပညာရှင်ဆိုသူက..ဗုဒ္ဓဘာသာထဲကိုဝင်ခဲ့တာနာမည်နဲ့တကွသူပြောနိုင်လား..ဒါဆိုရင်ဗုဒ္ဓဝင်ဟာ..အလိမ်အညာကြီးပေါ့..၅၅၀ဇတ်တော်..ဇတ်ကြီး၁၀ဘွဲ့ဆိုတာတွေလဲ..
လုပ်ကြံရေးထားတယ်လို့ဗုဒ္ဓဘာသာဝင်ဒီစာကိုဖက်နေတဲ့သူလက်ခံလား
ရှင်ဥက္ကဌပြောတဲ့..ဗုဒ္ဓဝင်ကိုလုပ်ကြံရေးသူအကြောင်းကိုဒီမှာဖက်ကြည့်ပါ
အချိန်ကာလ ကတော့ သာသနာတော်နှစ် ၉၀၀ ခန့်ကပေါ့။ သီဟိုဠ်ကျွန်းမှာ သာသနာတော် အလွန်ထွန်းလင်းစည်ပင် တောက်ပ လျက်ရှိနေခဲ့ပါတယ်။ နမက္ကာရ ဘုရားရှစ်ခိုး သည်လည်း ဝိသုဒ္ဓိမဂ္ဂ ကျမ်းမြတ်နှင့် ဆက်စပ် နေလို့လည်း ပိုလို့ စိတ်ဝင်စားခဲ့ ရပါတယ်။
ထိုအချိန်က ပိဋကတ်သုံးပုံပါဠိတော်နှင့် အဌကထာများသည် မပျက်မစီး သီဟိုဋ္ဌ် ဘာသာဖြင့် တည်ရှိနေခဲ့ပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမ ဒေသမှာတော့ အပြည့်အစုံတည်ရှိခြင်း မရှိလေတော့ (ပိဋကတ် သုံးပုံပါဠိတော် နှင့် အဋ္ဌကထာ များကို သီဟိုဋ္ဌ်ဘာသာ အက္ခရာအရေးအသားကနေ မာဂဓ ဘာသာ အက္ခရာ အရေးအသားသို့ အဘယ်သူ ပြန်ဆို ကူးယူနိုင်စွမ်း ရှိပါလတ္တံနည်း) ဟု မထေရ် အများစည်းဝေးတိုင်ပင်ကြပါတယ်။
တာဝတိံ သာနတ်ပြည်မှ ဃောသနတ်သားကို မထေရ်များတွေ့ မြင်ကြကုန်သည်ရှိသော်၊ ဤနတ်သားသည် ကား ပိဋကတ်တော်ကို ပြန်ဆိုကူးယူနိုင်စွမ်း ရှိရုံမက ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုလည်း အဓွန့်ရှည်စွာ တည်တန့် စေနိုင်မည့်သူ ရယ်လို့ အနာဂတံသ ဉာဏ်ဖြင့်သိတော်မူ တဲ့အတွက်* ဃောသ * နတ်သားကို သိကြားမင်း၊ နတ်မင်းတို့ နှင့်တကွ မထေရ်မြတ်တို့က တောင်းပန်ကြပါတယ်။ မဟာဗောဓိပင်အနီး ဃောသအမည်ရှိသော ပုဏ္ဏားရွာမှာ၊ ကေသမည်သော ပုဏ္ဏားကြီးရဲ့ဇနီး ကေသီမည်သော ပုဏ္ဏေးမကြီးရဲ့ ဝမ်းတိုက်အတွင်း ပဋိသန္ဓေ စွဲမှီ တည်တော်မူပါတယ်။
ဃောသပုဏ္ဏား အဖြစ် မွေးဖွားတဲ့ အားလျော်စွာ မိဘရိုးရာ ဗေဒင်ပညာကို သင်ကြားရာ ၇နှစ်သား အရွယ် ကတည်းက တဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။ ဗေဒင်မာန် တက်ကြွပြီး အရပ်ရပ် အရွာရွာကိုသွားရောက် လှည့်လည် ဆွေးနွေးလေရာ (ရေဝတ ) အမည်ရှိသော ရဟန္တာ မထေရ် မြတ်တပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရှင်ရေဝတ မထေရ်မြတ်က *ကုသလာဓမ္မာ- ကုသိုလ်တရားတို့သည်ကား အဘယ်သည်တို့မည်နည်း* *အကုသလာ ဓမ္မာ- အကုသိုလ်တရာ တို့ကား အဘယ်သည် တို့နည်း* *အဗျာကတာ ဓမ္မာ- အဗျာကတ တရားတို့ကား အဘယ်သည်တို့နည်း* ဟု ပရမတ္ထဝေဒ မည်တဲ့ ဗုဒ္ဓမန္တန်ကို မေးမြန်းခဲ့ပါတယ်။
ကြားလည်းမကြားဘူး ဖြေကြားနိုင်စွမ်းလည်း မရှိတဲ့အတွက် အဲဒီ ပရမတ္ထ ဗုဒ္ဓမန္တန်ကို သင်ကြားလို စိတ်တွေ ထက်သန်လာခဲ့ပြီး အရှင်ရေဝတ ရဟန္တာ မထေရ်မြတ်ထံပါးမှာ ရှင်ရဟန်းပြုပြီး သင်ကြားခဲ့ရာ တစ်နေ့တစ်နေ့တွင် ပုဒ်ပေါင်း ခြောက်သောင်း နှုတ်တက် သရဇ္ဈာယ် နိုင်တဲ့ အတွက် တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့ ပါတယ်။
တနေ့ကျတော့ ရှင်မဟာ ဗုဒ္ဓဃောသ မထေရ်က *မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်သုံးပုံမှာ ငါ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော* လို့ တွေးတောကြံစည်သည်ကို ဥပဇ္ဈယ်ဆရာဖြစ်တော်မူတဲ့ အရှင်ရေဝတ မထေရ်မြတ်က စေတောပရိယ အဘိဉာဉ် နဲ့သိတော်မူခဲ့ပါတယ်။ ငါ့ရှင် ဗုဒ္ဓဃောသ- ပိဋကတ်စာပေ မာန်တက်ကာ မသင့်တော်သည်များကို မကြံစည်လင့် ဝန်လေးလှဘိသည်* စသည်ဖြင့် နှိပ်ကွပ် ဆုံးမတော်မူခဲ့ပါတယ်။
အဲဒီ အခါ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်သည် ထိတ်လန့်ခြင်း သံဝေဂ ဖြစ်ပေါ်လာပြီး ဥပဇ္ဈာယ် ဆရာအား ကန်တော့ဝန်ချတောင်းပန် လိုက်ပါတယ်။ ဥပဇ္ဈာယ်ဆရာကလည်း (ငါ့ရှင်ဗုဒ္ဓဃောသ။ သီဟိုဋ္ဌ်ကျွန်း ကိုသွားပြီး သီဟိုဋ္ဌ်ဘာသာ အက္ခရာ ဖြင့်ရေးသားတင်ထားအပ်တဲ့ ပိဋကတ်သုံးပုံကို မာဂဓဘာသာ အက္ခရာနဲ့ ပြန်ဆို ရေးသားလေလော့။ ယင်းသို့ ရေးသားလေလျှင် ငါသည်းခံအံ့) ဟုမိန့်တော်မူတဲ့ အတွက် ဆောင်ရွက်ပါမယ်လို့ ဝန်ခံ ကတိပြုရပါလေတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ် ကျွန်းကိုမကြွမီ ခမည်းတော်အားမိစ္ဆာဒိဋ္ဌိ အယူမှ လွတ်စေပြီးမှ ဥပဇ္ဈာယ် ဆရာရဲ့ စကားကို ဦးဖြင့်ခံယူပြီး ပိဋကတ်တော် ရေးကူးရန် အတွက် ရွက်သင်္ဘောနဲ့ သီဟိုဠ် ကျွန်းကို ကြွချီတော်မူခဲ့ပါတယ်။
သုံရက်မြောက်တဲ့နေ့၊ သမုဒ္ဒရာအလယ်သို့ရောက်တဲ့အခါမှာ ပိဋကတ်တော် ကူးယူလို့မရလို့ ပြန်ခဲ့ရတဲ့ အရှင်ဗုဒ္ဓဒတ္ထ မထေရ်ရဲ့ရွက် သဘောင်္ နဲ့တွေ့ဆုံပါတယ်။
အရှင်ဗုဒ္ဓဒတ္ထ မထေရ်က *ငါ့ရှင်- ဗုဒ္ဓဃောသ ငါသည် သီဟိုဠ် ကျွန်းတွင် ပိဋကတ်တော် ကူးယူခွင့်ရရန် အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသား ပြုစုပြသခဲ့ပါတယ်။ သီဟိုကျွန်းသား မဟာထေရ်များကငါရေးသား သောကျမ်းကို အနှစ်မဲ့ကျမ်းလို့ မှတ်ထင်ပြီး ငါ့ကို ပိဋကတ်တော်ကူယူခွင့်မပြုခဲ့ကြပါဘူး။ သင်မူကား ပိဋကတ်တော် အဖွင့် သံဝဏ္ဏနာကျမ်း တစ်ခု ပြုစုပြသပြီး ကူးယူခွင့်တောင်းပါ* လို့မှာထားပြောဆိုပြီး သိကြားမင်း ဆက်ကပ် အပ်တဲ့ သျှိသျှားသီးကို လည်း၎င်း၊ သံကညစ်တံကို ၄င်း၊ကညစ်သွေးရန် ကျောက်ကို၎င်း၊ ရှင်မဟာ ဗုဒ္ဓ ဃောသ မထေရ်ကို ပေးအပ်ပါတော့တယ်။
ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်ဟာ သီဟိုဠ်ကျွန်းကိုရောက် တဲ့အခါ ဦးစီးပထမ သံဃပါလ မထေရ်ကို မူးမြင်ပြီး ပိဋကတ်တော်ကူးယူရန် လာရောက်ကြောင်း လျှာက်ထားသဖြင့် သီဟိုမထေရ်များနဲ့ သံဃပါလ မထေရ်မြတ်က… ဇဋာသုတ်လာ- ဂါထာတစ်ပုဒ်ပေးအပ်ကာ ဂါထာ အနက်ကို ပိဋကတ်တော် တုန်လှုပ်ခြောက်ခြား အောင်ဖွင့်ဆိုပါအုံးလော့ ဟု တိုက်တွန်းပါတယ်။
ဂါထာကို အစဦး ထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသားပြုစုတော်မူပါတယ်။
သီဟိုဠ် မထေရ်များ အလွန်နှစ်သက်သဘောကျပြီး ပိဋကတ်တော်ပြန်ဆို ကူးယူခွင့်ပေးသော်လည်း ပိဋကတ်တိုက်ကြီး ကိုတော့ဖွင့်မပေးခဲ့ပါဘူး။ သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေလော့--- လို့မိန့်ဆိုကြပြန်ပါတယ်။
သည်နေရာမှာ ကျွန်မ ကတော့ တွေးမိပါတယ်။ တက္ကသိုလ် တက်ခွင့်ရဘို့ ကျွန်မတို့ Proposal တင်ရသလို Entrance Exam ဖြေရသလိုနေမှာပဲ ဆိုတာကိုပါ။
အရှင်မြတ်ဟာ သည်အချိန်မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုတဲ့စိတ်ကို အစွမ်းကုန် စွမ်းအားထုတ် ကာ လှိုက်လှဲ ရဲရင့်တဲ့ စေတနာနဲ့ပူဇော်ခဲ့တာကစပြီး နမက္ကာရ ဘုရားရှစ်ခိုး စတင်ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော် ကျေးဇူးတော်၊ လက္ခဏာတော် တန်ခိုးတော်များနဲ့ တကွ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါး၊ ပါရမီတော် ဆယ်ပါး၊ စသည်တို့ကို (သုဂတံ၊သုဂတံ သေဋ္ဌံ) စသောနမက္ကာရာ ဘုရား ရှစ်ခိုးဂါထာဖြင့် ဖွဲ့နွဲ့ရေးသားစီရင်ပြီးလျှင် ပိဋကတ်တော် တံခါးဝတွင် ထိုင်တော်မူလျှက် နမက္ကာရ ဂါထာပါ အနက် အဓိပ္ပါယ်လာ အတိုင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးအား အာရုံပြုပြီး နမက္ကာရ ဘုရားရှိခိုး ဂါထာပါဠိကိုရွတ်ဆိုရာ……………………
မဟာဗောဓိ ပလ္လင် တော်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူသော မြတ်စွာဘုရားအား မာန်နတ် လာ၍ စစ်ထိုးသောအခါ (ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သောကြောင့် ဤဗောဓိပင်နှင့်ပလ္လင်ကို ရရှိပေသည်) လို့ ပါရမီတော်နှင့် ညွှန်ကြားမှ မာရ်နတ်ရန် ပျက်ပြားလို့သွားသကဲ့သို့ပင် ထူးခြားလှစွာ ပါရမီ ဂုဏ်တော်ညွှန်း ဂါထာပုဒ်ကို ရွတ်ဆိုမိသည်နှင့် တပြိုင်နက် ပိဋကတ်တ်ာတိုက် တံခါးသည် အလိုလို အလျောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်းပွင့်သွားပြီး ပိဋ ကတ် တော်ကို ကူးယူပြန်ဆိုနိုင် ခဲ့ပါတော့တယ်။
အရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူအပ်တဲ့ နမက္ကာရ ပါဠိကို ရှေးဆရာတော်ကြီးများသည် ပါဠိလျှောက်စာသွား စကားပြေများနဲ့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ပါတယ်။ တွံတေးဆရာတော်ဘုရားကြီး၊ စိန္တကျော်သူ ဦးသြတို့ကလည်း အနက်မြန်မာ ပြန်ဆိုခဲ့ကြပါတယ်။
ထို နမက္ကာရသုံးစောင်ကို တစ်အုပ်တည်းစုပေါင်းပြီး ရွှေတောင်မြို့ ကျီးသည်းလေးထပ် ဆရာတော်ဘုရား ကြီးက မြန်မာ စကားပြေလင်္ကာ စကားပြေနှင့် ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ဘုရားရှိခိုးစာအုပ်ကို ရေးသားပြုစုထားခဲ့တာ ဖြစ်ပါတယ်။ အများနားလည်စေရန် အတွက် စကားပြေလင်္ကာစာသွားနဲ့ ဘုန်းတော်ကြီးကျောင်းသုံး (၁၀)စောင်တွဲ တွင်ရှိ နမက္ကာရပါဠိတော်မှာ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။
မှတ်ချက်။ ။ပညာအလင်း စာပေတိုက်မှ ထုတ်ဝေသော (အရှင်မဟာဗုဒ္ဓဃောသ၏ ထေရုပ္ပတ္တိ အကျဉ်းနှင့် ပကိဏ္ဏက နမက္ကာရ ဘုရားရှိခိုး) စာအုပ် ကို ကိုးကားရေးသားအပ်ပါသည်။
http://www.thitsaralin.org/2009/12/blog-post_17.html
ပြီးတော့ပိဋကတ်ဟာ..အလိမ်အညာသမားလို့ဆိုခံရတဲ့..အရှင်ဗုဓ္ဓဃောသရဲ့အရေးသား
တွေးနဲ့လည်းပြည့်နေတယ်ဆိုတာသိရပြန်တယ်..
ပိဋကသုံးပုံအတွက် အဋ္ဌကထာစာရင်း---
ဝိနယပိဋက--
(၁) ၀ိနယ ပိဋကပါဠိ > သမန္တပါသာဒိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ပါဋိမောက္ခပါဠိ> ကင်္ခါဝိတရဏိအဋ္ဌကထာ (ဗုဒ္ဓဃောသ)
သုတ္တန္တပိဋက---
(၁) ဒီဃနိကာယပါဠိ >သုမင်္ဂလ၀ိလာသိဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) မဇ္ဈိမနိကာယပါဠိ > ပပဉ္စသူဒနီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) သံယုတ္တနိကာယပါဠိ > သာရတ္ထပ္ပကာသိနီ (ဗုဒ္ဓဃောသ)
(၄) အင်္ဂုတ္တရနိကာယပါဠိ > မနောရတ္ထပူရဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၅) ခုဒ္ဒကနိကာယ---
(၁) ခုဒ္ဒကပါဌပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ဓမ္မပဒပါဠိ > ဓမ္မပဒအဋ္ဌကထာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) ဥဒါနပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ (ဓမ္မပါလ)
(၄) ဣိတိဝုတ္တကပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ(ဓမ္မပါလ)
(၅) သုတ္တနိပါတ ပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ( ဓမ္မပါလ)
(၆) ၀ိမာန၀တ္ထုပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၇) ပေတ၀တ္ထုပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
(၈) ထေရဂါထာပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၉) ထေရီဂါထာပါဠိ> ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၁၀) ဇာတကပါဠိ > ဇာတကအဋ္ဌကထ (ဓမ္မပါလ)
(၁၁) နိဒ္ဒေသ ပါဠိ> သဒ္ဓမ္မပဇ္ဇောတိကာ အဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၁၂) ပဋိသမ္ဘီဒါမဂ္ဂပါဠိ > သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ (ဥပသေန)
(၁၃) အပါဒါနပါဠိ> ၀ိသုဒ္ဓဇန၀ိလာသိနီ အဋ္ဌကထာ (အမည်မသိ)
(၁၄) ဗုဒ္ဓ၀ံသပါဠိ > မဓုရတ္ထ၀ိလာသိနီအဋ္ဌကထာ (ဗုဒ္ဓဒတ္တ)
(၁၅) စရိယာပိဋကပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
အဘိဓမ္မာပိဋက---
(၁) ဓမ္မသင်္ဂဏီပါဠိ > အတ္ထသာလိဏီ အဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၂) ၀ိဘင်္ဂပါဠိ > သမ္မေဟ၀ိနောဒနီအဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၃) ကထာဝတ္ထုပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၄) ပုဂ္ဂလပညတ္တိပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၅) ဓာတုကထာပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၆) ယမကပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၇) ပဋ္ဌာနပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
ကဲ့ပြောပါ..ဗုဒ္ဓဘာသာဝင်တွေရှင်ဥက္ကဌပြောသရလိုဘဲဗုဒ္ဓဝင်ကျမ်းဟာအလိမ်ကျမ်းကြီးလား..အရှင်ဗုဓဃောသကရဟန်းအလိမ်ကြီးလား..ဒါဆိုပိဋကတ်ကျမ်းကကော..သိပါရစေ
ဒီအယူအစကိုယနေ့ထေရဝါဒဘုန်းကြီးများနဲ့ဘာသာဝင်များလက်ခံပါသလား
နောက်အချက်အလက်များကိုနောက်ပို့တစ်ခုဖြစ်ဆက်လက်တင်က..ကျောက်ကွင်းအရေးတော်ပုံတစ်အုပ်လုံးကို
ဆွေးနွေးသွားမည်ဖြစ်သည်
suvamnabumi.blogspot.com



Like · ·
  • Han Q Zin ဟုတ်ချင်ဟုတ်မှာပေါ့။ ကျမ်းဆိုတာ လူကရေးတာပဲ။ ပြည့်စုံချင်မှ ပြည့်စုံမယ်။ သူအထင် သူ့အမြင်နဲ့ ရေးထားတာလည်း ဖြစ်နိုင်တယ်။ သမ္မာကျမ်းလိုပေါ့ဗျာ ခရစ်တော်က ဘာပဲ ပြောခဲ့ပြောခဲ့ ဖန်ဆင်းရှင်ကို ယုံကြည်ပြီးသားဖြစ်တဲ့ သူရဲ့နောက်လိုက်တွေက ဖန်ဆင်းရှင်ဝါဒအမြင်နဲ့ပဲ တောက်လျှောက်ချရေးမှာပါ။ ဒါကြောင့် ဗုဒ္ဓက ကာလမသုတ်မှာ ကျမ်းထဲမှာ အတိအလင်း ရေးထားတယ်ဆိုရင်တောင်မှ မယုံပါနဲ့တဲ့ အရာရာကို သုံးသပ်ဆင်ခြင်ပြီးမှ ယုံပါတဲ့။ နောက်ဆုံး သူပြောခဲ့တယ်ဆိုပြီးတော့လည်း မယုံပါနဲ့တဲ့ အမှန်တကယ် ထိတွေ့ခံစားရမှ ယုံပါတဲ့ဗျာ။ ဗုဒ္ဓဘာသာက ယုံစရာကို မလိုတာ။ သိပ္ပံနဲ့အတူတူပဲ မယုံရင် စမ်းသပ်ကြည့်လိုက်ယုံပါပဲ။

  • Htay Naing သီဟ်ုလ် ဆရာတော်ကြီးများရဲ့ခွင့်ပြု ချက်နဲ့ ပေစာပေါ်တွင် အက္ခရာတင်ထားသော ပိုးကိုက်ဟောင်းနွမ်းနေသောစာပေများကို ရှင်ဗုဒ္ဒဃောသက အသစ်ပြန်လည်ရေးကူပါတယ်၊ အားလုံူးရေးကူးပြီးသောအခါ မမှျှောင်လင့်ဘဲ ကျမ်းစာတိုက်မီးလောင်သွားတယ်၊ အသစ်ရေးကူးထားသော့ ကျမ်းစာတစ်ချို့ ပါ ပျောက်ဆုံးသွားတယ်၊ အဲဒါ ရှုင်ဗုဒ္ဒဃောသက အသစ်ထပ်ရေးပါတယ်၊ အသစ်ရေးပြီးနောက်မှာမှ ပထမပျောက်ဆုံးသွားသော့ ကျမ်စာများပြန်တွေ့ပါတယ်၊ အံသြစရာကောင်းတာက အသစ်ထပ်မံရေးသားသော ကျမ်းနဲ့ ပြန်တွေ့သောကျမ်းစာ တို့ဟာ တလုံးတပါဒမှ မကွဲပဲ တူညီနေတယ်လို့ ဆိုပါတယ်။ ပါစပ်ရာဇ၀င်လား တကယ့်အဖြစ်အပျက်လားတော့မသိပါ ။အံ့သြစရာကောင်းတာတော့ အမှန်ပါ။ရှင်ဗုဒ္ဒဃောသ၏ ဥာဏ်စွမ်းအင်မတန်ကြီးမားကြောင်းပြဆိုတာပါ။ ရှင်ဗုဒ္ဒဃောသက လောကမှာ ကောင်းမှုပြုခြင်းရှိတယ်၊ မကောင်းမှုပြုခြင်းရှိတယ်၊ ကောင်းမှု၏အကျိုးရှိတယ်၊ မကောင်းမှု၏အကျိုးရှိတယ် သို့သော် ကောင်းမှုပြုသူ၊ မကောင်းမှုပြုသူ၊ ကောင်းမှု /မကောင်းမှုတို့၏ အကျိုးကိုခံစားသူမရှိလို့ ပညတ်တို့ ရပမတ် တို့ နယ်တို့စတဲ့စကားတွေမပါဘဲ ရေးသားထားခဲ့ပါတယ်။

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး Han ကဘယ်လိုဖြစ်လို့ ခရစ်ယာန်ကျမ်းနဲ့ နှိုင်းယာဉ်နေတာလဲ သမ္မာကျမ်းစာက ဘုရား၇ဲ့စစ်မှန်တဲ့စကားတွေပါ

  • Million Maw Han Q Zin နောင်ကြီးတစ်ပါးကတော့..မယုံဘူးတဲ့..ကဲ့ကျန်တဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ကော်မန့်လေးလဲလိုအပ်နေပါတယ်..

  • Han Q Zin ကို Htay Naing ဥာဏ်စင်အောင်တယ်ဆိုတာကို ယုံလား။ မင်းကွန်းဆရာတော်က ပဋိကတ် ၃ပုံကို အာဂုဏ်ဆောင်နိုင်တယ်ဆိုတာ ယုံလား။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို စာမျက်နှာ ဘယ်လောက်ရဲ့စာကြောင်းရေ ဘယ်လောက်မှာ ရှိတယ်ဆိုတာကို ထောက်ပြနိုင်တယ်ဆိုတာကို ယုံလား။

  • Han Q Zin ကျနော်က ဘာလို့ သမ္မာကျမ်းကိုပါ ထည့်ထည့်ပြောရသလဲဆိုတော့ ကျနော်က သမ္မာကျမ်းစာကိုပါ ဖတ်လို့ ဖြစ်ပါတယ်။

  • Han Q Zin သမ္မာကျမ်းစာက ဘုရား၇ဲ့စစ်မှန်တဲ့စကားတွေပါဆိုတဲ့ စကားလုံး ဟုတ်မဟုတ်ဆိုတာကို ကျနော် သက်သေပြပါ့မယ်။ လက်တွေ့ပါ။ အီမာန်ပျက်မှာ စိုးရင်တော့ ကျော်သွားလိုက်ပါ။

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး သမ္မာကျမ်းစာကိုထည့်မပြောနဲ့ဒီမှာသူရေးထားတာကိုပဲ မင်းပြော၇မယ် အမလဲဗုဒ်ဓဘာသာကို လေ့လာတာပဲ

  • Million Maw ဟုတ်ကဲ့နောက်ပိုင်းရှင်ဥက္ကဌရဲ့မေးခွန်းတွေထဲမှာသမ္မာကျမ်းစာဟာမယုံထိုက်ဘူးဆိုတာတွေပါတာမို့..ဆွေးနွေးမှုထဲမှာထက်ပါလားအုံးမှာပါ..ကို Han Q Zin ရဲ့ပိဋကတ်အပေါ်အမြင်ကတော့ထင်ရှားလာပါပြီမယုံဘူးတဲ့..ကဲနောက်ဗုဒ္ဓဘာသာဝင်များယုံပါသလားမယုံဘူးလာ..Han Q zin နဲ့သဘောထပ်တူဘဲလား..ကဲ့မေလျံမော်အိပ်ပြီနော်..နက်ဖြန်မထက်တွေ့မယ်

  • Htay Naing မင်းကွန်းဆရာတော်ကြိးကတော့ တကယ့် စူပါး ဥာဏ်ပိုင်ရှင်ပါ၊ ပိဋိကတ်စာမေးပွဲမှာ မေးခွန်းမေးသူက မေးခွန်းတစ်ခုမေးပါတယ်၊ ဆရာတော်က ထိုမေးခွန်းကိ ဘယ်ကျမ်းအရ ဖြေပေးရပါမလဲ ဆိုကာ ထိုမေးခွန်းအတွက်အဖြေ များကို ကျမ်းစာ တခုထဲကမဟုတ်ပဲ အခြားကျမ်း များကိုပါ ကိုးကားဖြေသွားပါတယ်တဲ့ အမေးဆရာတော်မျာက စာအုပ် များပြန်ကြည့်ကာ ဆရာတော်ဖြေဆိုတာ မှန်ကန်ကြောင်းပြောပါတယ်တဲ့ အဲလောက်ကိုဥာဏ်ကောင်းပါတယ်။

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး Hanေ၇သမ္မာကျမ်းစာအကြောင်းမဆွေးနွေးနဲ့လေ ဒီ post ကိုပဲဆွေးနွေးပါ

  • Han Q Zin ဟုတ်ကဲ့ ဟုတ်ကဲ့ မဆွေးနွေးပါဘူး။ ကျနော်က ကိုယ်မယုံပေမယ့် သူများယုံကြည်နေတာကို မတိုက်ခိုက်ချင်ပါဘူး။ အမ သိချင်တဲ့အချိန်မှာသာ ကျနော့်ကို မေးလိုက်ပါ။

  • Million Maw မင်းသမီးလေးသူပြေပြီလေမယုံဘူးတဲ့..ဘာအတင်းဆွေးနွေးခိုင်းတာလဲ

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး အမဒီpost မှာဗုဒ်ဓဘာသာတွေရဲ့ commet တွေကို လေ့လာချင်တယ်

  • Million Maw မင်းသမီးလေးရှင်ကလဲဇွတ်ဘဲ..မယုံပါဘူးလို့ပြောနေပါတယ်ဆိုမှ..နောက်လူတွေကိုစောင့်ကွာ..

  • Htay Naing သမ္မာကျမ်းကို အခု ကျွန်တော်လေ့လာနေတာမို့ ကို ဟန် ဆွေးနွေးစရာရှိတာကို ပို့စ်သတ်သတ်တင်ပေးပါလား

  • Han Q Zin ကို Htay Naing ရေ ကျနော်ကတော့ ဥာဏ်စဉ်အောင်တယ်ဆိုတာကို လက်ခံတယ်။ မျက်စိမှိတ်ယုံတာမျိုး မဟုတ်ဘူး။ လောကမှာ ပုဂ္ဂိလ်ထူးတွေ အများကြီးရှိတယ်။

  • Htay Naing ဥာဏ်စဉ် ဆိုတာ မိမိ၏တရား ဘယ်အဆင့်ရောက်ပြီ ဆိုတာ ယောဂီ များသိနိုင်အောင် ရုပ်တရား နာမ်တရားတို့ ရှုမှတ်ရာမှ ဘယ်လိုမြင်ရင် အဲဒါဘာဥာဏ်စဉ်အဆင့်ရောက်ပြီဆိုတာ ဆရာတော်က ရှင်းပြထားတာပါ။ တစ်နည်းအားဖြင့် စာပေနဲ့ကိုက်ညှိပြတာပါ။

  • Han Q Zin မယုံတာမှ ဘယ်သူကိုမှ မယုံတာ။ ဗုဒ္ဓကိုလည်း မယုံသေးဘူး။ ကို မီလံမော်ကို Chat Box မှာ ပြောဖူးပါတယ်ဗျာ။ ကျနော်က ဗုဒ္ဓအယူဝါဒကို ကိုယ်တွေ့တွေကြောင့် လက်ခံတာပါ။ တချို့လက်မခံသေးတာတွေလည်း ရှိပါသေးတယ်။ အကုန်လုံးကို လက်လှမ်းမမှီသေးသလို အကုန်လုံကိုလည်း မကြုံတွေ့သေးချိန်မှာ ကျမ်းထဲမှာအတိအလင်းပါလို့ ယုံတယ်ဆိုရင် အောင့်အင်းပြီး ယုံနေတာလို့ပဲ မြင်ပါတယ်။

  • Han Q Zin ကို Htay Naing ဘုရားလက်ထက်တုန်းက ဂေါတမဘုရားရှင် ၄၅ဝါလုံး ဟောခဲ့တဲ့ တရားတွေကို ၏သည်မရွေး တစ်လုံးမကျန် မှန်အောင်ပြန်ပြောနိုင်တဲ့သူတွေ ရှိတယ်ဆိုတာကို လက်ခံလား။ ဖြစ်ကော ဖြစ်နိုင်ရဲ့လား။

  • Htay Naing သင်္ဂါယနာ တင်တယ်ဆိုတာ အဲဒီဘုရားဟောအစစ်အမှန် များကို အတည်ပြု မှတ်တမ်းတင်ထားတာပါ၊ စာပေမှာအကုန်ရှိပါတယ်။ ဟိုအရင် စာပေမပေါ်ခင်တုန်းကတော့ သီးခြားတာဝန်ပေးပြိး မှတ်သားခဲ့ကြပါတယ်၊ ၀ိနည်းဆောင် အုပ်စု၊ သုတ်တံဆောင်အုပ်စုနဲ့ အဘိဓမ္မာ ဆောင် အုပ်စု သုံးခုခွဲကာ အလွတ်ကျက်မှတ် ဆောင်ယူလာခဲ့တယ်လို့ မှတ်သားဘူးပါတယ်၊ ယနေ့ခေတ်ကတော့ လွယ်သွားပြီပေါ့ မိမိညွှန်းလိုသော စာကို ချက်ချင်းကြည့်နိုင်ပါပြီ။

  • Htay Naing ကိုမီလျှံ သစ္စကပရဗိုဒ် နဲ့ ဆွေးနွေးတဲ့ အနတ္တ ဆိုတာက အစိုးမရခြင်း ဆိုတဲ့ အဓိပါယ်ကို ဆွေးနွေးခဲ့တာပါ၊ ငါ မိမိ မရှိ/ ငါမိမိ မဟုတ်ဟူုသော ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်မှ ဆိတ်သုဉ်းခြင်းဟူသော အနတ္တ၏ အခြားအနက်ကို ဆွေးနွေးတာမဟုတ်ပါ။

  • Shwemyan Mar အဋ္ဌကထာ.ဋီကာနဲ့ ဒေသနာမူရင်းလို့ ခွဲခြားပြထါးပါရက်ဗုဒ္ဓဘာသာကျမ်းလို့ လုံးထွေးပြောကာယုံမလါးမေးနေပြန်ပါပြီ..။ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ .၊ဗုဒ္ဓရဲ့ တရားတော်တွေယုံကြည်ဖို့ ဆိုတာဗုဒ္ဓ၀င်ကိုယုံမှရတာလါး..။ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်များကိုနားလည်လက်ခံနိုင်ရင်ရသလါး..။မီလီယံမော်..ဘယ်လိုထင်ပါသလဲ..။

  • Shwemyan Mar ဗုဒ္ဓဘာသာဟာကမ္ဘာ့ အငြိမ်းချမ်းဆုံးဘာသာ..ဘာကြောင့် ဖြစ်ခဲ့ သလဲ..။ဒီဘာသာကိုမယုံရင်ဘယ်ဘာသာကရောအခိုင်အမာသမိုင်းကြောင်းကိုချပြနိုင်သလဲ..။ဘယ်လိုအထောက်အထါးတွေရှိသလဲ..။စဉ်းစားစရာပါ..။ဒီတော့ ဘာသာတရားကိုးကွယ်သူတိုင်းအနှစ်သာရကိုလိုက်စားပါတယ်..။ဖြစ်ပေါ်ပုံတွေ.၊သမိုင်းကြောင်းတွေကိုကိုးကွယ်သလါး..။စဉ်းစားပါ..။

  • Shwemyan Mar မောင်ရင့် ဘာသာသမိုင်းကြောင်းခိုင်မာလို့ ကိုးကွယ်သူကိုခေါ်ပြပါ..။ခင်ဗျားကိုယ်တိုင်လါး..။

  • ဘယ်သန် ဘမှန် ဘယ်ကျမ်းမဆို လူရေးခဲ့တာလို့ပြောလိုက် သိပ်လက်မခံချင်ကြဘူး ခ်ခ်ခ် အတော်ခက်ထာပဲ လူ လူ လူ အော် လူဆိုသောလူ ဘယ်သူ့ကျမ်းမှ ဘုရားကိုယ်တိုင်မရေးခဲ့ဘူး လက်ခံခံ မခံခံ ဒါအမှန်တရားပဲ အဲဒီထဲမှ လောကအတွက်အကျိုးရှိ အသုံးတည့်တာကိုယူ လောကအတွက်လည်းအသုံးမတည့် အများအတွက်လည်းအကျိုးမရှိရင် မယူနဲ့ ....

  • ဘယ်သန် ဘမှန် ဟော လုပ်ပြီ ဘယ် သက်သေကိုယူပြီး ဘုရားစကားတွေ အမှန်လို့ လက်ခံရမှာလည်း ဘာနဲ့ယုံရမှာလဲသမီး ခက်ဖူးလား တကယ်လို့ ဘုရားသခင်က ပြောတဲ့အတိုင်း တသွေမတိမ်းလိုက်ရေးခဲ့တာပါဆိုရင် အဲဒီအတွက်သက်သေက ဘုရားသခင်ကိုယ်တိုင် လာရှင်းမှရမယ်လေ အရင်တုန်းကတောင် သူပြောခဲ့လို့ ကျမ်း...See More

  • ရင်ခွင် နန်းတော် kokolay Aung မေးတာ ဖြေပေးကြပါ ., သူအဖြေတောင်းနေတယ်

  • Soo Deepp ကို Han Q Zin တော့ ဗုဒ္ဓလဲ မယုံသေးဘူးတဲ့ဟ။ နဲနဲ ကြိုက်သွားပြီ

  • Han Q Zin ဗုဒ္ဓဘာသာမှာ မယုံကြည်ဘူးဆိုရင် အပါယ်ငရဲကျမယ် ယုံကြည်ရင် ကောင်းကင်သုဂတိဘုံရောက်မယ်လို့ မဆိုထားပါဘူး။ ကိုယ်ပြုတဲ့ကံနဲ့ပဲ ဆိုင်ပါတယ်။ ဗုဒ္ဓကလည်း သူပြောတယ်ဆိုတိုင်းလည်း မယုံခိုင်းပါဘူး။

  • Htay Naing ဗုဒ္ဒဘာသာမှန်ရင် ကံ ကံ၏အကျိုးကိုယုံရပါမယ်၊ ရှေ့ဘ၀နောက်ဘ၀ကိုယုံရပါမယ်၊ အသက်= ၀ိညာဉ်=soul မရှိဘူးဆိုတာကိုယုံရပါမယ်။

  • Soo Deepp ဗုဒ္ဓဘာသာကိုပိုပြီး ယုံကြည်ပြီး လေ့လာဆဲလို့သတ်မှတ်ရမယ်ထင်တယ်။ ဒါကြောင့်လဲ တစ်ချို့က ဗုဒ္ဓဘာသာကို ဘာသာတရားလို့တောင်မမြင်ဘဲ အတွေးအခေါ် philosophy တစ်ခုလို့ပြောကြတယ်။

  • Htay Naing ဗုဒ္ဒဘာသာသည် Religion တော့မဟုတ်ပါ။

  • ဘယ်သန် ဘမှန် ဗုဒ္ဓဘာသာက လွတ်လပ်တယ် အသေဆုတ်ကိုင်မထားခိုင်းဘူး ဖန်ဆင်းရှင်ဝါဒ နဲ့ မတူတာက ဒီကျမ်းကိုတော့ မယုံဘူးကွာလို့ ကိုယ်လေ့လာနေတဲ့ ကျမ်းကို ရဲရဲတင်းတင်းပြောရဲတယ် အဲလိုပြောလို့ အပြစ်ဖြစ်သွားတယ် ငရဲကျရမယ်လို့ မရှိဘူး တခြားဘာသာတို့ကတော့ ကိုယ့်ဘာသာရဲ့ကျမ်းကို မယုံဘူးလို့ပြောရဲတဲ့သူ အင်မတန်မှရှားတယ် အခုပဲငရဲရောက်တော့မှာလို ကြောက်လိုက်ကြတာ လေသံတောင်မဟရဲကြပါဘူး အဲလိုကွာပါတယ်.....

  • Han Q Zin ငရဲကတော့ အားလုံးကြောက်ပါတယ်ဗျာ။

  • ဘယ်သန် ဘမှန် ဘာ့ကြောင့်လဲဆို ဖန်ဆင်းရှင်ဝါဒ ဘာသာတွေက ယုံကြည်မှုတစ်ခုတည်းပေါ်မှာ တည်ဆောက်ထားလို့ပဲ ယုံကြည်ကိုးကွယ်ခြင်းပါပဲ..... ဗုဒ္ဓဝါဒ ကတော့ ယုံကြည်မှုတစ်ခုတည်းပေါ်မှာ တ်ာဆောက်ထားတာမဟုတ်ပဲ ဝိဘဇ္ဇ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ ကိုယ်တိုင်လေ့လာ ကိုယ်တိုင်အားထုတ် ကိုယ်တိုင်ကျင့်ကြံတဲ့ အကျင့်အကြံ ဦးစားပေးဝါဒ ဖြစ်တော့ကာ အကနိးယုံ အရမိးယုံနဲ့ ကွာချင်တိုင်းကွာပါတယ် ....

  • Million Maw ကော်မန့်တွေကိုဖက်ရတာ.မယုံတယုံတွေများနေပါတယ်..ဗုါဒ္ဓဘာသာဖြစ်တာတောင်အကျင့်ကြောင့်ဖြစ်နေတာမဟုတ်သေးဘူး..အကုန်မကျင့်ရသေးလို့မယုံဘူးကျင့်ကြည့်သလောက်ဘဲယုံတယ်..ကောင်းပါတယ်

  • Han Q Zin အကုန်မကျင့်ရသေးလို့မယုံဘူးကျင့်ကြည့်သလောက်ဘဲယုံတယ်..ကောင်းပါတယ် >>>>> အဲ့လို မဖြေကြလို့ ဘယ်လိုဖြေရမှာလဲ။ အကြွင်းမဲ့ ယုံပါသည်လို့ မျက်စိမှိတ် ဖြေရမှာလား။

  • Soo Deepp ဟုတ်တယ်ဗျို့ ကိုယ်သေချာမသိဘဲ အကြွင်းမဲ့ယုံတယ်ဆိုရင် blind faith ဖြစ်မယ်။ သေချာ ၁၀၀ ရာခိုင်နှုန်းသိလို့ယုံတာဆိုရင်တော့ blind faith မဟုတ်ဘူးပေါ့။ စမ်းကြည့်ပါ။ ကိုယ်တိုင် ကြုံမှ သိမှ ယုံပါဆိုတော့။ ကျင့်ကြည့်သလောက်တော့ ယုံတယ်လို့ပြောတာ ဟုတ်တာပဲ။

  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး ဦးဦးရေ ကိုယ်တိုင်ကျင့်ကြံရမဲ့တရားတွေက ဘာသာတိုင်းမှာရှိတယ်နော ကျင့်ရမဲ့တရားတွေကို ဒါပေမဲ့ဘယ်သူမှမကျင့်နိုင်ပါဘူးဦးဦး ယုံကြည်မှူဆိုတာကနောက်မှပါ

  • Htay Naing ကောင်းပြီ ကျွန်တော်ဖြေပြပါမယ် ကျွန်တော် မိရိုးဖလာတစ်ယောက်အနေနဲ့ယုံတာကိုပြောပြပါမယ်၊ အတိတ်က ကျွန်တော် ဘ၀တစ်ခုခုမှာ ဖြစ်ခဲ့တာကိုယုံတယ်၊ မျက်မှောက်ဘ၀က လုပ်သော ကောင်းမှု မကောင်းမှု အကျိုးကို ယခုဘ၀မှာကော နောက်ဘ၀မှာကော ခံစားရမယ်လို့ယုံတယ်၊နိဗ္မာန်ကိုယခုဘ၀မှာမျက်မှောက်မပြုနိုင်သေးရင် သေပြီးရင် မိမိလုပ်ခဲကောင်းမှု အလျှောက် ဘ၀သံသရာ(၃၁) ဘုံမှာ ဘ၀အ မျိုးမျိုးနဲ့ ကျင်လည်ရအုန်းမယ်ဆိုတာယုံတယ်၊ လောကမှာ အသက်=၀ိညာဉ်= soul မရှိဘူးဆိုတာကိုယုံတယ်၊ မျက်မှောက်ဘ၀မှာ ဆင်းရဲ ချမ်းသာ ဖြစ်ရခြင်းဟာ အတိတ်ကပြုလုပ်ခဲသော ဒါန၏ အကြောင်းတရားလည်းမကင်းဘူးဆိုတာယုံတယ်၊ ဒါက ဘာကိုမှကျင့်ကြည်၊ လက်တွေလုပ်ကြည့်လို့သိလိုယုံတာတော့မဟုတ်ပါ၊ ကိHan Q Zin ကောဒါတွေကိုယုံပါသလား။

  • Htay NaingုKo Soo Deepp ကကော အထက်ဖေါ်ပြပါအ ချက်များကိုယုံပါသလား?။

  • Soo Deepp ကျွန်တော် မယုံကြည်ပါဘူး။ ကိုဌေးနိုင်က မိရိုးဖလာတစ်ယောက်အနေနဲ့ယုံတယ်ဆိုတာက မိဘများယုံခဲ့လို့ဆိုတဲ့အချက်ကြောင့်ပဲ ကိုယ်လဲ ယုံတယ်လို့ပြောချင်တာလားမသိဘူး။ မိရိုးဖလာအနေနဲ့ဆိုတာကို ဘာကြောင့်ထည့်ပြောတာလဲခင်ဗျ။ ကွှန်တော်ခံယူတာက မိရိုးဖလာကြောင့်ယုံတယ်ဆိုတာ မဖြစ်သင့်ဘူးထင်လို့ပါ။

  • Htay Naing ကျေးဇူးပါ ကိSoo Deepp ယုံတာမယုံတာနဲ့ လက်တွေ့စမ်းကြည့်ပြိးတာ မပြီးတာ မဆိုင်ကြောင်းပြောချင်လို့ပါ၊ ကိုဟန်းတစ်ယောက်ဘယ်လိုဖြေမယ်ဆိုတာသိ ချင်ပါသေးတယ်။

  • Han Q Zin ကျနော်ကတော့ ကာလမသုတ် အတိုင်းပါပဲ။

    (၁) ဆင့် - တစ်ဆင့်စကားပြောလာသော စကားကို မယုံနဲ့အုံး၊

    (၂) ကော - ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး၊
    (၃) စာ - စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး၊
    (၄) စဉ် - အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး၊
    (၅) ကူး - ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊
    (၆) တွေး - အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
    (၇) ဆင် - ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊
    (၈) ငါ့ - ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
    (၉) လေး - လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊
    (၁၀) ရာ - ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။

    မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ ကိုယ်တိုင်လက်တွေ့ လုပ်ကြည့်လျှင် မှား / မှန်၊ ဆိုး / ကောင်း ကို ကိုယ်တိုင်သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။


  • Htay Naing ဒါကြောင့် ကိုဟန်ကိုကျွန်တော်မေးတာပါ ဗုဒ္ဒဘာသာ၏ဘယ်အ ချက် များကို ကိုဟန်ကိုကိုယ်တိုင်လက်တွေ သိအောင်လုပ်ပြီးပြီလဲ၊ အခုဘာတွေကိုယုံနေသလဲလို့မေးတာ ကိုဖြေပေးပါအုန်း။

  • Han Q Zin ပထမဦးဆုံး ပြောရမယ်ဆိုရင်တော့ ငါးပါးသီလပေါ့။ အမှန်အတိုင်းပြောရရင် ငါးပါးသီလထဲမှာတောင် မုသာဝါဒကို မခံယူထားပါဘူး။ လေးပါး သီလကို စောင့်ထိန်းရတဲ့အကျိုးကို လက်တွေ့ခံရပါတယ်။ နောက် လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေဆိုတာ အင်မတန်မှ ပူလောင်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါနပြုခြင်းဟာ လောဘကို သတ်နိုင်တဲ့အကောင်းဆုံး လက်နက်ဆိုတာကို လက်ခံပါတယ်။ သီလစောင့်တည်ခြင်းဟာလည်း ဒီလိုပါပဲ ဒေါသကို သတ်နိုင်ပါတယ်။ မောဟနည်းဖို့အတွက် ဘာဝနာကျတော့ ကျနော်က သမထအဆင့်ပဲ ရှိပါသေးတယ်။ ဝိပဿ နာကို မကူးနိုင်သေးပါဘူးဆိုတာ ဝန်ခံပါတယ်။ အချိန်ပြည့်မဟုတ်တောင် စိတ်တည်ငြိမ်အေးချမ်း အကုသိုလ်နည်ဖို့အတွက် အချိန်ရရင် ရသလို အာနာပါန ကမ္မဋ္ဌာန်းဆည်းဖြန်းပါတယ်။ ဒါဟာလည်း သမာဓီအားကောင်းအောင် လက်တွေ့ကျပြီး အကျိုးခံစားရတဲ့ ကျင့်စဉ်ပါ။ နောက် မဂ္ဂင်ရှစ်ပါး ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးလို့ ထင်ပါတယ်။ လောကမှာ မဂ္ဂင်ရှစ်ပါး အကျင့်ထက်ကောင်းတာ မရှိဘူးလို့ ထင်ပါတယ်။ ရှိတယ်ဆိုရင်တော့ မျှဝေပေးပါ။ နောက်ဆုံးကတော့ သစ္စာလေးပါး မြတ်တရားပါ။ သမုဒယကြောင့် ဒုက္ခဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ မဂ္ဂကြောင့် နိရောဓဆိုက်တယ်ဆိုတာကတော့ မမှီသေးသလို မဂ္ဂင်အကျင့်ကိုလည်း ကျင့်ကြံဆဲပါ။

  • Htay Naing အဲဒီငါးပါးသီလကို အမြဲ ကျူးလွန်မိပြီး သေသွားရင်ဘာဖြစ်နိုင်ပါသလဲ၊ တကယ်လို့ များ ၀ိပသနာတရားကို မျက်မှောက်ဘ၀မှာ အားမထုတ်နိုင်သေးဘဲ သေသွားရင်ဘာဖြစ်နိုင်ပါသလဲ၊ မဂ္ဂင်ရှစ်ပါးက သမ္မာဒိဌိ ကစရမှာမို့ မှားသော မိစ္ဆာဒိဌိအယူ များကို ကိုဟန်သိသလောက်ပြောပြပါလား။

  • Htay Naing မှားသောအယူ များကို သိရင် ထိုအယူ များကိုပယ်နိုင်တာပေါ့။

  • Htay Naing ကျွန်တော်ကတော့ ထိုမှားသောအယူ များကိုသိပါတယ် သို့သော် ကိုယ်တိုင်လက်တွေ့ လုပ်ကြည့်လို့သိတာတော့မဟုတ်ပါ။ စာဖတ်ပြီးသိတာပါ။ကိုဟန်ကနည်းနည်း ထူးခြားနေလို့မေးတာပါ။

  • Han Q Zin သေသွားရင် ဘာဖြစ်လဲတော့ မသိပါ။ ကျနော်လည်း မသေဘူးသလို သေပြီးသားလူတွေဘာဖြစ်လဲဆိုတာလည်း မသိပါဘူး။ ငါးပါးသီလကို ကျူးလွန်တဲ့သူတွေဟာ လက်တွေ့ဘဝမှာပဲ အကျိုးပေးတာတွေ ရှိပါတယ်။ တချို့အကျိုးမပေးသေးတဲ့ သူတွေလည်း ရှိပါတယ်။ ဝိပဿ နာတရားကို မျက်မှောက်ဘဝမှာ အားမထုတ်နိုင်သေးဘဲ သေသွားရင် အရိယာပုဂ္ဂိုလ်မဖြစ်သေးတဲ့အတွက် အပါယ်တရားမပိတ်သေးပါဘူး။ ဒါကတော့ လက်တွေ့ မရှိသေးပါဘူး။ မှားသော အယူအဆတွေကတော့ ကံ ကံ၏အကျိုးကို မယုံကြည်ဘဲ တစ်စုံတစ်ယောက်ကြောင့် ဖြစ်လာတယ်လို့ ယုံကြည်တဲ့အယူအဆတွေ အပြစ်ကို ယဇ်ပူဇော်ခြင်းနဲ့ ခြေဖျက်နိုင်တယ်ဆိုတဲ့ အယူအဆတွေ မြဲတယ်ဆိုတဲ့အယူ အဖြစ်ရှိပြီး အပျက်မရှိဘူးဆိုတဲ့အယူ အတိတ်နိမိတ်တွေကြည့်ပြီး အလုပ်လုပ်တဲ့အယူ ယတြာလုပ်ပြီး ခြေဖျက်တဲ့အယူ ဘိုးတော် ဘွားတော် မပါတယ်ဆိုတဲ့အယူ တရုတ်ရိုးရာအယူတွေ ဒီလောက်ပါပဲ။ စဉ်းစားရသလောက်ပေါ့။ ဒါက ကျနော်အမြင်မှာ မှားနေတယ်လို့ မြင်တဲ့ အယူတွေပါ။

  • Kyaw Kyaw Htun အေးဗျာ မှီတဲ့နေရာက ကြားဖြတ်ဝင်ပြောရရင်တော့ ဗုဒ္ဓဘာသာမှာ ကံကံ၏အကျိုးတို့ ရှေ့ဘဝနောက်ဘဝ တို့ဆိုတာကို ယုံကိုယုံရမယ်လို့ မပြောထားဘူး၊ အဲ့ဒါတွေအဲ့လိုရှိတယ် ကိုယ့်ဘာသာ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားပါလို့ပဲရှိတယ်. . .ယုံလိုက်လို့လဲချက်ချင်းနိဗ္ဗာန်ပို့မှာမဟုတ်သလို မယုံဘူးဆိုလို့လဲ ငရဲတွန်းချမှာမဟုတ်ဖူးဗျ. . .မီးထဲဝင်တိုးရင်ပူနိုင်တယ်ဆိုတဲ့အမှန်တရားကိုပြောပြထားတာ မယုံလို့ဝင်တိုးကြည့်ရင်လဲပူမှာပေါ့. . .

  • Million Maw ဖြေပေးသူအားလုံးကိုကျေးဇူးတင်လျက်ပါ..ဒါပေမဲ့မေလျံမော်ကိုအိမ်သာထဲကအကောင်လို့ပြောတဲ့ဘုန်းကြီးတွေဖြေတာကိုလဲလိုချင်ပါတယ်..ဗျာ..အိမ်သာထဲမှာဘဲဝင်ပြီးအကောင်တွေကြည့်နေတဲ့ဘုန်းကြီးများဖြေပေးပါ..အုံး...လူထုတွေဘဲဖြေနေတာကိုဖက်ရတာအားမရလို့ဘာ..အမျိုးဘာသာ..သာသနာစောင့်လျှောက်လိုချင်းစိတ်ဓါတ်အပြည့်နဲ့ဖြေပေးကြပါ...မယုံတစ်ဝက်ယုံတစ်ဝက်နဲ့..သာသနာညိုးတာမဖြစ်စေချင်ပါ...

  • Htay Naing ကိုယ်ဘာသာကိုယ်ဖြစ်နိုင်မဖြစ်နိုင်စဥ်းစားကြည့်လို့ ယုံရမယ်ဆိုရင် မိမိ၏ အတွေးဖြင့် မှန်ကန်သည်ဟု ယုံရမယ်လို့ကော ကာလာမသုတ်မှာ ဆုံးမထားလို့ပါလား။

  • Million Maw ကိHan Q Zin နဲ့ Htay Naing တို့တော့တစ်ယောက်ကယုံတယ်တစ်ယောက်ကမယုံဘူးပွင့်လင်းတယ်ကျန်တဲ့လူတွေယုံနာဆေးနေတယ်..

  • Kyaw Kyaw Htun ခနစောင့်ဗျာ ဖုန်းနဲ့ရိုက်ရတာအားမရလို့ ကွန်ပြူတာဖွင့်ဦးမယ်

  • Han Q Zin ကို Htay Naing က ကွန်မြူးနှစ်စနစ်ကို မျှတသော နှစ်သက်ဖွယ်စနစ်လို့ ဘာလို့ မြင်တာလဲ။ အုပ်ချုပ်ရေးစနစ်တွေ ပါသွားတယ် ခွင့်လွှတ်ဗျာ။

  • Htay Naing ကိုဟန် ကျွန်တော် ရေးတာ မသင့်တော်ဘူးထင်လို့ ဆိုရှယ်လစ်စနစ်ဆိုတာ ပြန်ဖျက်လိုက်ပါတယ် ခွင့်လွှတ်ပါခင်ဗျာ။

  • Han Q Zin ဘာသာရေးကို လေ့လာမှုကော စိတ်ဝင်စားမှုကော ရှိတဲ့အတွက် အားလုံး အားပေးရမှာပါ။ ဘာမှ မသိဘဲနဲ့ မျက်စိမှိတ်ယုံနေတာထက် စာရင် လေ့လာမူ စိတ်ဝင်စားမှု ရှိတာဟာ ယုံကြည်ရင်လည်း သက်ထက်ဆုံး ယုံကြည်နိုင်မှာပါ။

  • Han Q Zin ကို Million Maw က ကို Htay Naing ရဲ့Comment ကို သေသေချာချာ မဖတ်ဘူး။ သူက ယုံတယ်လို့ မပြောထားဘူးနော်။ စကားခံထားတယ်။ သေသေချာချာ မဖတ်လို့ မသိတာပါ။ သူက မိရိုးဖလာအနေနဲ့ ယုံတယ်လို့ သုံးထားတယ်။ ဘာသာရေး လေ့လာဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးသူရဲ့စိတ်နေစိတ်ထား အနည်းငယ်နားလည်ထားသင့်တယ်လို့ ထင်ပါတယ်။

  • Han Q Zin ကို Htay Naing သိတာလေး အများသိအောင် မျှဝေပေးပါလား။

  • Htay Naing ကို Han Q Zin ခင်ဗျာ ဗြဟ္မဇာလသုတ်မှာ မှားယွင်းသောအယူ ၆၂ မျိုးကို ဟောတော်မူခဲ့ပါတယ်၊ အဂ္ဂိဝစ္စသုတ်နဲ့ မာလုကျပုတ္တသုတ်မှာ မှားသောအယူများနဲ့ မျက်မှောက်ဘ၀မှာပင် ဖျက်ဆီးပစ်ရမည့် အယူ များကို မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခဲ့ပါတယ်။ google မှာ ရှာဖတ်ကြည့်ပါ။ တခြားတစ်ယေက်ယောက် က အဆင်သင့်ရှိ ရင် တင်ပေးပါလိမ့်မည်။

  • Million Maw မိရိုးဖလာယုံတယ်ဆိုလည်းယုံတာဘဲ..အမိဧဝရဲ့အရိုးက.အဖအာဒံစီကလာတယ်ဆိုတာယုံတာလဲယုံတာဘဲ..ထေရဝါဒဗုဒ္ဓဘာသာဝင်လို့ကိုယ့်ကိုကိုခံယူရင်တော့..ဒီအတိုင်းဘဲယုံကြည်ရမယ်ဖြစ်တယ်..“ ထေရ” ဆိုသည်မှာ ရဟန်းသက် (၁၀) ၀ါ ရရှိပြီးသော မထေရ်ကို ဆိုလိုပြီး၊
    “ ၀ါဒ” ဆိုသည်မှာ ခံယူချက်ကိ
ု ဆိုလိုသည်။
    ထို့ကြောင့် “ထေရ၀ါဒ” ကို စီလျော်အောင် ဘာသာပြန်ရလျှင် ရဟန်းသက် (၁၀) ၀ါ နှင့် အထက် ရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု အဓိပ္ပါယ် ရပါသည်။
    ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။..သင်တို့ကပိဋကတ်ကျမ်းကိုဘုရားဟောအကုန်မဟုတ်လို့ငြင်းရင်..ထေရဝါဒဗုဒ္ဓဘာသာဝင်မဟုတ်ဘာ.အဓမ္မဘာသာဝင်ဖြစ်သည်..

  • Million Maw ကဲဒီမှာနောက်ပို့တစ်ခုတင်လိုက်ပါပြီးဒီမှာဆွေးနွေးပေးကြပါရန်https://www.facebook.com/groups/404948659530773/871259276233040/?comment_id=871265602899074&notif_t=group_comment


    ကျောက်ကွင်းအရေးတော်ပုံစိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းစံရှင်ဥက္ကဌ၏အောင်ပွဲ ဒုတိယပ...ိုင်း.. ဟုတ်ကဲ့..ဒီလင့်မှာပထမပိုင်းကိုကျွန်တော်ရေးပြီးမေးတဲ့အခါ..မှာပေါ့ဗျာ https://www.facebook.com/groups/404948659530773/permalink/870420752983559/ ဒီလိုမေးခဲ့တာပါ..အတိုချုံးပေါ့..ရှင်ဥက္က... See More

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews