Thursday, March 6, 2014

ခရစ်တော်၌ထာဝရအသက်





ခရစ်တော်၌ထာဝရအသက်

၁။ လူအပေါင်းတို့သည် ဇာတိပကတိအတိုင်း ဘယ်ကဲသို့ဖြစ်နေသနည်း

ရောမ ၇း၁၄-၁၉ထိုမှတပါး၊ ပညတ်တရားသည်ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ ငါမူကားဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။



၁၅ အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။

၁၆ ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။

၁၇ သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။

၁၈ ငါ့အထဲမှာငါ့ဇာတိပကတိ၌ ကောင်းသောအရာတစုံတခုမျှမတည် သည်ကိုငါသိ၏။ အကြောင်းမူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိ သော်လည်း၊ ကောင်းစွာကျင့်တတ်သော အခွင့်ကို ရှာ၍မတွေ့နိုင်။

၁၉ ငါသည်ကျင့်ချင်သော အကျင့်ကောင်း ကိုမကျင့်၊ မကျင့်ချင်သောအကျင့်ကိုကျင့်၏။



ဂလာတိ၃း၂၂ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဂတိတော်ကိုရမည် အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။

၂။ ဤအခြေအနေထဲမှာရှိသောကြောင့်ဘာအကျိုးဖြစ်မည်နည်း

ရောမ ၆း၂၃အပြစ်တရား၏အခကသေခြင်းပေတည်း

၃။ သေခြင်းသို့လူမည်မျှရောက်ရသနည်း

ရောမ ၅း၁၂

ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။

၎။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးသည်အဘယ်အရာနည်း

ရောမ ၆း၂၃

ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်က၊ ထာဝရအသက်ပေတည်း

ဆာလံ ၂၁း၎သူသည်အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ထာဝရအသက်ကို ပေးသနား တော်မူပြီ၊၊

၅။ ၎င်းဆုကျေးဇူးတော်သည်ယခုအခါအဘယ်သူ၌ရှိသနည်း

ယောဟန်ပထမစောင် ၅း၁၁-၁၃သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင် သည်ငါတို့အားထာဝရဘုရားအသက်ကို ပေးတော်မူ၍၊

၁၂ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။

၁၃ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။


ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅း၂၀-၂၂ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။

၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။

၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။


၆။ ထိုအသက်ကိုအဘယ်သူရနိုင်သနည်း

ဗျာဒိတ် ၂၂း၁၇ အလိုရှိသောသူသည်အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ

ယောဟန်ပထမစောင် ၅း၁၂သားတော်ကိုရသောသူသည်အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရသောသူမူကား အသက်ကိုမရ


၇။ ထာဝရအသက်ရခြင်းငှာ ခရစ်တော်ကိုအဘယ်သို့ခံယူရသနည်း

ယောဟန် ၆း၄၇ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။

ယောဟန် ၃း၃၆သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက် ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်ဟု ယောဟန်ဟော ပြောလေ၏။


၈။ ခရစ်တော်ကိုခံယူပြီးမှအဘယ်အခြေအနေမျိုး၌ရှိနေသနည်း

ဂလာတိ ၂း၂၀ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏


၉။ ခရစ်တော်သည်အဘယ်အကြောင်းကြောင့်အသေသက်ခြင်းကိုခံတော်မူသနည်း

ယောဟန် ၃း၁၄-၁၈မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထား ခြင်းကို ခံရမည်။

၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။

၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။

၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။

၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။


၁၀။ ခရစ်တော်အသေခံဖို့ရန်အဘယ်သောအခါကကြံစည်ထားတော်မူသနည်း

ပေတရုပထမစောင် ၁း၁၈-၂၀မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ် သောဥစ္စာနှင့် သင်တို့ကိုရွေး တော်မူသည်မဟုတ်။

၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။

၂၀ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။


၁၁။ အာဗြဟံအားပေးထားသောဂတိတော်သည်အဘယ်သူ၌ပြည့်စုံသနည်း

ကမ္ဘာဦးကျမ်း၁၂း၇ထာဝရဘုရာသည်အာဗြဟံအားထင်ရှား၍ ဤပြည်ကိုသင်၏

အမျိုးအနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏


၁၂။ ဤကတိတော်၌လူမည်မျှပါဝင်သနည်း

တမန်တော် ၃း၂၅ သင်တို့သည် ပရောဖက်အမျိုးအနွှယ် ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို သင်၏အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ် တရားတော်နှင့်သင်တို့သည် ဆိုင်ကြ၏။


၁၃။ အမျိုးအနွယ်သည်အဘယ်သူဖြစ်သနည်း

ဂလာတိ ၃း၁၆ ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏ အမျိုးအနွှယ်၌ ထားတော်မူ၏။ အမျိုးအနွှယ်တို့ဟု အများသောသူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွှယ်ဟု တယောက် သောသူကိုရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကားခရစ်တော်ဖြစ်သတည်း။


၁၄။ အမျိုးအနွယ် သည်ခရစ်တော်ဖြစ်လျှင် ကျွန်ုပ်တို့သည်ကတိတော်ကိုအဘယ်သို့

ရမည်နည်း

ဂလာတိ ၃း၂၂ ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဂတိတော်ကိုရမည် အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။


၁၅။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုလက်ခံပြီးသည့်နောက်ကိုတော်သည်ကျွန်ုပ်တို့

အဖို့ဘာဖြစ်သနည်း

ယောဟန် ၁၄း၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ


၁၆။ ခမည်းတော်ထံသို့တခြားလမ်းမရှိသောကြောင့်ဘုရားသခင်နှင့်အဘယ်သို့မိတ်သ

ဟာယဖွဲ့ရမည်နည်း

တမန်တော်၎း၁၂ထိုသခင်၏နာမတော်မှတပါး..ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံ

တခုမျှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိ



၁၇။  လူအပေါင်းတို့သည်ဘုရားသခင်၏သားသမီးအဖြစ်သို့အဘယ်သို့ရောက်

လာကြသနည်း

ဂလာတိ ၃း၂၆ အဘယ်သို့နည်းဟူမူကားသင်တို့အပေါင်းသည် ယေရှုခရစ်ကိုယုံ

ကြည်သဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။


၁၈။  ဘုရားသခင်၏သားသမီးဖြစ်လျှင်ဘာမျှော်လင့်စရာရှိသနည်း

ရော ၈း၁၇  သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ ၏။ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့် အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။


၁၉။ ခရစ်တော်အားဖြင့်အမွေခံအရာသို့ပြန်ရောက်စေလျှင်ကျွန်ုပ်တို့ဘာမျှော်လင့်

ခြင်းရှိသနည်း


တိတု ၃း၇ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရအသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်မည်အကြောင်းတည်း။


ယောဟန် ၁၇း၂-၃  ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အားပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေ တော်မူပါ။

 ထာဝရအသက် ဟူမူကား၊ မှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း သိကျွမ်းခြင်းတည်း။


ယောဟန် ၁၀း၁၀ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။

၁၁ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။




No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews