Wednesday, May 7, 2014

ကျောက်ကွင်းအရေးတော်ပုံစိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းစံရှင်ဥက္ကဌ၏အောင်ပွဲ ဒုတိယပိုင်း..(ပြောက်ဆုံးနေသောရွှေတိဂုံသမိုင်း)

မူရင်းလင့်https://www.facebook.com/groups/404948659530773/permalink/871259276233040/
ကျောက်ကွင်းအရေးတော်ပုံစိုတာဒါလား..အရိယအဓမ္မဝါဒထောင်နန်းစံရှင်ဥက္ကဌ၏အောင်ပွဲ
ဒုတိယပိုင်း..(ပြောက်ဆုံးနေသောရွှေတိဂုံသမိုင်း)ဟုတ်ကဲ့..ဒီလင့်မှာပထမပိုင်းကိုကျွန်တော်ရေးပြီးမေးတဲ့အခါ..မှာပေါ့ဗျာ
https://www.facebook.com/groups/404948659530773/permalink/870420752983559/
ဒီလိုမေးခဲ့တာပါ..အတိုချုံးပေါ့..ရှင်ဥက္ကဌက..ပိဋကတ်ကျမ်းအကုန်လုံးက..ဘုရားဟောမဟုတ်ဘူး.
သကြားမင်းနတ်တွေစိုတာသီဟိုလ်ကဆရာတော်တွေရဲ့လက်ချက်..ဗုဒ္ဓဝင်တွေဆိုတလာလည်း



အရှင်ဗုဒ္ဓဃောသလုပ်ကြံရေးတဲ့ဇတ်..၅၅၀ဇတ်နိပတ်..ဇတ်ကြီး၁၀ဗွဲတို့ဆိုလာတလည်း..အမှန်မဟုတ်ဘူးဆို
တာ..အရိယအဓမ္မဝါဒထောင်နန်းစံရှင်ဥက္ကဌပြောသလို..လုပ်ကြံလိမ်လည်ရေးသားထားတာအမှန်လားလို့
မေးတဲ့အခါမှာအမှန်ဘဲလို့..ဖြေတဲ့လူတွေများနေတယ်ဗျာ..ဦးဌေးနိုင်ကလွဲရင်ပေါ့..
ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တယ်ဆိုရင်သင်ဟာအောက်ပါသဘောအတိုင်းလိုက်နာယုံကြည့်ရမှာဖြစ်တယ်.မိရိုးဖလာယုံတယ်ဆိုလည်းယုံတာဘဲ..အမိဧဝရဲ့အရိုးက.အဖအာဒံစီကလာတယ်ဆိုတာယုံတာလဲယုံတာဘဲ..ထေရဝါဒဗုဒ္ဓဘာသာဝင်လို့ကိုယ့်ကိုကိုခံယူရင်တော့..ဒီအတိုင်းဘဲယုံကြည်ရမယ်ဖြစ်တယ်..“ ထေရ” ဆိုသည်မှာ ရဟန်းသက် (၁၀) ၀ါ ရရှိပြီးသော မထေရ်ကို ဆိုလိုပြီး၊
“ ၀ါဒ” ဆိုသည်မှာ ခံယူချက်ကို ဆိုလိုသည်။
ထို့ကြောင့် “ထေရ၀ါဒ” ကို စီလျော်အောင် ဘာသာပြန်ရလျှင် ရဟန်းသက် (၁၀) ၀ါ နှင့် အထက် ရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု အဓိပ္ပါယ် ရပါသည်။
ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။..သင်တို့ကပိဋကတ်ကျမ်းကိုဘုရားဟောအကုန်မဟုတ်လို့ငြင်းရင်..ထေရဝါဒဗုဒ္ဓဘာသာဝင်မဟုတ်ဘာ.အဓမ္မဝါဒရှင်ဥက္ကဌရဲ့လူလို့ဘဲ..သက်မှတ်ရမှာဖြစ်တယ်..
ကဲ့ပါ..ရှင်ဥက္ကဌပြောသလို..သမ္မာကျမ်းစာဟာလည်းမယုံကြည်ထိုက်ဘူးဆိုတာကိုနောက်ပို့တစ်ခုအနေနဲ့မဆွေး
နွေးခင်မှာ..ဒါလေးကိုနောက်ဆုံးဖက်ပြီးမှားတယ်မှန်တယ်ယုံတယ်မယုံဘူးဆိုတာလေးပြောပေးကြပါအုံး
နော်..ရေးသားသူကတော့..ဘုန်းကြီးကနေခရစ်ယာန်ဖြစ်လာသူအနတ္တဝါဒမှထာဝရသို့ကူးပြောင်းလာသူ
အရှင်နန္ဒ
မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ရှိသော၊ ဘုရားလေးဆူတို့၏ ဓါတ်တော်စုဝေးရာဟူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကိုးကွယ်ရာဖြစ်သော ရွှေတိဂုံစေတီ၏ အကြောင်းအရာကို ပိဋကတ်ကျမ်းဂန်တို့နှင့် လာရှိသည့်အတိုင်း စစ်ဆေး၍ဖေါ်ပြရလျှင် ရမညတိုင်း၊ ဥက္ကလပ ဇနပုဒ် ပေါက္ခရတီမြို့မှ ကုန်သည်ညီနောင် ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် လှည်းငါးရာနှင့် သွားရာ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ သတ္တဌာန ၄၉ ရက်မြောက်သောနေ့တွင် လင်းလွန်းပင်အောက်၌ ၎င်းညီနောင်တို့သည် တွေ့၍ ဂေါတမမှ ဆံတော်ရှစ်ချောင်းကိုပေးလိုက်သည်ဟု ရွှေတိဂုံသမိုင်းတွင် ပြဆိုသည်။
သထုံမြို့ ရှင်မဟာဗောဓိရေးသားသော အနာဂတ၀ံကျမ်း၌ပြဆိုသည်မှာကား။ ။ တဖုဿဘလ္လိကဒွေးဘာဟိကာနံမုဌိကေသဓာတုယောဒတွာ။ ။ဟူ၍ပါဠိလာသည်နှင့်အညီ ၎င်းပါဠိကို မြန်မာလိုပြန်ဆိုရပါက။ တဖုဿဘလ္လိကဒွေးဘာဟိကာနံ တဖုဿ ဘလ္လိကာ ညီနောင်နှစ်ယောက်တို့အား။ မုဌိကေသဓာတုယော တစ်စုပ်သော ဆံတော်ကို။ ဒတွာ ပေးတော်မူ၏ဟူ၍ပြဆိုသည်။ ဆံတော်ရှစ်ချောင်းဟူ၍ မပြဆိုပါ။ ရှင်မဟာနာမရေးသားသော ၀ိနည်းမဟာဝါအဌကထာ၌ ဆံတော်မည်၍မည်မျှဟူ၍ ပိုင်ခြားခြင်းမရှိ၊ ပေးလိုက်ကြောင်းကိုသာပြဆိုသည်။ ၎င်းပြင် တဖုဿနှင့် ဘလ္လိက ညီနောင်တို့၏ နေရပ်ဌာနေ၊ မြို့ရွာများကို အင်္ဂုတ္တရအဌကထာ တဖုဿဝတ္ထု၌ပြဆိုသည်မှာ ၎င်းညီနောင် နှစ်ဦးတို့သည် ရှင်ဂေါတမပေးလိုက်သော ဆံတော်ကို မိမိတို့နေရပ်ဌာနဖြစ်သော အလိတဉ္စနမြို့သို့ ယူလာပြီးလျှင် ၎င်းမြို့တံခါးအနီး အ၀၌ စေတီပြုလုပ်၍ ကိုးကွယ်လေသည်ဟူ၍ပြဆိုသည်။ ရှင်ဓမ္မပါလရေးသားသော ထေရ်ရာကထာ၊ ဘလ္လိကထေရ်၏ သုတ်အဖွင့်တွင်ပြဆိုသည်မှာကား ၎င်းညီနောင်တို့သည် ရာဇဂြိုဟ်ပြည်တွင် ရှင်တော်ဂေါတမတရားကိုနာရ၍ ညီဘလ္လိကသည် ရဟန္တာဖြစ်သွားသည်ဟူ၍ပြဆိုသည်။ အင်္ဂုတ္ထိုရ်ဝတ္ထု၌ ၎င်းဘလ္လိက အမည်ကို ဘတ္တိကဟူ၍လည်းခေါ်သည်။ ။ထို့ကြောင့်ရွှေတိဂုံ သမိုင်းတွင် ပြဆိုသော အရာများနှင့် ပိဋကတ်ကျမ်းတို့တွင် ပြဆိုမှုများတို့သည် အလျှဉ်းမတူကြပါ။ သို့ဖြစ်၍ ၎င်းသမိုင်းစာဆိုသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကိုသာ၍သိရန်၊ ရွေးချယ်၍ကောက်နှုတ်ပြလိုက်ပါသည်။ ကြီးကျယ်သောအမှားများကိုသာလျှင် ကောက်နှုတ်၍ အချုပ်ဖေါ်ပြပါမည်။ ၎င်းသမိုင်းစာတို့ကို စာအုပ်တွင် ရေးပြရလျှင် ဂဏ္ဍဘာရဖြစ်၍ ကျမ်း၏၀န်ကို လေးမည်တစ်ကြောင်း။ ဘတ်ရှုသူတို့လည်း စိတ်မရှင်းမည်ကို စိုးသောကြောင့်တစ်ကြောင်း ထို့ကြောင့် သေးသိမ်သော အမှားတို့ကို ချွင်းချန်၍ ကြီးမားသော အမှားများကိုသာလျှင် ထုတ်နှုတ်ဖေါ်ပြသွားပါမည်။
ရွှေတိဂုံသမိုင်း၌ တချက်ပြဆိုသည်မှာ ၎င်းညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ရွှေတိဂုံစေတီ၏ တည်ရာ ဥက္ကလာပမြို့က အနောက်မဇ္ဈိမဒေသ ရှင်တော်ဂေါတမရှိရာ ဗောဓိပင် အနီးလင်းလွန်းပင်နေရာသို့ လှည်းငါးရာနှင့် ကုန်ရောင်းသွားသည်ဆိုသော စကားသည် မဟုတ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမဇ္ဈိမဒေသနှင့် မြန်မာနိုင်ငံအကြားတွင် မြစ်ဘယ်မျှလောက်ခြားသည် တောင်ရိုးတောင်တန်းဘယ်မျှလောက်ကြီးကျယ်စွာခြားနားသည်ကို ယခုမျက်မှောက်ခေတ်နှင့် နှိုင်းစာလျှင်၎င်း၊ တိုင်းထွာလျှင်၎င်း သိနိုင်ပါသည်။
၎င်းအပြင် ဆံတော်ကို ယူလာစဉ်အခါက ၎င်းဆံတော်ကို ဌာပနာပြု၍ ကိုးကွယ်ဘို့ရာ ရှေးအထက်က ရှင်တော်ဂေါတမ၏ နောင်တော်ဖြစ်သော ကကုသံ၊ ဂေါဏဂုံ၊ ကဿဖစသော ဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေသနှုတ်တော်၊ ဓမ္မခရိုင်တော်များ ဌာပနာရာအရပ်ကို အသက်ကြီးသူလူမှစ၍ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်၊ သိကြားမင်းမှစ၍၎င်း၊ ရေသဖန်းပင်စောင့်နတ် ၊ အိန္ဒရနတ်၊ ဂေါဝိလနတ် ၎င်းနတ်သုံးပါးတို့အားမေးရာ ၎င်းနတ်သားသုံးယောက်တို့ကလည်း အကျွန်ုပ်တို့သည် အသက်တမ်းအားဖြင့် ကမ္ဘာတစ်ဝက်မျှသာ ရှိပါသေးသောကြောင့် ဘုရားသုံးဆူတို့၏ ဓါတ်တော်များကို ဌာပနာရာအရပ်အား မသိကြပါဟုဆိုကြလေသည်။ ၎င်းသမိုင်းစာအရ ပိဋကတ်နှင့် အကိုက်ညီပေ။ ပိဋကတ်က ပြဆိုသည်မှာ အန္တရကပ်ခြောက်ဆယ့်လေးကပ်ကိုမှ မဟာကပ်ကြီးတကပ်ဟုပြဆိုသောကြောင့်၎င်း၊ ၎င်းမဟာကပ်ကြီးလေးကပ်ကို တကမ္ဘာဟုခေါ်သည်၊ ၎င်းဘုရားသုံးဆူတို့တွင် ကကုသံ ဘုရားသည် အန္တရကပ် ရှစ်ကပ်မြောက်တွင်ပွင့်သည်။ ကိုးကပ်မြောက်တွင် ဂေါဏဂုံ ပွင့်သည်။ ဆယ်ကပ်မြောက်တွင် ကဿဖပွင့်သည်ဟုပြဆိုထားလေသည်။ ထို့ကြောင့် ဘုရားလေးဆူတို့ပွင့်သော အချိန်ကာလသည် ကမ္ဘာတ၀က်မရှိသေး၊ ကမ္ဘာတ၀က် ရောက်ဘို့ရာကို မဆိုထားနှင့်ဦး မဟာကပ်တ၀က်ရောက်ဘို့ရာကိုမှ အန္တရကပ်နှစ်ဆယ့်တကပ်လိုသေးသည်။ ထို့ကြောင့် သမိုင်းစာတွင်ပြဆိုသော ကမ္ဘာတ၀က်ရှိသည့် ရေသဖန်းပင်စောင့်နတ်၊ အိန္ဒရနတ်၊ ဂေါပိရနတ်တို့သည် ရွှေတိဂုံသမိုင်းစာ၌ပြဆိုသည့်အတိုင်း အသက်ရှိရိုးမှန်သည်ဆိုပါလျှင်၊ ၎င်းရွှေတိဂုံ သမိုင်းစာပြဆိုသည့်အတိုင်းမှန်ပါကလည်း ၎င်းဘုရားသုံးဆူတို့၏ အကြောင်းအရာကို သိစရာရှိသည်။ ဤကားစဉ်းစာရန်နှင့် အမှားကိုထောက်ပြခြင်းပင်ဖြစ်သည်။
၎င်းပြင် ရွှေတိဂုံသမိုင်း၌ ပြဆိုပြန်သည်မှာ ၎င်းဘုရားသုံးဆူတို့၏ ဌာပနာရာအရပ်ကိုသိသော ဒိက္ခိဏနတ်၊ ယောဟဏိနတ်၊ မှော်ဘီနတ်၊ အမြိဿာရနတ်၊ ဆူးလေနတ်ဟူ၍ နတ်သားငါးယောက်တို့ကို သိကြားမင်းခေါ်၍မေးရာ၊ အကျွန်ုပ်တို့၏ အသက်သည် တကမ္ဘာစီရှိပါပြီဟု ပြောသည်။ ထိုသို့ပြောသောအခါ ဘုရားသုံးဆူတို့၏ ဓါတ်တော်ဌာပနာရာအရပ်တို့ကိုမေးလေရာ ထိုနတ်သားငါးယောက်တို့အနက် ဆူးလေနတ်သားပြောသည်မှာ သူသည် ကကုသံ ဘုရားလက်ထက်တွင် ဘီလူးအဖြစ်နှင့် ဖူးတွေ့ရဘူးပါသည် ထိုအခါက ပေးတော်မူသော ဓမ္မခရိုင်အား ၎င်းကုန်း၌ပင် ဌာပနာထား၍ကိုးကွယ်ပါသည်ဟုလျှောက်ဆိုလေသည်။ ဒုတိယတဖန် မှော်ဘီနတ်ကိုမေးသောအခါတွင် မှော်ဘီနတ်ကပြောသည်မှာ အကျွန်ုပ်သည် ဂေါဏဂုံ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့ရ၍ အကျွန်ုပ်ကိုးကွယ်ဘို့ရန်ပေးတော်မူသော ရေသနုတ်တော်ကို ၎င်းကုန်းပေါ်မှာပင် ဌာပနာပြု၍ ကိုးကွယ်ပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကို မေးပြန်သော် ၎င်းနတ်သားက ပြောပြန်သည်မှာ အကျွန်ုပ်သည် ကဿဖ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့စဉ်က အကျွန်ုပ်ကိုးကွယ်ဖို့ တောင်ဝှေးတော်ကိုပေးသနားတော်မူပါသည် ၎င်းတော်ဝှေးတော်အား ၎င်းကုန်း၌ပင် ဌာပနာပြုထားပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် အခြားနတ်သား တစ်ယောက်ကိုမေးပြန်သော် ၎င်းနတ်သားက အကျွန်ုပ်သည် ဂေါတမဘုရားဖြစ်သည်ကို သိပါသည်ဟုပြောသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကိုမေးပြန်သော် အခြားနတ်သားတစ်ယောက်က အကျွန်ုပ်သည် ကမ္ဘာကုန်သည့်တိုင်အောင် ၎င်းဓါတ်တော်ကို စောင့်ရှောက်ရပါမည်ဟု ပြောဆိုလေသည်။ ၎င်းနတ်သား ငါးယောက်တို့တွင် ဆူးလေနတ်နှင့် မှော်ဘီနတ်သာလျှင် ကကုသံ ဘုရားဓါတ်တော်နှင့် ဂေါဏဂုံ ဘုရားဓါတ်တော်ကို ထိန်းသိမ်းရကြောင်းကိုသာလျှင် သမိုင်းစာတွင်ပြဆိုသည်။ ကျန်နတ်သား သုံးယောက်တို့သည် မည်သည့်နတ်၊ မည်သည့်ဘုရားဓါတ်တော်ကိုစောင့်ရှောက်ရကြောင်း အတိအလင်းနှင့် ကမ္ဘာမည်၍မည်မျှ စသည်တို့ကိုဖေါ်ပြထားခြင်းမရှိပါ။
၎င်းသမိုင်းစာအရ စဉ်းစားစရာရှိသည်မှာ နတ်သားငါးယောက်တို့သည် ဤကမ္ဘာတွင် အသက်အားဖြင့် တကမ္ဘာစီရှိသည်ဟူ၍ သမိုင်းစာတွင်ပြဆိုသည်ကတချက်၊ ၎င်းအပြင် ပြဆိုသောအရာမှာ ၎င်းနတ်သားငါးယောက်တို့တွင် သုံးယောက်သော နတ်သားတို့မှာ ဘုရားတစ်ဆူလျှင် ဘီလူးအဖြစ်နှင့် တွေ့ကြုံရသည်ဟူ၍ဆိုထားချေသည်။ ထို့ကြောင့် ၎င်းနှစ်ချက်ကို စဉ်းစားထောက်ရှုပါလျှင် အဘယ်မျှလောက် မှားသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော် သေချာစေရန် ထောက်ပြပါဦးမည်။ ၎င်းဘုရားလေးဆူတို့သည် အန္တရရှစ်ကပ်မြောက်မှစ၍ ဆယ့်တစ်ကပ်မြောက် အတွင်းမှာ ပွင့်ကြသည်ဟု ပိဋကတ်မှာ ပြဆိုသည်တစ်ချက်၊ ၎င်းနတ်သားငါးယောက်တို့တွင်လည်း သုံးယောက်သော နတ်သားတို့သည် ဘုရားသုံးဆူတို့အပွင့်တွင် ဘီလူးအဖြစ်နှင့် တွေ့ကြုံဘူးလေသည်ကတစ်ချက်၊ ၎င်းနတ်သားတို့အသက်သည်လည်း တကမ္ဘာစီရှိကြပြီဟု ပြဆိုသောအချက်တို့ကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး၍ ကြည့်ရှုလျှင်ယခုပြဆိုသော ဘုရားလေးဆူတို့သည် ဤဘဒ္ဓကမ္ဘာတွင်းမှာသာလျှင်ပွင့်ကြကုန်သည်ဟု ပိဋကတ်တွင်ပြဆိုသောကြောင့် ၎င်းရွှေတိဂုံသမိုင်းစာတွင် ပြဆိုသော နတ်သားငါးယောက်တို့၏ အသက်တကမ္ဘာစီရှိသည်ဟု ပြဆိုခြင်းသည်လည်း ပိဋကတ်ကျမ်းစကားနှင့် မညီသည့်အပြင် မိမိရေးသားသော သမိုင်းစာတွင် ရှေ့စကားနောက် စကားမညီသောကြောင့် သိသာရန် ရွှေတိဂုံ သမိုင်းစာမှားချက်ကို ၀ကွက်၍ ရှင်းပြလိုက်ပါသည်။ ၎င်းအပြင် သမိုင်းစာတွင် ပြဆိုပြန်သည်မှာ ၎င်းဆံတော်ဓါတ်ကို ဥက္ကလပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက ညီနောင်တို့ ဌပနာတိုက်တွင်းစဉ်အခါက ၎င်းဌာပနာတိုက်ထဲသို့ ဆံတော်ဓါတ်နှင့်အတူ တည့်သွင်းသည်မှာ ၎င်းဥက္ကလာပမင်းကြီးအရုပ်မှစ၍ မိဖုရားမောင်းမမိဿံ၊ ဆွေတော်မျိုးတော်တို့၏ အရုပ်၊ တဖုဿနှင့် ဘလ္လိက၊ ညီနောင်သမီးခင်ပွန်းတို့၏ အရုပ်စသည်တို့ကို သွန်းလုပ်၍ ထည်းထားကြကုန်သည်။ ၎င်းအပြင် လင်္ကျာရံ ရှင်သာရိပုတ္တရာအရုပ်၊ လက်ဝဲရံ ရင်မောဂ္ဂလံအရုပ်မှစ၍ အသီမိရဟန္တာ ရှစ်ကျိပ်တို့၏ အရုပ်တို့ကိုလည်း သွန်းလုပ်၍ထည့်ထားကုန်၏ဟု သမိုင်းစာတွင်ပြဆိုသည်။ ၎င်းပြဆိုခြင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် တဖုဿ ဘလ္လိက ညီနောင်တို့သည် ရှင်တော်ဂေါတမနှင့် တွေ့ရှိစဉ်အခါက ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ရောက်၍ ၄၉ ရက်မျှသာရှိသေးသည်၊ မည်သူ့ကိုမှ မည်သည့်တရားကိုမှ မဟောရသေး၊ မည်သည့်ဇာတ်နိပါတ်ကိုမှလည်း မထုတ်ဖေါ်ရသေး၊ ဤအခါက တဖုဿ ဘလ္လိက ညီနောင်တို့သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုသော ဒွေးဝါစိက သရဏဂုံကိုသာလျှင် ခံယူရလေသည်ဟု ဗုဒ္ဓ၀င် အဌကထာကျမ်းတွင်ပြဆိုထားလေသည်။ ထို့ကြောင့် ၎င်းဆံတော်ကို ဌာပနာ စည်းစဉ်အခါက ဌာပနာတိုက်ထဲသို့ လင်္ကျာရံ၊ လက်ဝဲရံမှစ၍ အသီမိရှစ်ကျိပ်ရဟန္တာတို့၏ အရုပ်ကို သွန်းလုပ်၍ ဌာပနာသည်ဟု သမိုင်းစာတွင် ပြဆိုခြင်းများတို့သည် ၎င်းသမိုင်းစာတွင် ရေးသည့်အတိုင်း မမှန်ကြောင်းကို သက်သေခံပြထားသောကြောင့် ရှင်းလင်းစွာသိမြင်ရလေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်အခါက တဖုဿ၊ ဘလ္လိကတို့အား ဆံတော်ကို ကိုးကွယ်ဘို့ရာပေးသည်ဆိုစေဦးတော့၊ တဖုဿ၊ ဘလ္လိကတို့ စေတီတည်သည်ဆိုစေဦးတော့ ဤမြန်မာနိုင်ငံတွင် မဟုတ်နိုင်ရာဖြစ်သတည်း။ ဤကား ရွှေတိဂုံစေတီ၏ သမိုင်းအကြောင်းအရာတို့ကို စစ်ဆေး၍ပြလိုက်ခြင်းပင်ဖြစ်သတည်း။
Like · 
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး Ko Milliom Maw ကအ၇မ်းတော်တဲ့ အထဲမှာပါတယ် ကိုယ့်ဘာသာ မဟုတ်တဲ့ဘာသာ ကို အတွင်းကျကျလေ့လာတာ ရိုးရိုးဘာသာ ဝင်တွေကို ရွေတိဂုံ အကြောင်းမေး၇င် တိတိကျကျဖြေနိုင်မဲ့သူရှားတယ်
  • Million Mawမင်းသမီးလေးအရမ်းမချီးမွမ်းနဲ့ကိုယ်တော်တာမဟုတ်ဘူး..သူများရေးတာကိုကူးချပြထားတာလေ..အရှင်နန္ဒဆိုတဲ့ဘုန်းကြီးကနေခရစ်ယာန်ဖြစ်လာသူတစ်ဦးရေးထားတာ.ဟီဟီ..ကိုယ့်ကဖြတ်ညှပ်ကပ်..
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး ကျွန်မမသိတာတွေလည်း သိလိုက်၇ပြီ
  • Million Mawကျေက်ာကွင်းအရေးတော်ပုံအကြောင်းဟတဲ့သူတွေကိုကြိုတင်သတိပေးထားတာမလိုက်နာတဲ့အတွက်..ဒီဟာတွေကိုတင်ပေးရခြင်းဖြစ်တယ်..သူတို့ကိုသတိပေးထားတာလိုက်နာရင်ဒါတွေဒီပေါ်မှာထွက်ပေါ်လာမှာမဟုတ်ဘူး..အခုတော့ကိုယ့်ဟာကိုယ်သာဖက်ပြီး..မှားမှန်ဆုံးဖြတ်နိုင်တဲ့အစွမ်းရှိရင်ဆုံးဖြတ်ကြပေတော့..နောက်ပို့တွေလာဦးမည်..ရှင်ဥက္ကဌတပည့်လေးတွေအတွက်..
  • Theinthan Zaw ဒါနဲ့ တစ်ခုလောက်မေးပါရစေ..။ကုန်သည်ညီနောင်ပြန်လါတာကိုဥက္ကလါပမင်းနဲ့ ဗိုခြေတစ်ထောင်ကယခုဗိုလ်တစ်ထောင်ဆိပ်ကမ်းကစောင့် ကြိုတယ်ဆိုတာဖတ်ဘူးပါတယ်..။ဒါလှည်းငါးရာနဲ့ ကုန်ကူးတာအောက်လမ်းကသွားတာမဟုတ်ဘူးလို့ ယူဆလို့ မရဘူးလါး..။လှေတွေနဲ့ သွားမယ်..ဟိုကျမှလှည်းနဲ့ ကုန်တွေကိုပြောင်းမယ်..။လှည်းတွေနဲ့ လှည့် လည်ရောင်းချမယ်ပေါ့ ..။ဒါကိုရောထည့် စဉ်းစားပြီးဝေဖန်ထါးတာလါး..။သိချင်ပါတယ်..ခင်ဗျာ..။
  • Theinthan Zaw ပြီးတော့ ရှိပြီးသမိုင်းကမှန်သည်..မမှန်သည်ကိုထိုစေတီဧ။်သမိုင်းကြောင်းအမှန်နှင့် ရှင်းပြသင့် ပါသည်..။ထိုစေတီဘယ်လိုပေါ်ပေါက်လါပါသလဲ..။သို့ မှသာမူရင်းသမိုင်းကိုဖျောက်တာသင့် တော်ပါမည်..။
  • Theinthan Zaw ဆံတော်တစ်ဆုပ်နဲ့ ဆံတော်ရှစ်ချောင်းအရည်အတွက်ကွာခြားကြောင်းကိုလည်းသိချင်ပါသည်..။ဆံတော်တစ်ဆုပ်တွင်ဘယ်နှစ်ချောင်းပါဝင်သည်သိလိုပါသည်..။
  • Han Q Zin Ko Milliom Maw ကအ၇မ်းတော်တဲ့ အထဲမှာပါတယ် ကိုယ့်ဘာသာ မဟုတ်တဲ့ဘာသာ ကို အတွင်းကျကျလေ့လာတာ ရိုးရိုးဘာသာ ဝင်တွေကို ရွေတိဂုံ အကြောင်းမေး၇င် တိတိကျကျဖြေနိုင်မဲ့သူရှားတယ် >>>>> မနော်က ဘာမှ မစူးစမ်းမဆင်ခြင်ဘဲနဲ့ ဇွတ်အထင်ကြီးလိုက်တာပဲ။ ကို Million Maw ကတော့ မဟုတ်တာကို မဟုတ်ဘူးလို့ ဝန်ခံသွားတဲ့အတွက် လေးစားပါတယ်။ 

    ကျနော်ဆိုရင် ဒီ Post ကို စဖတ်ဖတ်ချင်းမှာတင် ကို Million Maw သူ့အာဘော်နဲ့ ရေးတာ မဟုတ်ဘူးဆိုတာ စာအရေးအသား ပါဠိစကားလုံး ရိုက်ပုံတွေ ကြည့်ယုံနဲ့ သိပြီးသားပါ။ ကိုယ့်ဖတ်လိုက်ရတဲ့ အခြားဘာသာရဲ့မကောင်းကြောင်းကို ဟုတ်မဟုတ် ဆွေးနွေးချင်တဲ့စိတ်ရှိတာ ကောင်းပါတယ်။

    ကျနော်အရင်က ရွှေတိဂုံဘုရားရဲ့သမိုင်းကြောင်းကို စာအုပ်တော်တော်များများမှာ ဖတ်ခဲ့ဖူးပါတယ်။ အရှင်နန္ဒ ထောက်ပြထားတဲ့အချက်အချို့ မပါဘူး။ သူသံသယဖြစ်ပြီး မဖြစ်နိုင်ပါဘူးလို့ ထောက်ပြထားတဲ့အချက်တွေကလည်း သူအတွေးနဲ့သူတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ သူက မယုံကြည်လို့ပဲ ခရစ်ယာန်ထဲ ပြောင်းသွားပြီပဲ။ မယုံကြည်တာကို မယုံကြည်သလိုပဲ ရေးမှာပေါ့ မဆန်းပါဘူး။ ကျနော် ဒီ Post မှာမရှင်းပြဘူး။ ဒီမှာ ရှင်းပြရင် ဒီကလူတွေပဲ သိမယ်။ အချိန်ရရင် Post တင်ပေးပါ့မယ်။ ထုံစံအတိုင်း အကိုနဲ့အစ်မကို Tag လုပ်မှာပါ။
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး  အမထင်တဲ့အတိုင်းပါပဲ han တို့ဒီလိုပြောမယ်ဆိုတာ ကိုယ့်ဘာသာကတခြားဘာသာကို ပြောင်းသွား၇င် အဲလိုပဲပြောကြတယ် မဆန်းပါဘူးဒါလဲ အော် ကိုယ့်ဘာသာကို ပြောင်းလာ၇င်တော့ ပြောလိုက်ကြတာအကောင်းတွေပဲ တခြားဘာသာကိုပြောင်းသွားပြီဆို၇င်တော့ အင်းအမကတော့ ဘာသာပြောင်းတဲ့သူတွေကို စိတ်မဝင်စားပါဘူး ဘာသာတိုင်းမှာရှိနေလို့ပဲ
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး hanေ၇အထင်ကြီးတာ မဟုတ်ဘူးနော မစူးစမ်းပဲနဲ့အထင်ကြီးတာဆိုပဲ အမကို သူတင်တဲ့ post တွေကို မင်းပြန်ကြည့်လိုက်ပါ သူ့ရဲ့လေ့လာမှူက မင်းကိုယ်တိုင်လည်းပြောခဲ့တယ်နော သာမန်မိရိုးဖလာဘာသာဝင် တယောက်ဟာ Milliom maw နဲ့တော့ ပြောလို့မရဘူးဆိုတာ
  • သိဒ္ဓိဝင် ဇီဝက ဘာသာရေးဆိုတာ သမိုင်းမှ မဟုတ်တာဗျာ

    သမိုင်းဆိုတာ သူလို ကိုယ်လို ကြားဖူးနားဝ လျှောက်ရေးကြတာပဲ


    ခရစ်တော် သေပီး ပြန်ထတာ ဘာညာပေါ့

    အဲ သမိုင်းတွေ ငြင်းနေလို့ က လျှာထွက်ရုံပဲ

    ဖြစ်သင့်တာ က သဘာဝ နဲ့ ဘယ် ဓမ္မ က ကိုက်သလဲ ဆိုတာ လေ့လာရင် အဖြေက ရှင်းမှာပါ
    ကျောက်ကွင်း က အနာကို တုတ်နဲ့ရိုက်တဲ့ စာအုပ်ပါ
    အဲစာအုပ် က တရားဝင် သမ္မာကျမ်းစာကို ဝေဖန်တာပါ
    ဘုရားသမိုင်းဆိုတာ ပိဋကတ်သုံးပုံ မဟုတ်တာ ချင့်ချိန်နိုင်ပါစေ

    သေချာတာတော့ ခုချိန်ထိ ပိဋကတ် ၃ ပုံလောက် ပြည့်စုံတဲ့ လောက အကြောင်း ရှင်းလင်းချက် မရှိသေးဘူး
    ယုတ္တိနဲ့ရှင်းတာပြောပါတယ်
    အိပ်ယာဝင်ပုံပြင်လိုရှင်းတာမပါ

    မောတယ် နောက်မှဆက်ပြောတော့မယ်
    May 5 at 1:25pm · Edited · Like · 3
  • Million Mawဟုတ်ကဲ့သမိုင်းဆိုတာသန်ရာရက်၍ပုံပြင်စိုတာမှန်ရာရက်တယ်ဆိုတာကိုဘဲကြားဖူးပါတယ်..သူ့လိုကိုယ့်လိုကြားဖူးနားဝလျှောက်ရေးတယ်ဆိုတာတော့အခုမှကြားဖူးတယ်..သေချာစွာမှတ်ထားလိုက်ပါ့မယ်..အနာပေါ်တုတ်ကျတာထက်..ရှင်ဥက္ကဌပြောသမျှထဲက..ပိဋကတ်ထဲကရှိသမျှစာတွေကဘုရားဟောမဟုတ်ဘူးလို့သင်လက်ခံပါသလား..ရှင်ဗုဒ္ဓဃောသနဲ့တကွ..ဆရာတော်တွေဟာအလိမ်အညာစာတွေရေးတယ်လိုစိုတာသင်လက်ခံသလား..ဒါဘဲအဖြေလို့ချင်ပါတယ်...
  • ဘယ်သန် ဘမှန် ကျနော်လဲအဲလိုတော့တွေးမိတာပဲ စာဆိုတာ လူကရေးခဲ့တာ ဘယ်စာ ဘယ်ကျမ်းမှ တထစ်ချ မျက်စိမှိတ်ယုံ ကြည်လို့မရဘူး ဗုဒ္ဓကလည်း အဲလိုဟောခဲ့တာပဲ ဝါဝါမြင်တိုင်းရွှေမဟုတ်နိုင်ဘူး ရွှေစစ်မစစ် သိရအောင် မီးဖုတ်ကြည့် မှတ်ကျောက်တိုက်ကြည့် ငရဲမီးစားကြည့် အဲဒါတွေခံနိုင်မှရွှေစစ်တယ် အဲသလိုပဲ ကျမ်းစာလာဆိုတိုင်း မှန်ခြင်မှမှန်မယ် ...
  • သိဒ္ဓိဝင် ဇီဝက ရှင်ဥက္ကဌ ဖြတ်သန်းခဲ့တဲ့ ကာလ တလျှောက်လုံးမှာ နိုင်ငံရေးလှည့်ကွက် တချို့ရှိသေးတယ် ဆိုတာ သိလား

    ဥပမာ ရဲဘော်မသေ သေသော် ငရဲမလား တို့

    လူသေ လူဖြစ် ဝါဒ တို့

    အဲကိစ္စလေး နည်းနည်း တီးခေါက်ကြည့်ပါ 
    နားလည်နိုင်မယ် ထင်ပါတယ်

    သမ္မာကျမ်းစာ ကို အကြိမ်ကြိမ် ပြုပြင်ပြောင်းလဲ ခဲ့ရတာ ဘုရားသခင် က စကား ကို တမျိုးတည်း မပြောတတ်လို့လား ဒါဆို
  • သိဒ္ဓိဝင် ဇီဝက ပုံပြင် ဆိုတာ မှန်ရာ ယက်တယ် ဆိုလို့

    စနိုးဝှိုက်နဲ့ လူပုလေး ၇ ယောက်
    ...See More
  • Million Mawသန်ရာရပ်တယ်ဆိုတဲ့အဓိပ္ပါယ်ကိုနားမလယ်သေးရင်ပြန်လေ့လာပါ.သန်ရာရပ်တယ်ဆိုတဲ့စကားကယုံတန်းစကားကိုပြောတယ်လို့ထင်ရင်.မှားနေမယ်..အီစွတ်အကြောင်းကိုမလေ့လာမိသေးဘူးထင်တယ်..ပြန်လေ့လာလိုက်ပါ..တက်လူ့လား..ယုံတမ်းစကားကြောင့်ဖြစ်လာတဲ့လူလားလို့..သမ္မာကျမ်းစာကိုအကြိမ်ကြိမ်ပြောင်းလဲတယ်ဆိုတဲအကြောင့်နောက်ပို့မှာဆွေးနွေးမှာဖြစ်ပါတယ်..ကျောက်ကွင်းတစ်အုပ်လုံးကိုဆွေးနွေးသွားမှာပါ..မပူပါနဲ့..ကျွန်တော်မေးနေတာအခုထိ သိဒ္ဓိဝင် ဇီဝက မဖြေသေးဘူး..ဝေ့လည်ခြောင်ပက်လုပ်နေမဲ့အစား..မေးတာကိုသာဖြေပေးလိုက်ပါ..ပိဋကတ်ပါအကုန်းလုံးသည်ဘုရားဟောဟုတ်ပါသလားမဟုတ်ပါသလား..
  • သိဒ္ဓိဝင် ဇီဝက ပိဋကတ်ပါ တရားသား အားလုံး သည် မြတ်ဗုဒ္ဓ ဂေါတမှရှင်တော်မြတ် ဘုရား ၏ နှုတ်ထွက်စကား များ ကို စုစည်းထားခြင်း ဆိုတာ မှန်ပါတယ်။

    ဘယ်သူပြုစုပါသည်တို့ ဘာတို့ ညာတို့ တော့ မပါဘူးပေါ့
  • သိဒ္ဓိဝင် ဇီဝက အလိမ်အညာ စာတွေ ဟုတ်မဟုတ် ကတော့ ကိုယ်တိုင်ကျင့်ကြံလေ့လာကြည့်လိုက်ပါ

    သိပါလိမ့်မယ်


    ဗုဒ္ဓရဲ့ လမ်းစဉ် က ယုံကြည်ခြင်း ဆိုတဲ့ မျက်စိမှိတ်အမှန်တရားထက် လက်ခံခြင်းဆိုတဲ့ ဆန်းစစ်ဝေဖန်တဲ့ ဝိဘဇ္ဇဝါဒ အပေါ် အခြေခံထားတာပါ။
  • ဘယ်သန် ဘမှန် နှစ်ပေါင်း၅၀၀လောက်က မှစာပေအရေးအသားပေါ်လာတာဆိုတော့ အကုန်မှန်လို့လည်းမဟုတ် အကုန်အမှာလို့လည်းမဟုတ်...
  • Million Mawအတိအကျမပြောနိုင်ပေါ့..ဟုတ်လား..ဒါဆိုပိုတိကျပြောနိုင်အောင်လမ်းဖွင့်ပေးလိုက်မယ်..နိဗ္ဗာန်ရောက်ဖို့အတွက်တစ်ခုတည်သောအကျင့်ဟာဝိပသနာအကျင့်ဖြစ်တယ်ဆိုတာကိုသင်ယုံပါသလား..
  • Million Maw နှစ်ပေါင်း၅၀၀လောက်ဆိုတာ..bc 500 ကိုပြောတာလား..Ad 500 ကိုပြောတာလား..
  • သိဒ္ဓိဝင် ဇီဝက ဟုတ်ကဲ့ နိဗ္ဗာန်ရောက်ဖို့ တခုတည်းသော အကျင့်ဟာ မဂ္ဂင် ၈ ပါး ခြံရံတဲ့ ဝိပဿနာ အကျင့် ဖြစ်ပါတယ်
  • Million Maw ယုံပါသလား..ဗုဒ္ဓကအဲ့လိုပြောခဲ့တယ်..သင်ယုံပါသလား..
  • Million Maw အဲ့ဒီအကျင့်ကတကယ်ပဲနိဗ္ဗာန်ကိုရောက်စေမယ်ဆိုတာလဲသင်ယုံပါသလား
  • သိဒ္ဓိဝင် ဇီဝက ကျင့်ကြံနေဆဲဖြစ်တဲ့ အပြင် မှန်ကန်တယ်လို့ ခံစားရပီး လက်ခံထိုက်တယ် လို့ လက်ခံထားပါတယ်
  • Million Mawလက်ခံထားတယ်ဆိုတာ..ယုံလို့မဟုတ်ဘူး..ယုံရအောင်လည်းဘယ်သူမှနိဗ္ဗာန်ရောက်တယ်ဆိုတာမသိရသေးဘူး..ရောက်မှဘဲယုံမယ်..အဲလိုတော့မဟုတ်လော်ပါဘူးနော်..ဟဲဟဲ
  • Million Mawဒါဆိုပိဋကတ်ကျမ်းဟာ..အကုန်ဘုရားဟောမဟုတ်ဘာဆိုတာကိုယုံပါသလား..လက်ခံပါသလား..
  • သိဒ္ဓိဝင် ဇီဝက နိဗ္ဗာန် ကို ရှင်းပြရင် နားလည်ဖို့ ခက်ခဲတယ် 
    ကျွန်တော် လဲ သိသာအောင် မပြောတတ်ဖူး
    သိပီး ရသွားတဲ့ ရနေပီး မသေသေးတဲ့ လူတွေ အများကြီးပါ
  • သိဒ္ဓိဝင် ဇီဝက ဖြေပီးပါပီ
  • Htay Naing မှန်ကန်တယ်လို့ ဘယ်လိုခံစားရတယ်ဆိုတာ သိလိုပါတယ်။
  • Million Mawယုံပါသလားလို့မေးတာကိုသာဖြေပေးတာပါ..လက်ခံပါသလားလို့မေးတာကိုဖြေးပေးစေချင်ပါတယ်..
  • Million Maw ဟုတ်ကဲ့ကိHtay Naing မေးတာလေးကိုလည်းဖြေပေးစေချင်ပါတယ်..
  • Htay Naing ရှင်းပြဘို့ခက်ခဲသော်လည်း မိမိကိုယ်တိုင်တော့ နားလည်နေတယ်လို့ဆိုလိုတာပါလား
  • သိဒ္ဓိဝင် ဇီဝက ငရုတ်သီး မစားဖူးတဲ့ လူကို စပ်တယ်ဆိုတဲ့ အရသာ ပြောမပြတတ်ပါဘူး ကိုဌေးနိုင်
  • သိဒ္ဓိဝင် ဇီဝက ပိဋကတ်ပါ တရားသား အားလုံး သည် မြတ်ဗုဒ္ဓ ဂေါတမှရှင်တော်မြတ် ဘုရား ၏ နှုတ်ထွက်စကား များ ကို စုစည်းထားခြင်း ဆိုတာ မှန်ပါတယ်။

    ဘယ်သူပြုစုပါသည်တို့ ဘာတို့ ညာတို့ တော့ မပါဘူးပေါ့
  • Million Mawကျွန်တော်ကတော့ပြောပြတတ်တယ်..ကုလားအောသီးဆို..မင်းမျက်ရည်တောက်ကနဲ့ကြမယ်..ငရုပ်သီးဆိုမျက်ရည်ဝဲမယ်..မင်းမစားဖူးသေးတဲ့သူဆိုတော့
  • Million Mawမှန်ပါတယ်ဆိုတော့..ယုံတယ်ပေါ့လက်ခံတယ်ပေါ့..ဒီလိုသက်မှတ်လို့ရမလား..အစွန်းလွတ်လုပ်လို့ရသလိုအစွန်းလွတ်စကားတွေကြောင့်မေးတာပါ..
  • Htay Naing အဲလိုပြောကြတာနည်းပါတယ် ကုန်းမြေအကြောင်းကို ရေထဲက ငါးကို လိပ်ကရှင်းပြတာနဲ့ဥပမာပေးပါတယ်၊ အဲဒီဥပမာက ဘာသာအတော်များများနဲ့လဲကိုက်ပါတယ် ဘယ်ဘာသာကယူသုံးသုံး အစဉ်ပြေပါတယ်။
  • Million Mawကဲ့ပါ..ကျွန်တော်အိပ်ရာဝင်လိုက်အုံးမယ်..နောက်နေ့ကြထပ်ဆွေးနွေးကြတာပေါ့..အစွန်းလွတ်တွေသိပ်မလုပ်ပါနဲ့အစွန်းရောက်သွားပြီးအဓမ္မဝါဒီဘဝရောက်ကုန်မှာဆိုးတယ်..ဗျ
  • သိဒ္ဓိဝင် ဇီဝက အစွန်းရောက်တာ ကျွန်တော် မဟုတ်ပါ
  • Million Mawအစွန်းတော့မရောက်သေးပါဘူး..အစွန်းရောက်ရှင်ဥက္ကထတော့အားပေးတယ်ပေါ့
  • သိဒ္ဓိဝင် ဇီဝက ငရုတ်သီးရဲ့ စပ်တယ်ဆိုတဲ့ သဘောကို မပြောပြတတ်ဖူး

    ရေခဲဒေသကို သွားလို့ နယ်စပ်ရောက်ရင် စိမ့်လာတယ်

    အတွင်း မှာ ဘယ်လောက်အေးတယ်ဆိုတာ အစပ်ကနေ အတိအကျ မသိနိုင်ဘူး
    အဲလိုလေး ခံစားဖူးပါတယ်
    ကျွန်တော် နယ်စပ်ရဲ့ နယ်စပ်နား ကို ရောက်ဖူးခဲ့ပါတယ်
  • သိဒ္ဓိဝင် ဇီဝက ယုံတယ်ဆိုတဲ့ စကားလိုချင်နေတာလား
  • Million Mawကျွန်တော်ကတော့အအေးခဲလုပ်ပြီးထားပေမဲ့အစပ်အရသာကမပြောက်သွားတာတွေ့ရတယ်..ဗျ..တောင်အောက်ကမြင်းခွာရွက်ထက်..တောင်ပေါ်မြင်းခွာရွက်ကပိုခါးနေတယ်..ယုံတယ်ဆိုတဲ့စကားနဲ့လက်ခံတယ်ဆိုတဲ့စကား..မှန်ပါတယ်ဆိုတဲ့စကား..ကဘယ်လိုနည်းဆပ်လည်းသိချင်နေလို့ပါ..ပြောပြပါလား..မတူတဲ့အကြောင်းလေး..
  • Million Maw နောက်နေ့မှပြန်ဖက်လို့ရအောင်လို့ပေါ့ဗျာ
  • သိဒ္ဓိဝင် ဇီဝက ယုံတယ်ဆိုတာ က အဖေ က သားကို ပြောတယ်
    သားရေ မင်းအဖိုးရဲ့ ၂၃၀ ဆက်မြောက် အဖိုး က ကျန်စစ်သား နဲ့ အမျိုး ၂၀၀ ဝမ်းကွဲတော်တယ်
    အဖေ မျိုးရိုးဇယား တော့ မရှိတော့ဘူး

    ဒါ ရှေး အမျိုးဆက် ၁၀၀ က ရေးခဲ့တဲ့ စာဆိုတော့ ယုံလိုက်ရတယ်
  • သိဒ္ဓိဝင် ဇီဝက အဲဒါ ယုံတာပေါ့
  • Million Mawကျန်စစ်သားဆိုတာလားဟူတောင်ပေါ်သားကျာစစ်သည်ဆိုတာကိုသင်သိပါသလား
  • Million Maw ဟဟကဲ့ပါဗျာအိပ်တော့မယ်..
  • သိဒ္ဓိဝင် ဇီဝက လက်ခံတာကျတော့ ဒီလို
    ရေမှာ Hydrogen ၂ လုံး
    Oxgen ၁ လုံးပါတယ်
    ...See More
  • သိဒ္ဓိဝင် ဇီဝက မှန်ပါတယ် ဆိုတာက သားရေ မင်း အဘိုး ၄ ဆက်မြောက် က နာမည် ဘယ်လို ဘယ်တုန်း က သေတာ
    ဘယ်ပုံ ဆိုတာက အတိအကျ သိနိုင်သေးတယ်
    မြင်ပဲ မမြင်နိုင်တော့တာ

    အဲဒါ က မှန်တာ
  • သိဒ္ဓိဝင် ဇီဝက အချုပ်ပြောရရင် 
    ယုံတာက မထူးဇာတ်ခင်း လက်ခံလိုက်တာ
    လက်ခံတာ က မှန်ကြောင်းသိလို့ ခံယူလိုက်တာ

    မှန်ပါတယ် ဆိုတာ က သက်သေပြဖို့ ခက်ပေမဲ့ ဟုတ်ပါတယ် လို့ ယုံကြည်လောက်တဲ့ အကြောင်းရှိလို့ မှန်ပါတယ် လို့ ပြောတာ အဲလိုကွာပါတယ်
  • သိဒ္ဓိဝင် ဇီဝက ဥပမာ ပြတာပါ 
    ကျန်စစ်သား အကြောင်း မငြင်းသေးပါ
  • Aung Thu အဓိကအားဖြင့်တနေရာမှတနေရာသို့ကူးပြောင်းပီဆိုရင် ကျန်ခဲ့တဲ့တနေရာကအရာကို အမှန်ပြောဖို့ သို့မဟုတ်ကိုလက်ရှိနေတဲ့နေရာကို ရပ်တည်နိုင်ဖို့ အလိမ်အညာက ၅၀%လောက်ပြောကြတယ် ဒါတွေကလက်ရှိကာလထိဖြစ်ပျက်နေတာပါပဲ
  • Million Mawကျောင်းသားဘဝဆရာဆရာမသင်သမျှမှန်လားမှားလားမေးချင်းမရှိဘဲ..သင်သမျှအမှန်တ၇ားအနေနဲ့ယုံကြည်လက်ခံခဲ့တယ်..ဒီလိုယုံကြည်လက်ခံဖို့..ခေတ်အဆက်ဆက်အမိအဖိတွေကိုယ်တိုင်ကကျောင်းတတ်ကျင့်သုံးခဲ့ကြတယ်..ဆရာဆရမတွေသင်တာကိုမယုံကြည်ခဲ့သော်..ကျောင်းတတ်ဖြစ်မှာမဟုတ်ဘူး..ဆရာဆရာမကိုယုံကြည်လက်ခံဖို့ဘာအကျင့်နဲ့မှကျောင်းသားတွေစမ်းသပ်မှုမပြုခဲ့ကြဘူး..ကျောင်းသားတစ်ယောက်ဆရာဆရာမသင်တာကိုအမှန်ဖြစ်နဲ့ယုံကြည်ပြီးသင်သမျှကိုကြိုးစာလိုက်နာသင်ယူခြင်းဖြင့်..ယုံကြည်ခြင်းအကျင့်ကိုကျောင်းသားတွေပြခဲ့ကြတယ်..ယုံကြည်ခြင်းနဲ့အကျင့်ဆိုတာတွဲနေတယ်..ဆရာမသင်တာကိုမှန်တယ်လို့လက်ခံယုံကြည်ခြင်းက..ကျောင်းသားတစ်ယောက်ကျောင်းပြီးအောင်နေနိုင်ခဲတာဘဲ.....ဒီသုံးမျိုးဟာ..တွဲနေတဲ့အရာတွေဖြစ်တယ်..
  • Aung Thu လူတယောက်ရဲ့ပင်ကိုဉာဏ်ကလည်းကောင်းဖို့လိုသေးတယ်နော် ဘယ်လောက်ပင်သင်နေသော်လည်းမအောင်တဲ့သူတွေအများကြီးပါ တချို့ဆရာမတွေမှာလည်းလိုအပ်ချက်တွေရှိနေတာပဲလေ
  • Million Mawမပုကြွယ်နဲ့ခရုငယ်..ကြည်ပွေအတတ်ပေါက်ပြီ....လုံးလဝီရိယ..ဇွဲ.မိတ်ဆွေသုံးဦးအမှီသဟယ်ပြုကြ..ကျောင်းသားအတန်းမအောင်လည်းဆရာဆရာမအပေါ်မှာယုံကြည်မှုမပျက်ပါဘူး..
  • Aung Thu မှားတယ်မှန်တယ်တကယ်မမေးခဲ့ဖူးဘူးလား မဖြစ်နိုင်ပါဘူး ကိုယ်မရှင်းတာမသိတာ ရှိရင် ထမေးတတ်ကြပါတယ် စေတန်ကိုတော့ဆရာမတင်မိစေနဲ့ပေါ့ဗျာ
  • သိဒ္ဓိဝင် ဇီဝက ကျောင်းဆိုတာ စမ်းသပ်ချက်တွေ နဲ့ စမ်းသပ်ပီးသား ကိစ္စ ရပ်တွေ
    လက်တွေ့ ခုစမ်း ခုသိရတဲ့ သက်သေပြချက်တွေ ကို အများဆုံးသင်တယ်
    ဆရာတွေ ကို ယုံကြည်ကိုးစားလွန်းတဲ့ စနစ်မအောင်မြင်လို့ Student Center စနစ် ကျင့်သုံးလာတယ်

    ဆရာတွေ သင်တာ ဖောက်ထွက်နိုင်တဲ့ လူတွေ လူတော်ဖြစ်လာတယ်
    သာမန်လူကတော့ သာမန်ပဲတွေးပီး သာမန်ပဲ ဖြစ်လာမှာပါ
    18 hours ago · Like · 1

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews