Thursday, March 6, 2014

ကယ်တင်ခြင်းခံစားရန်ဘုရားသခင်၏အစီအစဉ်


Smiley face
ကယ်တင်ခြင်းခံစားရန်ဘုရားသခင်၏အစီအစဉ်
၁။ ဘုရားသခင်သည်လူကိုဘယ်သို့သောအဖြစ်နှင့်ဖန်ဆင်းတော်မူသနည်း
ဒေသနာကျမ်း ၇း၂၉ ငါတွေ့သော အရာတခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
ကမ္ဘာဦးကျမ်း ၁း၂၇၊၃၁
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊
ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏



၂။ လူ၏စုံလင်ချမ်းသာသောအဖြစ်သည် ယခုကဲ့သို့အပြစ်ရှိသောအဖြစ်သို့အ
ဘယ်သို့ပြောင်းလဲသနည်း
ရောမသြဝါဒစာ အခန်းကြီး ၅း၁၂
ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။
ကမ္ဘာဦးကျမ်း ၃း၆၊၁၇-၁၉
ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
၁၇ ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
၁၈ ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။
၁၉ သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
 ၃။ လူသည်ဖေါက်ပြန်သောကြောင့်အဘယ်အရာကိုဆုံးရှုံးခြင်းခံရသနည်း
အဖြေ။    (က) သန့်ရှင်း၍ဖြောင့်မတ်သောသဘော။ ရောမ ၅း၁၉
             (ခ) ကမ္ဘာမြေကြီးကိုအုပ်စိုးခြင်း။ ဆာလံ ၈း၎-၈။ ဟေဗြဲ ၂း၈
၎။ အပြစ်မှဘာဖြစ်သေးသနည်း
ရောမ ၆း၂၃
အပြစ်တရား၏အခကသေခြင်းပေတည်း။
ယာကုပ် ၁း၁၅
တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ ဒုစရိုက် ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။
 ၅။ ဘုရားသခင်၏နှုတ်ထွက်တရားတော်သည်လူ၏အပြစ်ကိုအဘယ်ကဲ့
သို့ဖေါ်ပြသနည်း
ယေရမိအနာဂတ္တိကျမ်း ၁၇း၉စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
၁၀ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့် အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
ရောမ ၆း၁၆
အကြင်သူ၏ အထံ၌အစေခံ ကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၌အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်း နှင့်ယှဉ်သောနားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့သည် သခင်ဖြစ်သည်ကိုမသိကြသလော။
၂ပေ ၂း၁၉လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ်၏။
၆။ လူသည်မိမိခွန်အားတန်ခိုးနှင့်အပြစ်၏ကျွန်အဖြစ်မှလွတ်ကင်းဖို့ရာ
မျှော်လင့်ခြင်းရှိသလော့
ဧဖက် ၂း၁၂ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း အသင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကို၎င်း၊ အောက်မေ့ကြလော့။
 ယေရမိ ၂း၂၂သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သောဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။
ယေရမိ ၁၃း၂၃အဲသယောပိ လူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော့။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင်ကြလိမ့်မည်။
ယေရမိ ၁၇း၅-၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။
ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကိုမသိရ။ အဘယ်သူမျှမနေသောဆားမြေ၊ သွေ့ခြောက် သောလွင်ပြင်၌ နေရလိမ့်မည်။
 ၇။ အဘယ်နည်းအားဖြင့်သာကယ်တင်ခြင်းကိုရနိုင်သနည်း
ဧဖက် ၂း၈ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။
တိတု ၃း၅ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
တမန်တော် ၄း၁၀-၁၂ သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူအပေါင်းတို့ သိမှတ်ကြလော့။
၁၁ ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။
၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
၈။ လူသည်ကယ်တင်ခြင်းရဖို့ရန်ဘုရားသခင်သည်အဘယ်သို့ကြံစည်တော်
မူသနည်း
ယောဟန် ၃း၁၆  ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁ယော ၄း၉-၁၀ သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည် တပါးတည်သော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။
၁၀ ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
၉။ ဤကြံစည်တော်မူချက် အဘယ်သို့ ပြည့်စုံခြင်းသို့ရောက်သနည်း
မဿဲ ၁း၂၁ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
ဂလာတိ ၄း၎-၅ အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏ အခွင့်အရာကို ခံရမည်အကြောင်း၊
ပညတ်တရားလက်၌ ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။
၁၀။ ခရစ်တော်သည်ကျွန်ုပ်တို့အဖို့အဘယ်အဖြစ်ကိုယူသနည်း
ကောရိန်သုဒုတိယစောင် ၅း၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။
ဂလာတိ ၃း၁၃ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသော သူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ခရစ်တော်သည် ငါတို့အတွက် ကြောင့်ကျိန်ခြင်း ကိုခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။
ဟေရှာယအနာဂတ္တိကျမ်း ၅၃း၅-၆ ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊
ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊
၁၁။ ယေရှုခရစ်၌ယုံကြည်ခြင်းမှတပါးအခြားသောနည်းအားဖြင့်ကယ်တင်ခြင်း
ကိုရနိုင်သလော
       တမန်တော် ၄း၁၂
၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
 ယောဟန် ၃း၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက် ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်ဟု ယောဟန်ဟော ပြောလေ၏။
၁၂။ ခရစ်တော်၏ကုသိုလ်တော်အားဖြင့်ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းကို
အဘယ်သို့ရနိုင်သနည်း
ရောမ ၅း၁ထိုကြောင့်၊ ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။
ဂလာတိ ၂း၁၆၊ ၂၀
ခရစ်တော် အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ်ထင်ရားသောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည်အပြစ်တရားကို ပြုစုသောသူဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။
ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။
၁၃။ ကယ်တင်ခြင်းခံစားဖို့ရန်ဘုရားသခင်ကြံစည်တော်မူချက်သည်ဘယ်
လောက်တတ်နိုင်သနည်း
ဟေဗြဲ ၇း၂၅ ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံ တော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကိုကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။
ယောဟန် ၃း၁၆-၁၇ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
ယောဟန် ၁း၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
၁၄။ ခရစ်တော်သည်ကျွန်ုပ်တို့အလိုများကိုသိတော်မူသည့်အကြောင်း
ကျွန်ုပ်တို့သည်ယုံမှားခြင်းမရှိဘဲအဘယ်သို့သိနိုင်သနည်း
ဟေဗြဲ ၄း၁၅-၁၆ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
၁၆ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြေင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။
ဟေဗြဲ ၂း၁၇-၁၈ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရား သခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့် ၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။
၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။
၁၅။ ခရစ်တော်အားဖြင့်ကယ်တင်ခြင်းခံစားဖို့ရန်ကြံစည်တော်မူချက် ၌မည်
သည့်အရာပါဝင်သနည်း
လုကာ ၁၉း ၁၀ လူသားသည် ပျောက်သော သူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။
မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၄း၈ အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီးနေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာတည်ပြန်လိမ့်မည်။ နိုင်ငံတော် သည် ယေရုရှလင်သတို့သမီးလက်သို့တဖန် ရောက်လိမ့်မည်
၁၆။ လူထဲကရွေးနုတ်ခြင်းကိုခံရသောသူတို့သည် အဘယ်အဖြစ်သို့ရောက်မည်နည်း
ဟေရှာယအနာဂတ္တိကျမ်း ၆၀း၂၁ သင်၏ လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့် ငါ၏ဘုန်းပွင့် စေခြင်းငှါ၊ ငါ့ကိုယ်တိုင်စိုက်၍ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့်မည်၊၊
ဗျာဒိတ် ၂၁း၂၂-၂၇ မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏။
၂၃ ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကိုအလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်တော်သည် ထိုမြို့ကိုလင်း စေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ဆီမီးဖြစ်၏။
၂၄ လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြ လိမ့်မည်။
၂၅ မြို့တံခါးတို့ကို နေ့အချိန်၌ အလျင်းမပိတ်တတ်။ ညဥ့်မူကားမရှိ။
၂၆ လူအမျိုးမျိုးတို့သည် မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။
၂၇ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရ ဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရ၏
ဗျာဒိတ် ၂၂း ၃-၄ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။
မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။
ဗျာဒိတ် ၂၁း၎ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ
၁၇။ ဤညစ်ညူးသောလောကဓါတ်အစား ဘုရားသခင်သည်အဘယ်အရာကိုပေးတော်
မူမည်နည်း
ဟေရှာယအနာဂတ်္တိကျမ်း ၆၅း ၁၇ ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီး ကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။
ဗျာဒိတ် ၂၁း၁ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။
ပေတရုဒုတိယစောင် ၃း၁၃ ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။
၁၈။ ကယ်တင်ခြင်ခံစားဖို့ရန် ဘုရားသခင်ကြံစည်တော်မူချက်သည်အပြစ်နှင့် ပျော်
မွေ့နေသော အပြစ်သားတို့ကို အဘယ်သို့ဖြစ်စေမည်နည်း
ဗျာဒိတ်ကျမ်း ၂၁း၈ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊သစ္စာပျက်သောသူအပေါင်းတို့မူကား
၊ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။
မာလခိအနာဂတ္တိကျမ်း ၄း၁ မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်လိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဗျာဒိတ် ၅း၁၃ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။
၁၈။ ကယ်တင်ခြင်းခံစားဖို့ရာ ဘုရားသခင်၏ကြံစည်တော်မူချက်ကိုအဘယ်မှာတွေ့၍
သင်ကြားနိုင်သနည်း
ရောမ ၁း၁၆-၁၇ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။
၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းဘို့ အလိုငှါ ဧဝံဂေလိ တရားဖြင့် ထင်ရှားလျက်ရှိ၏။
 ယောဟန် ၅း၃၉ ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့် ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။
တိမောသေသြဝါဒစာဒုတိယစောင် ၃း ၁၅
သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှါ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက် ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေလော့။
၁၃ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
၁၄ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews