Thursday, March 6, 2014

ဘုရားသခင်၏နှုတ်ထွက်တရားတော်





 

၁။ သမ္မာကျမ်းရှိသမျှသည်အဘယ်နည်းအားဖြင့်ဖြစ်လာသနည်း။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃:၁၆-၁၇

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

 

၂။ ကျမ်းစာသည်ဘုရားသခင်၏လူအားအဘယ်သို့သောအကျိုးကျေးဇူးကိုပြူသနည်း။

၁၄ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။

 

၃။ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပါဠ်တရားတော်ဖြစ်ကြောင့်အဘယ်သို့ခြားနားသော

လက္ခဏာများထင်ရှားသနည်း။

 

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄: ၁၂

ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

 

၎။ နှုတ်ထွက်တရားတော်သည် အဘယ်မျှကာလပတ်လုံးတည်တော်မူမည်နည်း။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁: ၂၃

မဖောက်ပြန် မပျက် ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်


 

၅။ နှုတ်ထွက်တရားတော်ကိုခံယူဖို့အဘယ်နည်းများရှိ၍ထိုနည်းများအတိုင်းခံယူလျှင်အဘယ်ကဲ့သို့အကျိုးခံစာရ

မည်နည်း။

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂: ၁၃

ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

၆။ နှုတ်ထွက်တရားတော်သည်အဘယ်မျှလောက်သန့်ရှင်းစင်ကြယ်တော်မူပါသနည်း။

ဆာလံ၁၂:၆

ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ မိုက်၌ ခုနှစ်ကြိမ်စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏၊

ဆာလံကျမ်း အခန်းကြီး ၁၁၉:၁၄၀ နှုတ်ကပတ် တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍ ကိုယ်တော်၏ ကျွန်သည် နှစ်သက်ပါ၏၊၊

သုတ္တံကျမ်း အခန်းကြီး ၃၀:၅-၆ ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာ ဖြစ်တော်မူ၏။

၆ စကားတော်တို့၌ထပ်၍ မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသော သူဖြစ်လိမ့်မည်။

 

၇။ နှုတ်ထွက်တရားတော်သည်ဘယ်မျှလောက်ဟုတ်မှန်သနည်း။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇:၁၇

ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။


 

၈။ ဘုရားသခင်၏သက်သေခံချက်နှုတ်ထွက်တရားတော်သည်အစဉ်အမြဲတည်သလော။

ဆာလံကျမ်း အခန်းကြီး ၁၁၉: ၁၅၂

သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲ ထားတော်မူကြောင်းကို ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။

၉။ ဘုရားသခင်၏နှုတ်ထွက်တရားတော်ကိုပြောင်းလဲစေနိုင်သလော။

တရားဟောရာကျမ်း အခန်းကြီး ၄:၁-၂

အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။

၂ ငါမှာထားသောစကား၌ သင်တို့သည်အသစ် မသွင်းရ။ အလျှင်း မနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက် ရကြမည်။

တရားဟောရာကျမ်းအခန်းကြီး၁၂: ၃၂ ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ

ဗျာဒိတ်ကျမ်း၂၂:၁၈-၁၉

ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။

၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။

 

၁၀။ နှုတ်ထွက်တရားတော်၌ အဘယ်ကဲ့သို့သောတန်ခိုးအာနိသင်ရှိသနည်း။

 

ဟေရှာယအခန်းကြီး၅၅: ၁၀ မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲ သော သူအားမျိုးစေ့ကိုင်း၊ အစာစားသောသူအား အစာကိုင်း၊ ပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကိုသီးစေသကဲ့သို့၊

၁၁ ထို့အတူငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ 

၁၁။ နှုတ်ထွက်တရားတော်ကိုခံယူသောသူတို့အား နှုတ်ကပါဠ်တရားတော်က အဘယ်သို့ပြုသနည်း။

          တမန်တော်အခန်းကြီး၂၀: ၃၂ ညီအစ်ကိုတို့၊ ယခုငါသည် သင်တို့ကို ဘုရားသခင်၌အပ်နှံ၏။ သင်တို့ကိုတည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူ သင်တို့အားအမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူး တော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။

တိမောသေဒုတိယသြဝါဒစာ၃:၁၅-၁၇  ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

 ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။

 

၁၁။ နှုတ်ကပတ်တရားတော်သည် အဘယ်မျှလောက်မြဲမြံသနည်း။

ဆာလံအခန်းကြီး၁၁၉:၈၉  အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။

မဿဲ၁၄:၃၅ ကောင်းကင်နှင့် မြေကြီးမတည် သော်လည်း ငါ့စကားတည်လိမ့်မည်။

၁၂။ ဘုရားသခင်သည်နှုတ်ထွက်တရားတော်ကတိတော်ကိုအဘယ်မျှလောက်ဂရုပြု၍ထောက်ထားတော်မူသနည်း။

ဆာလံအခန်းကြီး၁၃၈:၂  သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သိတင်းတော် ရှိသမျှထက် ချီးမြှောက်တော်မူပြီ။

 

  

၁။ အနာဂတ္တိစကားတည်းဟူသော နှုတ်ထွက်တရားတော်ကိုဟောပြောဖို့ရန် ရှေးပုရောဖတ်များတို့အား
အဘယ်သို့နှိုးဆော်တိုက်တွန်းသနည်း
၂ပေ၊ ၁း၂၁ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ဟော ပြောကြ၏။
၁ပေ၊၁း၁၀-၁၁
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
အာမုတ်၃း၇
 အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
၂။ နှုတ်ထွက်တရားတော်ကို ပုရောဖတ်များအားဖြင့် အဘယ်သူဖေါ်ပြထားသနည်း
တမန်တော်၁း၁၆
ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်း သောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။
တမန်တော်၊၃း၂၁
ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့် ဘုရားသခင် ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ မရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
ဟေဗြဲ၊ ၃း၇
ထိုသို့နှင့်အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့တို့အားသက်သေပေးတော် မူသည်မှာ၊
ဟေဗြဲ ၁၀း၁၅
ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည်ဗျာဒိတ်တော် အသံ ကိုကြားလျက်ရှိသည်ဖြစ်၍
၃။ သို့ဖြစ်လျှင်စင်စစ်ဟောပြောသူ အဘယ်သူနည်း
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁: ၁
 ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။
ဟောရှေအနာဂတ္တိကျမ်း ၁၂၊၁၀
၁၀ ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သောရူပါရုံတို့ကိုပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာတို့ကိုထားပြီ။
၎။ သန့်ရှင်းသောဝိညာဉ်တော်နှင့်သက်ဆိုင်သောကြောင့်နှုတ်ထွက်တရားတော်ကိုအဘယ်သို့ခေါ်သနည်း
ဧဖက် ၆း၁၇
၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရား သခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။ 
၅။ ကျမ်းစာကိုအဘယ်သို့ခေါ်လေ့ရှိသနည်း
တမန်တော် ၁၃း၄၄
၄၄ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံးကုန်မတတ် စည်းဝေးကြ၏။
(တမန်တော ၁၉း၂၀။ ၁၂း၂၄။ ၁၈း၁၁။ ၂ကော၎း၁၊၂။ ရောမ ၉း၆။ ၁သက် ၊ ၂း၁၃။ ၂တိ ၂း ၉၊၁၅။ တမန်တော် ၂၀း၃၂။ ယောဟန် ၅း၃၉။ ၂ပေ၊ ၁း၁၉၊၂၀။)
၆။ နှုတ်ထွက်တရားတော်တည်းဟူသော သာသနာတော်သည်အသက်ရှင် (ဟေဗြဲ၊ ၄း၁၂)သောကြောင့်
ဘာလုပ်နိုင်သနည်း
တမန်တော် ၁၂း၂၄
ဘုရားသခင်၏သာသနာတော်သည် တိုးပွားများပြားလေ၏။
၁၉း၂၀
ထိုသို့ ဘုရားသခင်၏ သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
၇။ ယေရှုသည်မိမိစကားတော်ကိုဘာပြောသနည်း
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆း၆၃
၆၃ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၈။ ကျွန်ုပ်တို့သည်နှုတ်ထွက်တရားတော်ဖေါ်ပြချက်ကိုမှန်ကန်စွာသုံလျှင်အဘယ်သို့သောအကျိုးရမည်နည်း
ဆာလံ၁၁၉း၁၁
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊
၁၇း၎
လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
မဿဲ ၄း၁-၁၀(စုံစမ်းခြင်းကိုအောင်နိုင်မည်)
 ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
 ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
 ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
 ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋိ၌ တင်ထား ပြီးလျှင်၊
 ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည် ဟု လာ၏။ ထိုကြောင့်ဘုရားသခင် ၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
 ယေရှုကလည်း သင်၏ဘုရား သခင်ထာဝရဘုရားကို သင်သည်အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။
  တဖန် မာရ်နတ်သည်ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်း ပြညွန်၍၊
 ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။
၁၀ ယေရှုကလည်း အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည် ကျမ်းစာလာသည် ဟု မိန့်တော် မူ၏။

၉။ နှုတ်ထွက်တရားတော်၌ဖန်ဆင်းနိုင်သောတန်ခိုးရှိသည်
ဆာလံ၊ ၃၃း၈၊၉
 ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
 အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၂ပေ၊ ၃း၅
 ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့်တည်သော မြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
၁၀။ ထိုတန်ခိုးသည်အနာရောဂါတို့ကိုပျောက်ကင်းစေခြင်း၌လည်းထင်ရှားသလော
ဆာလံ ၁၀၇း၂၀
၂၀ နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍ ဖျက်ဆီး ခြင်း အရာများထဲကနှုတ်ယူတော်မူ၏၊၊
မဿဲ ၈း၅-၁၃
  ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
 သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
 ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
 ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူး လျှောက်လေ၏။
၁၀ ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။
၁၁ ငါဆိုပြန်သည် ကား၊လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့နှင့်တကွလျောင်းရကြလတံ့၊
၁၂ နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟု နောက်တော်သို့လိုက်သောသူတို့အားမိန့်တော်မူပြီးမှ၊
၁၃ တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီသင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင်သူ၏ ငယ်သားသည် အနာ ရောဂါကင်း၍သက်သာခြင်းသို့ရောက်လေ၏။
၁၁။ နှုတ်ထွက်တရားတော်သည်ကျွန်ုပ်တို့နေ့စဉ်လျှောက်သွားရာလမ်းနှင့်အဘယ်သို့ဆိုင်သနည်း
       ဆာလံ ၁၁၉း၁၀၅
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊
တရားဟောရာကျမ်း၎း၆
 သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကိုကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥာဏ်ပညာသည်ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ် သောလူမျိုးသည် အကယ်စင်စစ် ဥာဏ်ပညာနှင့်ပြည့်စုံသော အမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
၁၂။ ဘုရားသခင်၏နှုတ်ထွက်တရားတော်ကိုအကျွန်ုပ်တို့သည် အဘယ်မျှလောက်ဂရုပြု၍ထောက်ထား
ရသနည်း
ယေရမိအနာဂတ္တိကျမ်း ၁၅း၁၆
၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ် ပါ၏။
ယောဘ၂၃း၁၂
ထားတော်မူသော ပညတ်တို့ကို ငါမပယ်၊၊ နှုတ်တော်ထွက်စကားတို့ကို ငါရင်ခွင်၌သိုထားပါ၏၊၊
၁၃။ ခရစ်တော်လက်ထက်၌နှုတ်တော်ထွက်တရားတော်ကိုအဘယ်နည်းဖြင့်ပယ်ကြသနည်း
မဿဲ ၁၅း၃-၆
ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံ သောနည်းဥပဒေသကို အမှီပြု၍ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။
 ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည်မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်း ကိုခံစေဟုလာသတည်း။
 သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည်  အလှူဝတ္ထုဖြစ်စေဟုဆို၏၊
 ထိုသူသည်ကိုယ် မိဘကိုယ်ပင်ရိုသေစွာမပြုရဟုဆိုကြ၏။ ထိုသို့သင်တို့သည်အဆက်ဆက် ခံသောဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကိုပယ်ကြ၏
မာကု ၇း၅-၉

၁၄။ နှုတ်ထွက်တရားတော်အကြောင်းနှင့်ဆိုင်၍ ပေါလုသည်တိမောသေအားအဘယ်သို့သတိပေးဆုံးမသနည်း
တိမောသေသြဝါဒစာဒုတိယစောင် ၄း၂
 နှုတ်ကပတ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင် လော့။
၁၅။ ဘုရားသခင်၏နှုတ်ထွက်တရားစကားတော်ကိုပြောင်းလဲသောသူတို့သည် အဘယ်သို့သောအပြစ်ဒဏ်ကို
ခံရကြမည်နည်း
ဗျာဒိတ် ၂၂း၁၈-၁၉
၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။
၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။

 

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews