ဖန်ဆင်းခြင်း
၁။ ကောင်းကင်နှင့်မြေကြီးကိုအဘယ်သူဖန်ဆင်းသနည်း
အစအဦး၌ကောင်းကင်နှင့်မြေကြီးကိုဘုရားသခင်ဖန်ဆင်းတော်မူ၏
ကမ္ဘာဦးကျမ်း ၁း၁။ ဟေဗြဲ ၁း၁၀။ ယောဟန် ၁း၁-၃
မှတ်ချက်။ ဖန်ဆင်းခြင်းဆိုသောစကားမှာ၊ မရှိသည်အဖြစ်မှရှိသည့်အဖြစ်သို့
ပြုလုပ်ခြင်းကိုဆိုလိုသည်
၂။ ကမ္ဘာမြေကြီးကိုမျက်မြင်ရသောအရာများမှထုတ်ဖေါ်၍ဖန်ဆင်းသလော
ယခုမြင်ရသောအရာတို့သည်၊
အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို
ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
၃။ ဖန်ဆင်းခြင်းအမှုကိုအဘယ်သို့အားဖြင့်ပြီးစီးစေတော်မူသနည်း
ဆာလံ၃၃း ၆-၉ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်
မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း
ဖန်ဆင်းတော်မူ၏၊၊
၇
သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌
သိုထားတော်မူ၏၊၊
၈
ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည်
ရိုသလေးမြတ်ကြစေ၊၊
၉
အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊
အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
ဆာလံ၁၄၈း၅
ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့်
ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ
၎။ သမ္မာကျမ်းစာ၌ ဘုရားသခင်၏နှုတ်ထွက်တရားတန်ခိုးတော်နှင့်ဖြစ်စေ
သောအခြားအကြောင်းအရာအချို့ကားအဘယ်အရာများနည်း
လေနှင့်လှိုင်းတံပိုးကိုငြိမ်သက်ခြင်း(လုကာ၊ ၈း၂၄)
လာဇရုကိုသေခြင်းမှထမြောက်စေခြင်း(ယောဟန်၊ ၁၁း၄၃၊၄၄။)
သဘောင်္သဖန်းပင်ကိုသွေ့ခြောက်စေခြင်း။ (မဿဲ၊ ၂၁း၁၉)
၅။ ဖန်းဆင်းခြင်းအမှုကိုရက်ပေါင်းမည်မျှနှင့်ပြီးစီးစေသနည်း
ကမ္ဘာဦးကျမ်း ၂း ၁ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည်
ပြီးစီးလျက်ရှိကြ၏။
၂
သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို
လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊
ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ထွက်မြောကရာကျမ်း ၂၀း၁၁
၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊
မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
၆။ ဖန်းဆင်းခြင်းနှင့်ဆိုင်သောရက်များကိုအဘယ်သို့ပိုင်းခြားထားသနည်း
ကမ္ဘာဦးကျမ်း ၁း၅
၅ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊
မှောင်မိုက်ကို ညဥ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
၈၊၁၃၊၁၉၊၂၃၊၃၁
မှတ်ချက်။ ဖန်ဆင်းခြင်းနေ့ရက်များသည်
ယခုကျွန်ုပ်တို့ကာလရက်များကဲ့
သို့ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ဖန်ဆင်းတော်မူသည့်
အခါက လုပ်ကိုင်ရသကဲ့သို့လူအားလည်းခြောက်ရက်လုပ်ကိုင်စေရန်မိန့်မြွက်
တော်မူပြီ။ ထွက်မြောက်ရာကျမ်း ၂၀း ၉-၁၁ ကိုကြည့်ဘာ။ဖန်ဆင်းသော
ရက်များတွင် တစ်ရက်သည်အလွန်ရှည်လျားသောရက်အချိန်ကာလဖြစ်
သည်မှန်လျှင် လူသည်ရှည်လျား၍ကန့်သက်ခြင်းမရှိသောရက်မျိုးခြောက်
ရက်တွင်နားနေရခြင်းမရှိဘဲလုပ်ကိုင်နိုင်သည်ဆိုသော်ဟုတ်နိုင်စရာအ
ကြောင်းမရှိဘာ။
၇။ ဖန်ဆင်းသောခုနှစ်ရက်တစ်ပတ်တွင်တစ်ရက်ကိုအဘယ်သို့ပြုလုပ်ခဲ့ရသ
နည်း
ကမ္ဘာဦးကျမ်း ၁း
၁
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
၂
မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို
မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ
လှုပ်ရှားတော်မူ၏။
၃
ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
၎
ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်မှောင်မိုက်ကို
ပိုင်းခြားခွဲထားတော်မူ၏။
၅
အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဥ့်ဟူသောအမည်ဖြင့်၎င်း၊
ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
၆
တဖန် ဘုရားသခင်က၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု
အမိန့်တော် ရှိသဖြင့်၊
၇
မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌
ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း
ဖြစ်လေ၏။
၈
မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသော အမည်ဖြင့်
ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။
၉
တဖန် ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်
ရှိသည် အတိုင်း ဖြစ်လေ၏။
၁၀
ကုန်းကို မြေဟူ၍အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့် ၎င်း၊ ဘုရားသခင်
ခေါ်ဝေါ်သမုတ်တော်မူ၍၊ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၏။
၁၁
တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ
မျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု
အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၁၂
မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက်
သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
၁၃
ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယ
နေ့ရက်ဖြစ်လေ၏။
၁၄
တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါ
မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊
နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
၁၅
မိုဃ်းကောင်း ကင်မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာအလင်းအိမ် ဖြစ်စေဟု၊
အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၁၆
ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်း ဟူသော၊ နေ့ကိုအုပ်စိုးရသော အကြီး
တလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များကိုဖန်ဆင်းတော်မူပြီးလျှင်၊
၁၇
မြေကြီး၌ လင်းစေခြင်းငှါ၎င်း၊
၁၈
နေ့နှင့်ညဥ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊
မိုဃ်းကောင်းကင် မျက်နှာကျက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို
ဘုရားသခင်မြင်တော်မူ၍၊
၁၉
ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
၂၀
တဖန် ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော တိရ စ္ဆာန်တို့ကို ရေသည်များစွာ
မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ်မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု
အမိန့်တော်ရှိ၏။
၂၁
ထိုသို့လျှင် ရေသည် တိရ စ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဘွား၍၊ ငါးကြီးအစရှိသော
အသက်ရှင်၍ လှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို ၎င်း၊ ပျံတတ်သော
ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။
၂၂
ဘုရားသခင်ကလည်း၊ များပြားစွာမွေးဘွား ကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။
ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရ စ္ဆာန်တို့ကို
ကောင်းကြီးပေးတော်မူ၍၊
၂၃
ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။
၂၄
တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊
တွားတတ်သော တိရ စ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း မွေးဘွားစေဟု
အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
၂၅
ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရ
စ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။
၂၆
တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည်
ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊
မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း
အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
၂၇
ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏
ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊
၂၈
အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။
ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍
မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊
သူတို့ကို ကောင်းကြီးပေးတော်မူ၏။
၂၉
ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော
စပါးပင်အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော
သစ်ပင်အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဘို့ ငါပေး၏။
၃၀
မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရ စ္ဆာန်အပေါင်းတို့
စားစရာအဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း
ဖြစ်လေ၏။
၃၁
ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို
မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။
၈။ ဘုရားသခင်သည်ဖန်ဆင်းတော်မူခြင်းအမှုကိုမှတ်သားစေခြင်းငှာသတ္တမ
နေ့ရက်ကို အဘယ်သို့ပြုလုပ်သနည်း
ကမ္ဘာဦးကျမ်း ၂း၂-၃
၂
သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို
လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊
ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၃
ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊
ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌
ငြိမ်ဝပ်စွာနေတော်မူ၏။
ဟေဗြဲ ၄း၃-၎
ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍
ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏
ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍
ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။
၎
ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည်
မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ
နေတော်မူ၏ဟု လာသတည်း။
မှတ်ချက်။ ဖန်ဆင်းတော်မူခြင်းအလုပ်ပြီးစီးသည်အဆုံး၌
ဥပုသ်ကိုလူအဖို့ပြုလုပ်
စီမံ၍ပေးတော်မူသည်။
၎င်းဥပုသ်သည်လည်းလူမျိုးစဉ်အဆက်နားနေရန်သန့်ရှင်း
သောနေ့ပင် အမြဲဖြစ်ပေ၏။
ဆာလံ ၁၁၁း၎
အံ့ဘွယ်သော
အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊
သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
ဆာလံ
၁၃၅း၁၃အိုထာဝရဘုရား။ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏
၉။ ဘုရားသခင်ဖန်ဆင်းတောမူသောအလုပ်တော်၌မစုံလင်ခြင်းအကြောင်း
တစ်စုံတစ်ရာရှိသလော။
ကမ္ဘာဦးကျမ်း၁း၃၁ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော
အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍
ဒေသနာကျမ်း
၇း၂၉ငါတွေ့သော အရာတခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊
လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
၁၀။ ဖန်ဆင်းထားတော်မူသောအရာများအားဖြင်အဘယ်အကြောင်းတို့
ကိုထင်ရှားစေသနည်း။
ယေရမိအနာဂတ္တိကျမ်း ၁၀း၁၂ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့်
မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော် အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့်
မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
ဆာလံ ၁၀၄း ၂၄အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင် တော်မူ
သောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။
မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
၁၁။ အခြားသောလောကဓါတ်များကိုဘုရားသခင်ဖန်ဆင်းတော်မူသလော
ဟေဗြဲ
၁း၁၊၂
ရှေးလွန်လေပြီးသောအခါ
ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော
ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ်
တော်ပေးတော်မူပြီ။
၂
ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏
ဟေဗြဲ ၁၁း၃ယခုမြင်ရသောအရာတို့သည်၊
အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို
ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
၁၂။ ဘုရားသခင်ဖန်ဆင်းထားတော်မူသော
အရာအပေါင်းတို့ကိုအဘယ်
သို့သောအားဖြင့်တည်တံ့မြဲမြံစေခြင်းငှာမည်သူကြည့်ရှုမစလျက်နေတော်
မူသနည်း
ဟေဗြဲ ၁း၃ ထိုသားတော်သည် ဘုရားသခင်၏
ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော
မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို
ကိုယ်တော် တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော်တော်၏
လက်ျာဘက်၌ ထိုင်တော်မူ၏။
ကောလောသဲ ၁း၁၇သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍
ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏
၁၃။ ဘုရားသခင်၏တန်ခိုးတော်နှင့်ဥာဏ်တော်ကြီးကျယ်တော်မူခြင်းကို
ကျွန်ုပ်တို့အဘယ်သို့နားလည်နိုင်သနည်း
ရောမ ၁း၂၀အဘယ်သို့နည်း ဟူမူကား၊
ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်း
ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။
ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုန်းနိုင်ရာ။
ဆာလံ၁၉း၁-၃
မိုဃ်းကောင်းကင်သည်
ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့်
လုပ်သောအရာများကို ပြသ၏။
၂
တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃
နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၁၄။ လူမျိုးတို့ပြုလုပ်တတ်သောအပြစ်အကြီးဆုံးတွင် တစ်ခုသည်အဘယ်
အပြစ်ဖြစ်သနည်း
ရောမ
၁း၂၁-၂၃အကြောင်းမူကား၊ ထိုသူတို့သည်
ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊
ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော
စိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။
၂၂
ပညာရှိယောင် ဆောင် လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊
၂၃
မဖောက်ပြန်မပျက်ဆီးနိုင်သော ဘုရားသခင် ၏ဂုဏ်တော်ကို ပယ်လျက်၊
ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ် သော တိရစ္ဆာန်၏
ရုပ်တုတို့ကို ဘုရားသခင်အရာ၌ မြှောက်ကြ၏။
၁၅။ ဤအပြစ်ဒုစရိုက်အတွက်ကြောင့်ဘုရားသခင်သည်လူကိုအဘယ်သို့
ဒဏ်ပေးတော်မူသနည်း
ရောမ ၁း ၂၄ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို
အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို
သူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။
၂၅
သူတို့သည် မှန်သော ဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကို ပယ်၍
ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည်
ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။
၂၆
ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့
အပ်လိုက်တော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊
ပကတိနှင့်ဆန့်ကျင် ဘက်ထုံးစံကို လိုက်ကြ၏။
၂၇
ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍
အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို
ယောက်ျားခြင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို
ခံရကြ၏။
၂၈
ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ လျောက်ပတ်သောအမှုကို
ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
၂၉
သူတို့သည် အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊
လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက် ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊
လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊
၃၀
ဆဲရေး သောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊
ဝါကြွားသောသူ၊ မတတ် ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊
သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
၃၁
မိဘ သားမယား စသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊
သနားခြင်းကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။
၃၂
ထိုသို့ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို
ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့် သော သူတို့၌
အားရဝမ်းမြောက်ကြ၏။
၁၆။ မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါများကားအဘယ်အရာများနည်း
ယေရမိအနာဂတ္တိကျမ်း
အခန်းကြီး ၅၁း၁၅
တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။
ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
No comments:
Post a Comment
စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ