Tuesday, March 18, 2014

ဗုဒ္ဓ(Vs)ရှောလမုန်မင်းကြီး..အနတ္တအနက်သဘော.(ဗုဒ္ဓဘာသာရှုထောင့်)


ဗုဒ္ဓ(Vs)ရှောလမုန်မင်းကြီး..အနတ္တအနက်သဘော..
ကဲ့စတင်ဆွေးနွေးမှုကို..ပြုကြရအောင်..
အနတ္တလက္ခဏာသဘောနှင့်ဟောရခြင်းအကြောင်း
ဂေါတမဗုဒ္ဓ..က၊ သံသရာဝဲဂယက်မှ.လွတ်၍နိဗ္ဗာန်ရောက်ကြောင်းတရားသည်။
ဝိပဿနာ.ကျင့်စဉ်ပင်ဖြစ်သည်ဟုမိန့်တော်မူသည်။ဝိပဿနာဆိုသည်မှာ.အာရုံပြုချက်ကိုမမှတ်ဘဲ၊ပေါ်ထွက်လာသော
ဖြစ်ပျက်ကိုသာသတိမူ၍(ထပ်ချပ်မကွာကြည့်ရှူမှတ်သား)နေခြင်းပင်ဖြစ်သည်။..ဤသို့ရှုမှတ်ကြည့်လျှင်မှတ်ကြောင်း

(၃)မျိုး(လက္ခဏာရေး၃ပါး)အထင်အရှားပေါ်လာကြောင်းတွေ့ရပေမည်။ယင်းတို့မှာ
၁။… ဆင်းရဲခြင်းကိုမူတည်၍ပေါ်ပေါက်နေသောဒုက္ခလက္ခဏာ
၂။…မမြဲခြင်းကိုမူတည်၍ပေါ်ပေါက်နေသာအနိစ္စလက္ခဏာ
၃။…အတ္တတည်းဟူသောဝိညာဉ်ကောင်းမရှိခြင်းကိုမူတည်၍.အနတ္တလက္ခဏာဟူ၍ဖြစ်သည်။
ဒုက္ခလက္ခဏာ နှင့် အနိစ္စလက္ခဏာ နှစ်ပါးသသည်ဂေါတမဗုဒ္ဓမပွင့်ပေါ်မီကလည်းသိနေခဲ့ကြပါသည်။
သို့သော်လူတွင်မမြင်ရသောအတ္တဝိညာဉ်ကောင်းရှိသည်ဟုရှေးကယူဆထားကြသဖြင့်လူတွင်
ခန္ဓာ.စိတ်..ဝိညာဉ်ကောင်..ဟူ၍(၃)မျိုးပါဝင်နေသည်ဟုယုံကြည်ကြပါသည်.
ခန္ဓာပျက်စီးသွားလျှင်(သေလျှင်)သိစိတ်လည်းမရှိတော့ပေ၊ သို့သော်လည်း.မပြောင်းမလဲတည်နေသော..အတ္တဝိညာဉ်
ကောင်သာကျန်နေသည်။ ဤဝိညာဉ်ကောင်သည်ခန္ဓာကိုယ်သံသရာလည်နေသ၍ကာလပတ်လုံးအတ္တ..ဝိညာဉ်ကောင်
သည်ခန္ဓာကိုယ်အသစ်တစ်ခုတွင်ပြောင်းလည်းတည်နေခြင်းဖြင့်သံသရာလည်နေသည်..ထိုသို့သံသရာလည်နေသ၍
ကာလပတ်လုံး ..အတ္တဝိညာဉ်ကောင်သည်အနိစ္စသဘောဒုက္ခသဘော၌ကျင်လည်ခံစားနေရသည်။သို့ဖြစ်၍ULTIMATE
GOAL ကိုရှာသည်။ဗြဟ္မာကြီးတည်းဟူသောမူလဖန်ဆင်းရှင်ထံပြန်လည်ရောက်ရှိရန်ဖန်ဆင်းရှင်ဗြဟ္မာကြီးနှင့်
တစ်လုံးတစ်ဝတည်းဖြစ်ရန်လမ်းကိုရှာခြင်းဖြစ်သည်။လူတွင်ရှိနေသောအတ္တဝိညာဉ်ကောင်သည်ကောင်းကင်ဘုံ၌
ရှိတော်မူသောမဟာအတ္တတည်းဟူသော..မဟာဗြဟ္မာ..ကြီးနှင့်ပူးပေါင်းမိရန်အဓိကထား၍ကျင့်နေကြခြင်းဖြစ်သည်။
ဂေါတမဗုဒ္ဓပွင့်တော်မူလာသောအခါမှ လူတို့၏ကိုယ်ထဲ၌..ဆိုခဲ့ပြီးသည့်အတိုင်းမပျက်းမစီးအမြဲတည်နေသော
အတ္တဝညာဉ်ကောင်မရှိကြောင်း၊မပျက်မစီအမြဲတည်နေသည့် .. မဟာဗြဟ္မာလည်းမရှိကြောင်း..ရှေးယခင်က၊
မည်သူတစ်ဦးမျှမကြားစဖူးယခုမှပင်ကြားရသောတရားတည်း..ဟူသော..အနတ္တလက္ခဏာတရားကိုဟောတော်မူ၏..
(မှတ်ချက်..ဂေါတမဗုဒ္ဓမပွင့်မီအယူဝါဒများမှာသံသရာတွင်လည်ခြင်းသံသရာမှလွတ်မြောက်ခြင်းတို့သည်ဝိညာဉ်နှင့်
ပတ်သက်သည်ဟုယုံကြည်သော်လည်းဗုဒ္ဒကထိုလည်ခြင်းလွတ်ခြင်းတို့သည်(ကမ္မ..ကံ)နှင့်သာပတ်သက်သည်ဟု
ယုံကြည်သည်.ဲ)
ဂေါတမဗုဒ္ဓ၏ကမ္မဝါဒ
ကမ္မ..ကံ..ဟူသောပုဒ်နက်သည်(ပြုလုပ်ခြင်း)ဟုအဓိပ္ပါယ်ရှိပါသည်။ ဗုဒ္ဓဘာသာအရ.ကမ္မပထ..
ကံမြောက်သည်ဟုဆိုရာတွင်သာမန်ပြုမူမှုသက်သက်သာမဟုတ်..စေတနာပါသည်။ရည်ရွယ်ချက်ပါသည်။
မိမိဆန္ဒပါသည့်ကြံစည်..ပြောဆို..ပြုလုပ်..အားထုတ်မှုတိုင်းကိုသာကံမြောက်သည်ကံထိုက်သည်ဟုသတ်မှတ်
ပါသည်.. ..စေတနာဟံဘိက္ခဝေကမ္မံဝဒါမိ..
ရဟန်းတို့..စေတနာကိုသာကံဟုငါဘုရားဆိုလို၏..ဟု၊အဂုင်္တ္တိုရနိကာယ်၊ဆက္ကပါတ်။နိဗ္ဗေဓိကသုတ်တော်တွင်လာရှိပါသည်။.
အထက်ပါစကားများအရ..အသိနှင့်ယှဉ်၍ပြုသောစေတနာပါသောအပြုမူကိုသာကံအဖြစ်သတ်မှတ်ထားပါသည်
(၁) ကိုယ်ဖြင့်ပြုလုပ်ခြင်း..(ကာယကံ)
(၂)နုတ်ဖြင့်ပြောဆိုခြင်း..(ဝဇီကံ)
(၃)စိတ်ဖြင့်ကြံစည်ခြင်း.(မနောကံ)ဟူ၍(၃)မျိုးရှိသည်..ပုဂ္ဂိုလ်..သတ္တဝါတို့သည် မိမိတို့ပြုလုပ်သော..ကံ၏အစီအမံ
အတိုင်း..အယုတ်အလတ်အမြတ်..စသည့်အကျိုးပေးများထူးခြားကွဲပြားစွာဖြစ်ပျက်နေကြရသည်..
(သဗ္ဗေသတ္တာကမ္မသကာ) ဟုအင်္ဂုတ္တိုရနိကာယ်၌ပြဆိုထားပေသည်။ဤကဲ့သို့ယုံကြည်ခြင်းကို(ကမ္မဿကတသမ္မာဒိဌိဟု
ခေါ်သည်။
ကံ၏အစွမ်းသတ္တိ
အချို့သောသူတို့သည်..မင်း၊မူးမတ်ဖြစ်၏
အချို့သောသူတို့သည်..သူဌေးသူကြွယ်ဖြစ်၍ချမ်သာ၏
အချို့သောသူတို့သည်ဆင်းရဲမွဲတေကြ၏
အချို့သောသူတို့သည်ရုပ်ချော၏
အချို့သောသူတို့သည်အနာရောဂါကင်း၏အင်္ဂါစုံလင်၏။အသက်ရှည်၏
အချို့သောသူတို့သည်ရောဂါထူပျောအင်္ဂါချို့ယွင်း၏။အသက်တို၏
စသည်စသည်..အဖြစ်တို့သည် တစ်ယောက်နှင့်တစ်ယောက်မတူကြခြင်းမှာအတိတ်ဘဝကနှင့်ယခုပစ္စုပ္ပန်
ကံတို့ပေါင်းစပ်ပြုပြင်ခြင်းကြောင့်ဖြစ်သည်ဟုဗုဒ္ဓဘာသာကအယူရှိပါသည်..ထို့ကြောင့်ဘယ်ဘုံဘယ်ဘဝရောက်
ရောက်အကောင်းဘက်ကချည်းခံစား..စံစားနိုင်ရန်ဘုရားရှင်ကိုယ်တော်မြတ်တို့က.အောက်ပါအတိုင်းဆုံးမထားပါသည်.
သဗ္ဗပါပဿ အကရဏံ၊ကုသလဿဥပသမ္ပဒါ
သစိတ္တပရိယောဒဝနံ၊ဧတံဗုဒ္ဓါနသာသနံ(ဓမ္မပါဒ ၁၈၄)
အဓိပ္ပါယ်မှာ.(.မကောင်းမှုရှောင်၊ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား…)
(မင်းကွန်း..တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကအရှင်ဝိစိတ္တသာရာဘိဝံသ..ဆောင်ပုဒ်)ဂေါတမ၏သံသရာအယူအစ
သံသရာလည်ပုံနှင့်ပတ်သက်၍ဥပနိသျှဒ်ကျမ်းတို့တွင်ရှိသောအယူအဆနှင့်ဗုဒ္ဓဝါဒခံယူချက်တို့များစွာ
ကွာခြားနေပေသည်.ဥပနိသျှဒ်ကျမ်းတွင်မဟာအတ္တခေါ်မဟြှာဗဟ္မာကြီးမှခွဲထွက်လာသောတဦးချင်းဝိညာဉ်သည်
ငှက်တစ်ကောင်အလားသစ်ပင်တစ်ပင်မှအခြားတစ်ပင်သို့လှည့်လည်ပျံသန်းသည့်နည်းတူခန္ဓာကိုယ်တစ်ခုမှနောက
်တစ်ခုသို့ပြောင်းလဲဝင်စားခြင်းဖြစ်သည်ဟုပုံပမာခိုင်းနှိုင်းပြထားသည်..
ဗုဒ္ဓကမူလူတွင်ရုပ်နှင့်နာမ်မှတပါးအခြား..အတ္တဝိညာဉ်ကောင်မရှိ..ထင်ရှားရှိသောအရာတစ်ခုမှ..ဘဝသစ်တစ်ခုသို
ကူးပြောင်းသွားခြင်းမဟုတ်.ကူးပြောင်းပုံမှာမျိုးစေ့မှသစ်ပင်ပေါက်သကဲ့သို့ဘဝသစ်ဖြစ်ပေါ်စေနိုင်သောကံ-ကမ္မမျိုး
စေ့ကလေးကြောင့်သာဘဝသစ်ဖြစ်လာရခြင်းဖြစ်သည်..မိလိန္ဒပဉ္စာကျမ်းတွင်းဓမသန္တတိကိုရှင်းပြရာ၌ဘဝကူးပုံဦးပမာများ
စွာဖေါ်ပြထားပါသည်..ထိုများစွာသောဥပမာဥပမေယျထဲမှတစ်ခုမှာဤသို့ပါတည်း..
လူတစ်ဦးတစ်ယောက်သည်အခြားသူတစ်ယောက်၏ဥယျာဉ်ခြံမှ..သရက်သီးတစ်လုံးကိုခူးယူစားသုံးပြီး.
သရက်စေ့ကိုမိမိခြံထဲ၌စိုက်ပျိုးထားလေသည်..ထိုသရက်စေ့မှအပင်ပေါက်၍အချိန်တန်လေသော်အသီးသီးလေ၏.
ထိုအခါမူလခြံရှင်မှ..လာရောက်၍ထိုသီးလာသောသရက်သီးသည်ငါ၏သရက်သီးဟုဆိုလေသော်.ထိုသီးလာသော
သရက်သီးသည်မူလသရက်သီးမဟုတ်၍သူ၏စကားမမှန်နိုင်.ထိုသီးလာသောသရက်သီးသည်မူလသရက်သီးမဟုတ်
သော်လည်း..မူလသရက်သီးနှင့်အကြောင်းမကင်း…အကြောင်းအကျိုးဆက်စပ်နေသည်..သံသရာဝယ်ဘဝသစ်
တစ်ခုဖြစ်ခြင်းသည်လည်းဤသဘောပင်ဖြစ်သည်ဟုရှင်းပြထားသည်..
ဤဥပမာနည်းတူပင်ဘဝသစ်ဖြစ်သူသည်ဘဝဟောင်းကသူမဟုတ်သီးခြားကင်းလွတ်သောအခြားသူတစ်ယောက်လည်း
မဟုတ်(နစသောနစအညော)သို့ရာတွင်ဘဝသစ်၌ဖြစ်သူသည်ဘဝဟောင်းကသူနှင့်လည်းအကြောင်းမကင်းဟုနားလည်ရပေမည်..
အဘိဓမ္မာသဘောလိုမှာ လက်ရှိဘဝမှ စုတေစိတ်ကျ(သေ)သည်နှင့်တပြိုင်နက်..ဘဝသစ်၌ချက်ချင်း(ဇာတိ)
ဖြစ်ပေါ်သည်..ဘဝသစ်ဖြစ်ရန်လိုက်လံရှာဖွေရခြင်းမရှိ..ပဋိစ္စသမုပ္ပါဒ်နည်းအရ..ဘဝသံသရာဟူသည်..
ရုပ်နာမ်တရားတို့တစ်ဘဝပြီးတစ်ဘဝဆက်လက် ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်..ဖြစ်စဉ်မှာမသိမှုအဝိဇ္ဇာကြောင့်..ကုသိုလ်
ကံ..အကုသိုလ်ကံဟုခေါ်သည့်(ကံသင်္ခါရ)တို့ပြုကြကုန်၏..ထိုကံသင်္ခါရကြောင့်ပဋိသန္ဓေစိတ်ဟုခေါ်သော..
ဝိညာဏ်ဖြစ်ပေါ်လာသည်..ထိုဝိညာဏ်နှင့်အတူစေတသိက်ဟူသောနာမ်သဘာဝကမ္မဇရုပ်ဟူသော..ရုပ်သဘာဝတို့ဖြစ်
ပေါ်လာကြသည်..ထိုရုပ်နာမ်တို့ကဆက်လက်၍မျက်စိ..နား..နှာခေါင်း.လျှာ.ကိုယ်ဟူသောရုပ်ကိုယ်အင်္ဂါအစိတ်အပိုင်း
များဖြစ်ပေါ်လာကြသည်..ရုပ်..နာမ် စုံလင်၍ မွေးဖွားလာပြီး..နောက်ကလေးဘဝ..လူငယ်ဘဝ.လူကြီးဘဝ.အခါအား
လျော်စွာအရွယ်ကြီရင့်လာပြီ..တစ်ပြိုင်နက်..တစ်ချိန်တည်းမှာပင်..မျက်စိနှင့်အဆင်း..နားနှင့်အသံ..နှာခေါင်းနှင့်အနံ့
လျှာနှင့်အရသာ..ကိုယ်နှင့်အထိအတွေ့.စိတ်နှင့်အတွေး.စသည်အာရုံခံ..အခံဓါတ်ရုပ်များနှင့်အရုံပေးချက်..အတိုက်ဓါတ်
ရုပ်များဆုံဆည်းကြ၍…..အာယတန..အသီးသီးတို့ထိတွေ့မှု..ဖဿ..ဖြစ်ပေါ်လာရသည်..ထိုအခါ..ဝမ်းသာခြင်း.ဝမ်းနည်း
ခြင်းအလိုမကျခြင်း..ကျေနပ်ခြင်းမကျေနပ်ခြင်း.စသောခံစားမှုဝေဒနာဖြစ်ပေါ်လာရသည်..ထိုသို့သောဝေဒနာများ
အပေါ်..ကပ်ညိမှုတဏှာဖြစ်ပေါ်လာပြီး.ထိုတဏှာပေါ်ဝယ်စွဲလမ်းမှုဥပါဒါန်.ဖြစ်ပေါ်လာရသည်..ထိုစွဲလမ်းမှု
တိုင်းပြုလုပ်ရသည့်ကုသိုလ်ကံ..အကုသိုလ်ကံ..ဟူသောကမ္မဘဝဖြစ်ရပြန်သည်..ထိုကမ္မဘဝကြောင့်ပင်..ကောင်းကျိုး
မကောင်းကျိုးဟူသော.ဥပပတ္တိဘဝလည်းမျက်မှောက်ဘဝ၌ပင်ဖြစ်ပေါ်လာရသည်..
ဘဝဖြစ်ပြီးနောက်..အခါအားလျှော်စွာအိုခြင်း..နာခြင်း..သေခြင်းသို့ရောက်ရသည်..သေခြင်းသို့ရောက်သောအခါ..မျက်
မှောကဘဝ၌ထူထောင်ခဲ့သော.ကုသိုလ်ကံ..အကုသိုလ်ကံ.ဟူသော ကမ္မဘဝကြောင့်တမလွန်ဘဝ၌ပဋိသန္ဓေနေခြင်းဟူ
သော..ဇာတိ..တဖန်ဖြစ်ရပြန်သည်.ဤသို့ဖြင့်အထက်ဖေါ်ပြပါအတိုင်း..ဝိညာဏ်..နာမ်..ရုပ်.သဠာယတန
(အာယတနများ)ဖဿ..ဝေဒနာ..တဏှာ..ဥပါဒါန်..ကမ္မဘဝ.ဤသို့အစဉ်တစိုက် ထူထောင်ရင်း ဘဝဓမ္မတာအတိုင်း..အို..
နာ..သေတို့ဖြစ်လာပြီး.ဘဝသံသရာလည်နေရပေသည်..ထိုကြောင့်ဗုဒ္ဓအဘိဓမ္မာအလိုအားဖြင့်..ရုပ်ခန္ဓာ..နာမ်ခန္ဓာ..တို့
အစဉ်မပြတ်ဖြစ်ပျက်နေခြင်းပင်..သံသရာ..မည်လေသည်..
သံသရာမှလွတ်မြောက်ရေး
ဗုဒ္ဓနှင့်ခေတ်ပြိုင်ဂျိန်းဝါဒီတို့ကဘဝများစွာသံသရာလည်းနေခြင်းသည်ကမ္မသတ္တိကြောင့်လည်ရခြင်းဖြစ်သည်
ဟုယူဆကာ..ထိုကမ္မသတ္တိကိုချေဖျက်နိုင်ရန်ကြိုးပမ်းခဲ့ကြသည်..ထိုသို့ကြိုးပမ်းရာ၌မိမိကိုယ်ကိုညှင်းပန်းနှိပ်စက်သော
နည်းအပင်ပန်းခံသောနည်းကိုကျင့်သုံးခဲ့ကြသည်…ဤနည်းဖြင့်ကမ္မသတ္တိပျောက်ကာ..နောက်ဆုံးတွင်ဘဝလွတ်မြောက်
မှု .မောက္ခ..ရနိုင်သည်ဟုယုံကြည်သည်..
ဗုဒ္ဓကမူဘဝများစွာသံသရာလည်ရာတွင်.မည်သည့်ဘဝရောက်ရောက်..ဒုက္ခ..ပင်ဖြစ်သည်..ဘဝဖြစ်ခြင်းသည်
ဒုက္ခဟုယူဆသတ်မှတ်သည်..လွတ်မြောက်ရေးဟုဆိုရာ၌..ဒုက္ခလွတ်မြောက်ရေးကိုဦးတည်သည်..
ထိုကြောင့်ထိုဒုက္ခဖြစ်ရခြင်း၏အကြောင်းရင်းကိုရှာသည်..ထိုအကြောင်းအရင်းကိုတွေ့၍ဖယ်ထုတ်လိုက်လျှင်
ဒုက္ခငြိမ်းသွားပေမည်..သို့ဖြစ်၍လည်းဒုက္ခအကြောင်းရင်းသမုဒယ(တဏှာ)ကိုဖေါ်ထုတ်ပေးခဲ့သည်
ဗုဒ္ဓဘုရားဖြစ်ကာစကျူးရင့်ခဲ့သည့်(အနေကဇာတိသံသာရံ)အစချီသောဥဒါန်းဂါထာပထမ ဗုဒ္ဓဝါစနသည်..
သံသရာလည်နေရခြင်း…ဘဝများစွာဖြစ်ပျက်နေရခြင်း၏..တရားခံမှာ..တဏှာ..တည်းဟူသောခန္ဓာအိမ်ကြီးကို
တည်ဆောက်သည့်လက်သမားကြောင့်ဟုတစ်လောကလုံးသိအောင်ကြွေးကြော်လိုက်ခြင်းဖြစ်သည်..
တရားဦဓမ္မစကြာ၌ဖေါ်ပြခဲ့သည့်အတိုင်းခန္ဓာ(၅)ပါးဖြစ်ခြင်း..ဘဝခြဖြစ်ခြင်းသည်..ဒုက္ခဖြစ်ပေါ်ရခြင်း၏အကြောင်း
ရင်းကိုရှာသော်..သမုဒယတဏှာဟူသောလက်သည်တရားခံကိုတွေ့သည်..ဒုက္ခ၏အကြောင်းအရင်းဖြစ်သောထို
သမုဒယတဏှာချုပ်ငြိမ်းမှ.အကျိုးတရားဒုက္ခချုပ်ငြိမ်းဝေးမည်..ဤကဲ့သို့ဒုက္ခငြိမ်းခြင်းသည်လွတ်မြောက်ခြင်းဖြစ်ပေသည်
တနည်းအားဖြင့်ဘဝလွတ်မြောက်ခြင်းဖြစ်သည်.ထိုသမုဒယတဏှာကိုပယ်သတ်နိုင်သောအကျင့်မှာအင်္ဂါ(၈)ပါးနှင့်ပြည့်
စုံသောမဂ္ဂင်လမ်းပင်ဖြစ်ပေတော့သည်ဟူ၍ဂေါတမဗုဒ္ဓကဟောကြားခဲ့ပါသည်..
ဒုက္ခချုပ်ငြိမ်းရာအငြိမ်း..နိဗ္ဗာန်..
ဘဝလွတ်မြောက်မှု(ဝိမုတ္တိ)ရခြင်းပင်နိဗ္ဗာန်ဖြစ်ပေသည်ဟု..ဗုဒ္ဓကဖေါ်ပြခဲ့ပါသည်..ဗုဒ္ဓဘာသာ၏ပန်းတိုင်မှာ
နိဗ္ဗာန်ဖြစ်ပေသည်..တရားဦးဓမ္မစကြာ၌နိဗ္ဗာန်ကို(နိရောဓသစ္စာ)ဟုခေါ်ဆိုထားသည်..သမုဒယတဏှာချုပ်ငြိမ်းသွား
ခြင်းကိုဆိုလိုပါသည်..
နိဗ္ဗာန်..နိဗ္ဗာန်.ဟူသောပုဒ်ကိုပါဠိအဌကထာကျမ်းများ၌ဝေါဟာရပေါင်း(၇၀)ကျော်ဖြင့်ရှင်းပြထားပါသည်..ထိုရှင်းလင်းပြ
ထားသောဝေါဟာရများအနက်..တဏှာက္ခယ..ဟူသောပုဒ်သည်နိဗ္ဗာန်၏အနက်အဓိပ္ပါယ်ကိုလွယ်ကူရှင်းလင်းစွာ
နားလည်စေနိုင်သော.ဝေါဟာရပင်ဖြစ်သည်..တဏှာက္ခဟူသည်တဏှာကုန်ဆုံးခြင်းဟုအဓိပ္ပါယ်ရှိပါသည်..
အလိုဆန္ဒများကိုချုပ်သိမ်းလိုက်ခြင်းပင်ဖြစ်သည်..ကိုယ်အလိုဆန္ဒကိုငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်..တဏှာသည်သတ္တဝါတို့အား
လူ..နက်..ဗြဟ္မာတို့၏ကာမဂုဏ်စည်းစိမ်အဝဝကိုတွယ်တာစေသည်..ထိုတွယ်တာမှုကြောင့်လည်းလူချမ်းသာ.
နတ်ချမ်းသာ.ဗြဟ္မာချမ်းသာဖြစ်စေရန်.ဒါန.သီလ..ဘာဝနာဟူသောအလှူအတန်းများပြုခြင်း.ကောင်းမှုကုသိုလ်
အမျိုးမျိုးပြုခြင်းတို့ဖြင့်ယခုဘဝ..နောင်ဘဝ..ချမ်းသာအောင်ပြုလုပ်ကြသည်.ဤသို့ဖြင့်တဏှာ၏စေခိုင်းချက်အရကံသင်္ခါရ
များပြုကြကာ.သံသရာလည်းနေစေသည်..ထိုကြောင့်တဏှာမရှိလျှင်ကံသင်္ခါရ(ကမ္မသတ္တိ)မရှိ.ကမ္မသတ္တိမရှိလျှင်.ဘဝမရှိ
ဘဝမရှိလျှင်.ငြိမ်းချမ်းသည်ဖြစ်၍..နိဗ္ဗာန်ပင်ဖြစ်တော့သည်..
ဗုဒ္ဓဂေါတမသည်.အစဉ်အလာမှခွဲထွက်သော.တရားထူးကိုမိမိကိုယ်တိုင်ထိုးထွင်းသိမြင်ခဲ့ပြီး.ဤတရားထူးကို
လောကသို့ဖြန့်ဝေရာတွင်.ခြေလှမ်းမှန်ဖို့နှင့်.ထိရောက်ဖို့လိုပေသည်..ခရီးစဉ်တစ်ခုသည်ဦးတည်ချက်မှန်ဖို့အရေးကြီး
လှသည်.အစကောင်းမှ.အနှောင်းသေချာမည်..သို့ဖြစ်၍အသေချာဆုံးတရားနာပရိသတ်အဖြစ်. ပဉ္စဝဂ္ဂီ(၅)ဦးအားရွေး
ချယ်ကာတရားဦးဓမ္မစကြာကိုဟောကြားခဲ့သည်..
ဗုဒ္ဓစတင်ဖြန့်ချီခဲ့သောဓမ္မစကြာသုတ်ကို(၃)ပိုင်းခွဲခြားလေ့လာနိုင်သည်..
ပထမပိုင်းတွင်..ရှောင်ကြဉ်ရမည့်အမှားစွန်းနှစ်မျိုးပြထားသည်..
ဒုတိယပိုင်းတွင်..လက်တွေ့ကျင့်သုံးရမည့်အလယ်ကျင့်စဉ်(်မဇ္စျိမပဋိပဒါ)ကိုညွှန်ပြထားသည်..
တတိယပိုင်းတွင်..အလယ်ကျင့်စဉ်အားဖြင့်ကိုယ်တိုင်ထိုးထွင်းသိမြင်ရမည့်သစ္စာ(၄)ပါးကိုအချိတ်အဆက်မိမိရှင်း
ပြထားသည်.
ပထမရှောင်ကြဉ်ရမည့်အမှားစွန်းနှစ်မျိုး
သံသရာဘေးဆိုးမှရုန်းထွက်လိုသောပုဂ္ဂိုလ်မြတ်တို့အနေဖြင့်ရှောင်ကြည်ရမည့်အစွန်းတရားနှစ်ပါးမှာ
ကာမဂုဏ်စည်းစိမ်ခံစားခြင်း(ကာမသုခလ္လိအနုယောဂ)အကျင့်နှင့်..မိမိကိုယ်ကိုညှင်းဆဲနှိပ်စက်ကျင့်သုံးနေထိုင်ခြင်း
(အတ္တကိလမထနုယောဂ)အကျင့်တို့ဖြစ်သည်.
ဒုတိယအလယ်ကျင့်စဉ်(်မဇ္စျိမပဋိပဒါ)
အစွန်းရောက်အမှားကျင့်စဉ်နှစ်ပါးနှင့်ကင်းလွတ်သည့်.အလယ်အလတ်ကျင့်စဉ်တွင်..အင်္ဂါအစိတ်အပိုင်း
၈..ပါးပါဝင်သည်..ယင်းတို့မှာ..
(၁) သမ္မာဒိဋ္ဌိ = မှန်သောအမြင်ရှိခြင်း။ (ပညာမဂ္ဂင်)
(၂) သမ္မာသင်္ကပ္ပ = မှန်သောကြံစည်တွေးတောခြင်း။ (ပညာမဂ္ဂင်)
(၃) သမ္မာဝါစာ = မှန်သောပြောဆိုခြင်း။ (သီလမဂ္ဂင်)
(၄) သမ္မာကမ္မန္တ = မှန်သောပြုလုပ်ခြင်း။ (သီလမဂ္ဂင်)
(၅) သမ္မာအာဇီဝ = မှန်သောအသက်မွေးခြင်း။ (သီလမဂ္ဂင်)
(၆) သမ္မာဝါယမ = မှန်သောဝီရိယရှိခြင်း၊ အားထုတ်ခြင်း။ (သမာဓိမဂ္ဂင်)
(၇) သမ္မာသတိ = မှန်သောသတိရှိခြင်း။ (သမာဓိမဂ္ဂင်)
(၈) သမ္မာသမာဓိ = မှန်သောတည်ကြည်ခြင်း။ (သမာဓိမဂ္ဂင်) တို့ ဖြစ်ကြပါသည်။
မှတ်ချက်။
သမ္မာသမာဓိ ဆိုသည်မှာစိတ်ကိုတည်ငြိမ်စေရန်ကျင့်သည့်(သမထ)samatha ကျင့်နည်းပင်ဖြစ်သည်။
နောက်ကျိနေသောရေသည်အနယ်ထိုင်သွားသောအခါ.ကြည်လင်လာသကဲ့သို့အာရုံများလျက်ရှုပ်ထွေးနေသော
စိတ်ကိုတည်ကြည်လာအောင်ကျင့်သောအကျင့်ပင်ဖြစ်သည်..နိဗ္ဗာန်ရောက်ကြောင်းအကျင့်မဟုတ်သေး..သစ္စာ(၄)
ပါးကိုမြင်သိရုံသာဖြစ်သည်..
ဤကဲ့သို့အင်္ဂါရှစ်ပါးရှိသောနည်းလမ်းစဉ်သည်..သစ္စာ(၄)ပါးမြတ်တရားကိုသိမြင်တတ်သော..ပညာမျက်စိ.ကိုပြုတတ်
သည့်အကျင့်မျှသာဖြစ်သည်..သစ္စာ(၄)ပါးကိုသိမှုဥာဏ်..ဖြစ်ပေါ်အောင်ပြုနိုင်သည်။..ကိလေသာအညစ်အကြေးများ
ငြိမ်းအေးစေခြင်းအကျိုးငှာဖြစ်သည်..
တတိယပိုင်းသစ္စာ(၄)ပါး(အာရိယာသစ္စာ)
အလယ်ကျင့်စဉ်(မဂ္ဂင် ၈ပါး)ကြောင့်ထိုးထွင်းသိမြင်ရသည်သစ္စာတရား(၄)ပါးမှာ
၁။….ဒုက္ခသစ္စာ….ဆင်းရဲခြင်းအမှန်တရား
၂။….သမုဒယသစ္စာ..ဆင်းရဲခြင်းကိုဖြစ်စေသောတပ်မက်ခြင်း
၃။…နိရောဓသစ္စာ..ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား
၎။..မဂ္ဂသစ္စာ…ဆင်းရဲချုပ်ငြိမ်းရာနည်းလမ်းကျင့်စဉ်
ဘဝတွင်ဒုက္ခရှိသည်။ ထိုဒုက္ခ၏အကြောင်းတရားကား..တပ်မက်..ခြင်းဖြစ်သည်။ ထိုတပ်မက်ခြင်း၊
တောင့်တခြင်း၊ စွဲလန်းခြင်း၊ တို့ကင်းစင်လျှင် ငြိမ်းချမ်းပေသည်။ ထိုကဲ့သို့ညိတွယ်စွဲလန်းလိုလားတမ်းတမှု
များကင်းစင်စေသည့်အကျင့်မြတ်လည်းရှိပေသည်ဟုဟောတော်မူ၏..
သုံးသပ်ရသော်..အနတ္တဟူသည်မှာ..
၁။ အ၀သ၀နဋ္ဌ။
အလိုသို့ မလိုက်ပါခြင်း။ မိမိဖြစ်ချင်သလို မဖြစ်ခြင်းသဘော။
၂။ အသာမိကဋ္ဌ။
ပိုင်ဆိုင်သူမရှိခြင်း
၃။ သုညတဋ္ဌ။
ပြုစီမံတတ် ဖန်တီးတတ်သောတရားမှ ဆိတ်သုဉ်းခြင်း အနက်သဘော။
၎။ အတ္တပဋိက္ခေပဋ္ဌ။
မပျက်မစီး အမြဲတည်တံ့သည်ဟု ယူဆထားသော အတ္တကို ပယ်ခြင်း
အနက်သဘော။
န + အတ္တ = အနတ္တ။
န = မဟုတ်။
အတ္တ = ငါ၊ အလိုသို့လိုက်ပါခြင်း၊ အစိုးတရ မိမိဖြစ်ချင်သလို ဖြစ်ခြင်း။
အနတ္တ = ငါမဟုတ်၊ အလိုသို့ မလိုက်ပါခြင်း၊ အစိုးမရ မိမိဖြစ်ချင်သလို
မဖြစ်ခြင်း
ဟု အဓိပ္ပါယ်ရသည်။
လိုအပ်မည်ဟုထင်သည့်ရာများကို..ကော်မန့်ပေးလျက်..ဆက်ဖြေ့ပေးပါ..
မကြာခင်..သမ္မာကျမ်းမှဖေါ်ပြသော..ရှောလမုန်မင်းကြီး၏အနတ္တသဘောကိုရေးတင်ကာဆက်လက်..ဆွေးနွေးဖော်ပြနှိုင်းရှင်းရေးသား
သွားမည်ဖြစ်သည်.လေးစားလျက်..မေလျံမော်..


Like ·
  • Nagato Paing Htat ဆောလမွန် က အနတ္တကို ပြောထားတယ်လား စိတ်ဝင်စားတယ် ဆက်ဆက်တင်ပေးပါ ဘာကွာသလဲကြည့်တာပေါ့ ကျေးဇူးပါ
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး ပြီုး၇င်ယှဉ်ကြည့်ပါနော
  • Htay Naing အနတ္တအကြောင်းကို မဆွေးနွေးခင် အနတ္တ ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို အရင် အတည်ပြုဘို့လိုမည်ထင်ပါသည်။ ဗုဒ္ဒဘာသာအနေဖြင့်မူ အနတ္တကို ငါမိမိ မရှိ ဟု အနက်ဖွင့်နိုင်သလို၊ မိမိအလိုအတိုင်းမဖြစ်ခြင်း ၊အစိုးမရခြင်းဟုလည်း အနက်ဖွင်နိုင်ပါသည်။ ခရစ်ယာန်များအဘို့မူ အစိုးမရခြင်း ၊မိမိအလိုအတိုင်းမဖြစ်ခြင်း ဟူ၍တစ်မျိုးတည်းသာ အနက်ဖွင့်နိုင်မည်ဟုထင်ပါသည်။
    11 hrs · Unlike · 1
  • Htay Naing Htay Naing ..အနတ္တဟူသော စကားလုံးကိုက အနက်သုံးမျိုးဖွင့်နိုင်ပါသည်။ ၁။ အနှစ်သာရ မရျှိခြင်းသဘော၊ ၂။ အစိုးမရခြင်းသဘော။ ၃။ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်မှ ဆိတ်သုဉ်းခြင်းသဘောဟူ၍ဖြစ်ပါသည်။ အလျဥ်းသင့်သလိုယူသုံးနိုင်ပါသည်။မည်သူမှမှားသည်ဟုမဝေဘန်နိုင်ပါ။တခုခုကတော့မှန်နေမည်သာဖြစ်ပါသည်။
    11 hrs · Unlike · 2
  • Htay Naing ကျွန်တော်တို့မိရိုဖလာများကမူ အနတ္တကို အစိုးမရခြင်း မိမိအလိုအတိုင်းမဖြစ်ခြင်းဟူသောအနက်ကို ကြိုက်ကြပါသည်။အဘယ်ကြောင့်ဆိုသော် ငါ မိမိကို တကယ်ရှိတယ်လို့ထင်နေကြလို့ပါ။
    11 hrs · Unlike · 2
  • Moe Z Skyy အမှန်ပါပဲ။ကိုဌေးနိုင်။ စာတွေ့ စာညွှန်း စာသိလောက်နဲ့ ငါသိ ငါမှန် ငါတကောကောနေတဲ့သူတွေတွေ့နေရတယ်။ ကိုယ်ပိုင် အတွေးအခေါ် own tune မရှိဘဲ သူတပါးရေးထားတာတွေလိုက်ထောက်ပြတတ်တာကတော့ မထူးဆန်းလှပါဘူးဗျာ။ ဘုရားဟောတဲ့ အနတ္တသဘောတရားကို မသိဘဲ တခြားသူရဲ့အနတ္တနဲ့ ယှဉ်ပြချင်လို့မရဘူး။
  • Tay Zar Mmwဘုန်းကြီးဝတ်တော့မလို့လားသူငယ်ချင်းမ၇ှိတဲထာ၀၇ဘု၇ားကိုစိတ်ပျက်နေပြီမလားအခုတော့မင်းတို့ဘု၇ားကဖမ်းစာကသူငယ်တန်းဖတ်စာအုပ်လောက်တစ်အုပ်တည်းပဲ၇ှိတာပါကွာ။ကှိတဲစာအုပ်ကလဲဗုဒ္ဓဘာသာထဲကကြိုက်၇ာအပိုဒ်တွေဆွဲကူးထားတာပါဟဟ
  • Tay Zar ကျမ်းစာ
  • Nagato Paing Htat ဗုဒ္ဓကိုယ်တော်မြတ်ကြီး ပြောတဲ့ အနတ္တဆိုတာ အစိုးမရခြင်း မိမိအလိုအတိုင်း မဖြစ်ခြင်း တင်မကဖူး ဒီ ခန္ဓာ ၅ ပါး ကိုယ်တိုင်ကို အတ္တလို့ ထင်တာကကို မှားတယ်လို့ ပြောချင်တာပါ
  • Tay Zar ဘု၇ားကလာကယ်မယ်ဆိုကတည်းကသူတို့ဘာသာကအတ္တဖြစ်နေပြီဒါလည်းမသိကြဘူး
  • ပျားရည်မြစ်နဘေးက အလွမ်းမင်းသမီးလေး သူကကျမ်း၂ခု၇ှင်ပြီးဆွေးနွေးမှာပါ
  • Hein Zaw ဆွေးနွေး ပါ လက်ခံနိုင်အောင်လုပ်ပါ ဒါပေမဲံပရတ်မတ်ထ၀ိညာဏ်တော် ထာဝရဘုရားသခင်ကိုတော့ ဗုဒွကိုယ်တော် တိုင်ငြင်းထားတဲ့ကျမ်းချက်ပေါင်း 1700ကျော်ဆောင်ရှိတယ် အမ
    7 hrs · Like · 1
  • Htay Naing တစ်ခုလောက်ပဲ အရင်သိချင်ပါတယ် ဘယ်သုတ်တံမှာပါလဲ။ဘယ်လိုဟောထားတာပါလဲ။
    5 hrs · Edited · Unlike · 1
  • Thar Chit ကျမ်းစာ‌တွေ သုတ်‌တံ‌တွေထားပါအုံး
    စာမှာ‌တော့ဒီလိုပါတာပဲစို‌တော့သူ‌ပြောတာယုံတဲ့အဓ္ဓိပါယ်‌‌ရောက်‌သွားပြီ ‌ပြောချင်‌တာ‌တော့ဘယ်‌သူ‌ပြောတာမှမယုံနဲ့
    ခန္တာက‌ပြောတာကိုယုံ
    5 hrs · Unlike · 2
  • Thar Chit ‌လောကနိယာမ
    စားပြီးသားအစာသည်‌ မစင်‌ဖြစ်‌ရိုးသာရှိ၏
    ထို့အတူ ‌သေ‌သောသူသည်‌ ‌ခန္ဓာ‌ဆွေး‌မြေ့ပျက်‌စီးယုံကလွဲပြီးဘာမှမရှိ

    ဒါ‌လောကရဲ့နိယာမ
    4 hrs · Unlike · 2
  • Ko Nay ကိုယ်တင်ထားတဲ့ စာကို သေချာပြန်ဖတ်ပြီး ကိုယ့်ခန္ဒာ နဲ့ နာမ် စိတ်ကို ပြန်ရှု ကြည့်လေ ။ အဖြေတွေ တသီးကြီးထွက်လာလီမ့်မယ် ။ ကူးချပြီး ဒီအတိုင်းတင်ထာား ရင်တော့ အရသာမသိတဲ့ ယောင်းမ တစ်ချောင်းလောက်ပဲ ဥာဏ်ရှိမယ်ထင်ပါတယ် ။ ဖန်ဆငှ်းရှင်မဖြေရှင်းပေးနိုင်တဲ့ မမျှတတဲ့ အဖြစ်အပျက်တွေကို ဗုဒ္စ က ဖြေရှင်းပေးသွားခဲ့ တယ် ။
  • Million Maw အင်းကြည့်ရတာကော်မန့်တွေကဒီလောက်ဘဲထင်ပါတယ်..မကြာခင်..သမ္မကျမ်းစာကဖော်ပြတဲ့အနတ္တအကြောင်းကိုတင်ပြီးဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်..အခုတော့ဖြင့်ကော်မန့်များနဲ့တကွ..ဒီပို့ကို..www.theworldlastchance.BlogSpot.com မှာပြန်တင်လိုက်ပါပြီ..အားလုံးကိုကျေးဇူးတင်ပါတယ်

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews