ဘယ်ဘုရားကိုသင်ကိုးကွယ်နေလဲ..ငါနှင့်ငါ့အိမ်သားဖြစ်လျှင်မူကားထာဝရဘုရားကို..ကိုးကွယ်မည်...
မင်းချင်းများ….ဘုရား…ကြားဖူးကြမှာပါနော်..ဘုရင်ကခေါ်ရင်..ဝန်မင်းတွေပြန်ထူးသံလေ…
ဒကာကြီးလို့ခေါ်ခံလိုက်ရရင်..ရိုသေသမှုနဲ့ပြန်ထူးသံ..တင်ပ..ဘုန်းဘုန်း..သို့မဟုတ်..တင်ပဘုရား..
အာဏာရှင်ကြီးစစ်သားကြီးကိုလဲ..လက်ခက်လေးနှစ်ဖက်ပူကပ်လို့..ဘုရားလို့ခေါ်ရပြန်တယ်..
အထီးကျန်ကမ္ဘာ
ပြောသလိုပါဘဲ..ဗုဒ္ဓဘာသာမှာ..ဘုရားဖြစ်ဖို့လူတိုင်းအခွင့်အရေးရှိတယ်ဆိုတာ..တော်တော်မှန်ပါတယ်..
အုပ်ခဲ..မြေခဲ..ရွေတုံးငွေတုံး..သစ်တုံးတွေကအစ..ဘုရားဖြစ်ခွင့်ရပြီး..ဘုရားလို့တရိုတသေအခေါ်ခံနေရတာ
တော်တော်အားကြစရာကောင်းပါတယ်..ဒါပေမဲ့..ဟန္ဒူဘာသာလောက်ဘုရားဖြစ်ဖို့အခွင့်အရေးကသိပ်
မများပြန်ဘူး…ဟန္ဒူဘာသာမှာ..တရိစ္ဆာန်..သစ်ပင်..ကအစဘုရားဖြစ်ခွင့်..ရကြတယ်…
ဒါပေမဲ့..ဘုရားဖြစ်ဖို့..လွယ်သလားမလွယ်ဘူးလားဆိုတာ..သေသေချာချာလေ့လာရင်သိနိုင်တယ်..
အထူးသဖြင့်မိန်းမတို့အခွင့်အရေးကရှိကိုမရှိဘူး..
ပိဋကတ် သုတ္တံ..အင်္ဂုတ္တရနိကာယ်မြန်မာပြန်..ဧကကနိပါတ် အခန်း၁၅..စာပိုဒ်ရေ
၂၇၉၊ ရဟန်းတို၌ မိန်းမသည် ပူဇော်အထူးကို ခံတော်မူသော ဘုရားဖြစ်ရာသော အကြောင်း အခွင့်သည် မရှိ၊ ရဟန်းတို၌ ယောကျာ်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားဖြစ်ရာသော အကြောင်းအခွင့်ကား ရှိဿဟု (မိန့်တော်မူသည်)၊ (၂)
၂၈ဝ၊ ရဟန်းတို၌ မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်း အခွင့်သည် မရှိ၊ ရဟန်းတို၌ ယောကျာ်းသည် စကြဝတေးမင်းဖြစ်ရာသော အကြောင်းအခွင့်ကား ရှိဿဟု (မိန့်တော်မူသည်)၊ (၃)
၂၈၁-၂၈၃၊ ရဟန်းတို၌ မိန်းမသည် သိကြားမင်း ဖြစ်ရာသော၊ပ၊ မာရ်မင်း ဖြစ်ရာသော၊ပ၊ ဗြဟ္မာကြီးဖြစ်ရာသော အ္နြေကာင်းအခွင့်သည် မရှိ၊ ရဟန်းတို၌ ယောကျာ်းသည် သိကြားမင်း ဖြစ်ရာ သော၊ပ၊ မာရ်မင်းဖြစ်ရာသော၊ပ၊ ဗြဟ္မာကြီးဖြစ်ရာသော အ္နေကြာင်းအခွင့်ကား ရှိဿဟု (မိန့်တော်မူသည်)၊ (၄-၆)
လူ့ပြည်မှာ..တစ်လင်စနစ်နဲ့..သီလကောင်းခဲ့သလောက်..နိဗ္ဗာန်မရောက်ခဲ့ရင်တောင်..နတ်ပြည်မှာ..နတ်သားဖြစ်ဖို့အခွင့်မရှိဘဲ..နတ်သမီးအဖြစ်နဲ့..နတ်သားတွေရဲ့အပျော်မယားဖြစ်ရအုံးမယ်…အော်..သကြားမင်းဖြစ်ခွင့်.
ဗြဟ္မာမင်းဖြစ်ခွင့်..မာရ်နတ်မင်းဖြစ်ခွင့်မရှိတာနေမှာပါ..နတ်သားတော့ဖြစ်ခွင့်ရှိကောင်းရှိနိုင်မှာ..ဘုရားမှာ
နိဗ္ဗာန်မရောက်ရင်တောင်..နတ်သားတော့..ဖြစ်ခွင့်ပေးပါလို့…အာမတော့မခံနိုင်ဖူးပေါ့..နတ်သမီးဖြစ်ရတာထက်
စာရင်..နတ်သားဖြစ်ရတာ..ပိုမြတ်တာပေါ့..
ထားလိုက်ပါ..ဗုဒ္ဓလေးမျိုးရှိတယ်…လို့သိရတယ်..
၁။ သုတဗုဒ္ဓ—- စာပေကျမ်းဂန် တတ်သိလိမ္မာ၍ အကြားအမြင်နှင့်ပြည့်စုံသောသူကို ဆိုလိုသည်။
၂။ သဝကဗုဒ္ဓ— တပည့်ခံ၍ သိကျွမ်း လိမ္မာသူ၊ ရှင်တော်ဂေါတမ၏ တပည့်ရဟန္တာများကဲ့သို့သော သူကိုဆိုလိုသည်။
၃။ ပစ္စေကဗုဒ္ဓ—မိမိအလိုလို သစ္စာတရားကိုသိသောသူ၊ တပါးသောပုဂ္ဂိုလ်၏ သာသနာကိုမှီ၍ သိသည့်သူမဟုတ်။ မိမိအသီးအခြား သိကျွမ်း လိမ္မာသူ၊ အလိုအလျှောက် ဘာသာသိသူဖြစ်၍ ဘုရားငယ်လည်း ခေါ်သေး၏။
၎။ သမ္မာသမ္ဗုဒ္ဓ—ခပ်သိမ်းသော ညေယျဓံတရာတို့ကို အကြွင်းမဲ့ သိနိုင်တော်မူသော မြတ်စွာဘုရားဟု ဆိုသည်။ အထက်ပုဂ္ဂိုလ် ၃ ဦးတို့ထက် ထူးသောသူကို ဆိုလိုသည်။
ဒီ၎မျိုးမှာဂေါတမဗုဒ္ဓက..ဘယ်နံပတ်ဖြစ်နိုင်မလဲ…..ဗုဒ္ဓဆိုတဲ့စကားဟာမဂဓစကားကနေလာတယ်..အဓိပ္ပါယ်က
သစ္စာတရားကို ကိုယ်တိုင်သိ၍၊ သူတပါးတို့အားလည်း သိစေသော သူကို၊ ဗုဒ္ဓဟု ခေါ်ဆိုသည်…
ဒါကိုဗုဒ္ဓဘာသာဝင်တွေက.ဘုရားလို့ခေါ်ကြတာပေါ့..ဗုဒ္ဓဘုရားဖြစ်ဖို့အတွက်..
ဗျာဒိတ်ခံရာအင်္ဂရှစ်ပါးနဲ့လဲညီးရအုံးမယ်..
၁။ လူစင်စစ်ဖြစ်ခြင်း။
၂။ ယောင်္ကျားစင်စစ်ဖြစ်ခြင်း။
၃။ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခြင်း။
၎။ ရသေ့၊ရဟန်ပြုသည်လည်းဖြစ်ခြင်း။
၅။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကြပ်ဖူးတွေ့ရခြင်း။
၆။ ဈာန်သမာပါတ်နှင့်လည်း ပြည်စုံခြင်း။
၇။ ဘုရားဆုကို အလိုဆန္ဒလည်းရှိခြင်း။
၈။ ဘုရားဆုကိုလည်း တောင်းယူခြင်း။
မှတ်ရန်။ ။ ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဖြစ်ရမည်ဟု ကျမ်းစာလာသောကြောင့်။ ယခု ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော နောက်ဆုံး ဗုဒ္ဓမှာ ဒီပင်္ကရာထံ ဆုပန်သည်မှန်စေတော့။ ဒီပင်္ကရာမှစသော နှစ်ကျိပ်ရှစ်ဆူအပါအဝင် အခြားအခြား ( ဂင်္ဂါဝါဠု သဲစုမကသော) ဗုဒ္ဓဘုရားတို့သည်၊ ဘယ်ဗုဒ္ဓထံ၌ခံယူပါသနည်း။ ဂင်္ဂါဝါဠုက ဗုဒ္ဓတို့၏ လက်ဦးအစဗုဒ္ဓသည် အဘယ်သူထံ၌ ဗျာဒိတ်ခံယူခဲ့ကြပါသနည်းလို့မေးစရာအကြောင်းရှိလာတယ်..ဗုဒ္ဓဘာသာဝင်တွေမပြောနိုင်ရင်တော့
ကျွန်တော်ပြောနိုင်ပါတယ်..အခုတော့မပြောသေးဘူး…
နောက်ဆုံးပွင့်မယ့်ဘုရားကလဲ..အရိမေတ္တာယျ..သူပြီးရင်ဘယ်ဘုရားမှမလာတော့ဘူး
ဘုရားဖြစ်ဖို့..ဘုရားကို..ကိုယ်တိုင်ကိုယ်ကျမြင်ပြီး..တောင်းရသေးတယ်..
ကြည့်ခြင်းငါးပါး။
ကိုအခြေခံပြီးပြောရရင်လည်း
၁။ ကာလ= ဘုရားဖြစ်ရာ အချိန် လူတို့အသက် အနှစ်တသိန်း အထက်၌၄င်း၊ အနှစ်တရာ အောက်၌၄င်း မဖြစ်ရ။
၂။ ဒီပ= ဘုရားဖြစ်ရာ ကျွန်း။ ဇမ္ဗူဒီပါ တောင်ကျွန်းမှ တပါး အခြားသော ကျွန်းနေရာ၌ ဘုရားဖြစ်ခွင့်မရှိ။
၃။ ဒေသ= ဘုရားဖြစ်ရာအရပ်၊ မဇ္ဈိမဒေသ တည်းဟူသော တောင်ကျွန်း၏ ဗဟို ကပိလဝတ်ပြည်မှ တပါး အခြားနေရာ၌ဖြစ်ခွင့်မရှိ။
၎။ ကုလဇနေတ္တိ= ဘုရားဖြစ်ရာ အမျိုး ဘုရားတို့မည်သည် ဆင်းရာသားမျိုး၊ ကုန်သည်မျိုး၌ မဖြစ်ရ။ မြတ်သည်ဟု သမုတ်အပ်သော ပုဏ္ဏားမျိုး၌သာ၎င်း၊ မင်းမျိုး၌သာ၎င်း ဖြစ်ရမည်။
၅။ အာယုပရိစ္ဆေဒ= မယ်တော်၏ အသက်အပိုင်းအခြား။ ဘုရားအလောင်း၏ မယ်တော်သည်၊ အသက် ၁၀ လနှင့် ခုနှစ်ရက်သာ ကြွင်းသေးသဖြင့်၊ ဘုရားအလောင်းဘွားမြင်ပြီးနောက်၊ ခုနှစ်ရက်တွင် သေရမည်ဖြစ်သည်။
ဆိုတော့က..ဗုဒ္ဓဘုရားဖြစ်လိုင်စဉ်ကို.. အိန္ဒိယက..အပိုင်ကိုင်ထားတော့..မြန်မာတွေမှာအခွင့်အေ၇းမရှိပြန်ဘူး..
ဗုဒ္ဓဘုရားတွေမှန်သမျှဟာ..နိယာမတရားငါးပါးရဲ့ပြုပြင်စီရင်မှုကနေမလွတ်ကင်းခဲ့ကြဘဲ..ဘဝတွေပြီးဆုံးသွားခဲ့ကြတယ်
သူတို့အဆိုအရနိဗ္ဗာန်ပေါ့ဗျာ..နိဗ္ဗာန်ဆိုတာကထာဝရသေချင်းပါဘဲ..
နိယာမတရားငါးပါးဆိုတာ
၁။ ဥတုနိယာမ။
နွေမိုးဆောင်းပေါ့ဗျာအလွယ်သဘော

၂။ ဗီဇနိယာမ။
လူတို့အခေါ်အားဖြင့် ဗီဇ ၅ မျိုးရှိတယ်..
၁။ မူလဗီဇ – အမြစ်ကပေါက်သောမျိုး။
၂။ ခန္ဓဗီဇ – ပင်မည်မျိုးစေ့၊ အခက်ပေါက်သောမျိုး။
၃။ ဖလုဗီဇ – အဆစ်မျိုးစေ့၊ အဆစ်ကပေါက်သောမျိုး။
၎။ အဂ္ဂဗီဇ – အညွန့်မျိုးစေ့၊ အညွန့်ပေါက်သောမျိုးစေ့။
၅။ ဗီဇဗီဇ – အစေ့မျိုးစေ့၊ အစေ့ကပေါက်သောမျိုးဟူသမျာတို့တည်း။
ဤမူလဗီဇ – အစရှိသောမျိုးတို့မှာ ကမ္ဘာဦးတည်ဦးမှ စ၍၊ အမြစ်ကပေါက်သောမျိုး အမြစ်ကသာ။ အခက်ကပေါက်သောမျိုး အခက်ကသာ အမြဲဖြစ်လေသောကြောင့် နိယာမဟု ခေါ်ရလေသည်။
၃။ ကမ္မနိယာမ။
။စင်စစ်အားဖြင့်၊ အကုသိုလ်ကံ၊ ကုသိုလ်ကံတည်းဟူသော ကောင်းကျိုး မကောင်းကျိုး၊ ကောင်းမှု မကောင်းမှု နှစ်ပါးပါဝင် ကံမည်လေသည်။

၎။ စိတ္တနိယာမ။
အာရုံအမျိုးမျိုးကို သိတတ် ကြံတတ်သောကြောင့် စိတ်မည်၏။ အာရုံအမျိုးမျိုးကို ဆန်းကြယ်စွာ ကြံစည်တတ်သော တရားပင် စိတ်မည်၏။ ဤစိတ်သည် အစဉ်ရှိ၍မြဲ၏။

၅။ ဓမ္မနိယာမ။
ဓမ္မနိယာမဆိုသော အမြဲတရား ဘယ်သို့မြဲသည့်အကြောင်း။
၁။ ဗုဒ္ဓတိုင်း ဓမ္မစကြာတရားကို ဟောကြောင်း။
၂။ ဗုဒ္ဓတိုင်း နိပါတ် သုတ္တံကိုဟောကြောင်း။
၃။ ဗုဒ္ဓတိုင်း ဝိနည်းသိက္ခာကိုဟောကြောင်း။
၎။ ဗုဒ္ဓတိုင်း အဘိဓမ္မာကိုဟောကြောင်း တို့ပါရှိလေသောကြောင့်၊ ထိုဘုရားဟု အမည်ခံသော အရာအားလုံးတို့သည် ဤထက်မထူးသဖြင့်၊ ဤတရားသည် မြဲသောတရားပင်ဖြစ်သောကြောင့်၊ နိယာမတရားဟု ခေါ်ဆိုခြင်းပင်ဖြစ်လေသည်။
ဗုဒ္ဓဘုရားတွေမှန်သမျှဒီနိယမတရားငါးပါးနဲ့လွတ်တာမရှိဘူးပေါ့..
နိယမတရားငါးပါးနဲ့ကင်းလွတ်တဲ့ဘုရားကို..ကြတော့..ဗုဒ္ဓလို့မခေါ်တော့ဘူး…
နိုင်ငံကျော် ဓမ္မစေတီ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တ ဘာသာကျမ်း သံဃာစစ်တမ်း အလင်းကျမ်း သံဃာဟုတ်မဟုတ် မေးခွန်းထုတ်ကျမ်း (ဂနြွမာပုံနှိပ် တိုက်မှထုတ်ဝေသည်)တွင် “လူကဖြစ်သော ဉပဇာဗုရား၊ ပုဂ္ဂလဓိဌာန် ဗုရားတို့ကို ပါယ်၍ ဗုဒ္ဓါန၊ဗုရားအစစ် ဓမ္မဓိဌာန် သဗ္ဗညုတဉာဏ် နိယတ အမြဲဗုရားကို ပြဉီးအံ့။ လောကေ၊ လောက၌၊ ဧကောရေဝ၊ တဆူသာလျှင်၊ ဉပ္ပဇန္တိ ဖြစ်ကုန်၏၊ ကိံကရဏံ အဘယ်ကဲ့သို့နည်း ဟူမူကား၊ မဟန္တံ ကြီးမြတ်သော သဗ္ဗညုတဉာဏံ၊ သဗ္ဗညုတဉာဏ်ကို အစိုးရသော ဓမ္မဓိဌာန် နိယတ အမြဲဗုရားသည်၊ ဂုဏာနံ ဂုဏ်ပေါင်းတကာတို့၏ တည်ရာဖြစ်သော၊ ဧကန္တ ထိုသဗ္ဗညုတအရှင် နိယတသခင် တဆူတည်း အမြဲဗုရားသည်သာလျှင် ဟောတိ ဖြစ်၏၊ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူမှတ်အပ်၏။” ဟူ၍လည်းကောင်း၊
သုံးဆယ်မြို့ ဘုရားဒကာ ဉီးလူငယ် ရေးသားသော သဗ္ဗညုတ စိန္တာမဏိကျမ်း စာမျက်နှာ (၂)တွင် “သဗ္ဗညုတ ဘုရားသခင်သည် အမိမရှိ အဘ မရှိ ကိုယ်ထက်မြတ်သော သူမရှိ၊ ပါရမီဆယ်ပါးကို မဖြည့် ဒါန သီလ ဘာဝနာတို့ကို မပြုလုပ်ဘဲ၊ အလိုလို ဖြစ်တော်မူကြောင်း၊ သက်သေကား- သယံ၊ အလိုလို၊ ဘူတံ၊ ထင်ရှား၊ ဇာရတိ ဖြစ်တော်မူ၏၊ သယံအဘိညာယ ကာရေဿရန္တိ ဆရာမိဘကင်း၍ ဖြစ်သော ပါဠိသက်သေ၊ သဗ္ဗညုတ ဘုရား တဆူတည်း ဖြစ်ကြောင်း သက်သေခံ ပါဠိကား သာရတ္တ သင်္ဂဟကျမ်း၌-ဗုဒ္ဓါနုပန၊ ဧကောရေဝ ဉပ္ပဇ္ဇန္တိ၊ ကိံကရဏံ၊ မဟံန္တံတာရ၊ သဗ္ဗညုတ ဉာဏ ဂုဏာနံ၊ မဟန္တံဟောတိ၊ ဧကံတံရေဝ၊ ဂဏှိတဗ္ဗံ။ ဗုဒြွါနုပန ဘုရားမည်သည်ကား၊ လောကေ လောက၌၊ ဧကောရေဝ တဆူတည်းသာလျှင်၊ ဉပ္ပဇ္ဇန္တိ ဖြစ်ကုန်၏၊ ကိံကရဏံ အဘယ်ကဲ့သို့နည်း ဟူမူကား၊ မဟန္တံ ကြီးမြတ်သော သဗ္ဗညုတဉာဏံ၊ သဗ္ဗညုတဉာဏ်တော်သည် ဂုဏာနံ ဂုဏ်တို့ ၏ တည်ရာဖြစ်သော၊ ဧကံတံ ထိုသဗ္ဗညုတဉာဏ် တဆူတည်းသာလျှင်၊ ဟောတိ ဖြစ်၏၊ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူအပ်၏။” ဟူ၍လည်းကောင်း ဖေါ်ပြထားပေသည်။
ထိုထေရဝါဒ ဗုဒ္ဓဘာသာ ဆရာတော်များ ရှင်းထားသည့် သဗ္ဗညုတ ဘုရားရှင် ဆိုသည်မှာ ပရမတ်ဘုရား ဖြစ်၍ လူသားပညတ်ဘုရား၊ ဉပဇာ ဘုရားများနှင့် မသက်ဆိုင်ပေတဲ့ခင်ဗျာ..
သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ “ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏” ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ “ပြောင်းလဲခြင်းမရှိ” ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။
အတုမရှိသော ဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသော လောကဓါတ်ကို၎င်း၊ မကြံစည်အပ်သည်ကို ပိဋကတ်ကျမ်းလာသည်နှင့်အညီ ပြဆိုညွန်ပြသွားပေအံ့။လောကေ၊ လောကကို၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ သူရူးနှင့်လည်းတူ၏။ အဝိဂတဿ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏။
ဗုဒ္ဓဿ၊ အတုမရှိသောမြတ်စွာ ဘုရားသခင်ကို၎င်း၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ အရူးနှင့်လည်းတူ၏ဟု လောကဒီပကာသာရကျမ်း၌ ပြဆိုထားပါသည်။
မကြံစည်အပ်သော အရာများ။
၁။ ဗုဒ္ဓဝိသယော။ ဘုရားသာသိအပ်သည်ကို မကြံစည်အပ်။
၂။ ဈာယိဿ။ ဈာန်အဘိညာဉ်အရာကို မကြံစည်အပ်။
၃။ ကမ္မဝါပါကော။ ကံ၏ အကျိုးပေးပုံကို မကြံစည်အပ်။
၎။ လောကောစိန္တာ၊ နေ၊ လ စသော လောကတည်ပုံကို မကြံစည်အပ်။
ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း အဖို့ဖြစ်၏။ (အင်္ဂုတ္ထိုရ်ပါဠိ စတုက္ကနိပါတ် အပဏ္ဏကဝစ်)။
မှန်သော ဘုရားသခင်၌ လူအပေါင်းတို့ထက်သာလွန် ထူးကဲ့တော်မူသော အစိန္တေယသဒ္ဒါ၊ အပမေယသဒ္ဒါတို့နှင့် အညီ ဂုဏ်တော်၏ အချုပ်ကိုဆိုလျှင် လေးပါးရှိ၏။ လေးပါးဟူမူကား…….
၁။ ရူပအစိန္တေယ။
၂။ ဣတ္ထိအစိန္တေယ။
၃။ ညဏအစိန္တေယ။
၎။ ဝါစအစိန္တေယဟူ၍ ဂုဏ်ပုဒ်လေးပါရှိတော်မူ၏။ ထိုအနန္တဂုဏ်ပုဒ်လေးပါး မဂဓပါဠိစကားတို့ကို အဘိဓါန်ကျမ်လာသည့်အတိုင်း မြန်မာလိုပြန်ဆိုလျှင် ရူပါအစိန္တေယပုဒ်၌ ရူပါ၊ ရုပ်၊ အစိန္တေယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်းယှဉ်အပ်။ ဣတ္ထိအစိန္တေယပုဒ်၌ ဣတ္ထိ၊ တန်ခိုးတော်၊ အစိန္တေယပုဒ်၌ ဥာဏ်တော်ကို၊ အစိန္တေယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်းယှဉ်အပ်။ ဝါစအစိန္တေယ၊ ဝါစ၊ စကားတော်၌၊ အစိန္တေယ၊ မကြံစည်အပ်၊ အပမေယ၊ မနှိုင်းယှဉ်အပ်။ ထိုသို့ မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တစကားတော် အပေါင်းတို့နှင့်ပြည့်စုံတော်မူသော်မူမှသာလျှင် လူအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။
ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် အဘယ်အချိန်ကာလကစ၍ အဘယ်တိုင်းနိုင်ငံ၊ အဘယ်အရပ်ဒေသတို့တွင် ဖြစ်သနည်းဟု ကြံစည်၍မေးဖွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော် မှန်သော ဘုရားသည် လောကီပုဂ္ဂိုလ်မဟုတ်၊ လောကုတ္တရာ ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့နှင့်မကင်းသော သင်္ခါရနယ်၊ လောကီဘုံသားအတွင်းမှာ မွေးဘွားခြင်းကို ခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းစဉ်တော်မူ၍၊ နိစ္စ၊ သုခ၊ အတ္တနှင့်ပြည့်စုံတော်မူသော လောကုတ္တရာ၏ ဘုရားဖြစ်တော်မူသောကြောင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တနယ်အတွင်းမှာ မွေးဘွားခြင်းကိုခံရသည့် ပညတ်သတ္တဝါဖြစ်ကြကုန်သော လောကီဘုံသား အပေါင်းတို့က လောကီညာဏ်နု၊ မံသစက္ခုပညတ် မျက်စိဖြင့် ကြည်ရှု၍ မေးဖွယ်ကြံဖွယ်ရာ မဟုတ်ချေ။ ( တိပိဋကတ် ဝိနိစ္စယကျမ်း။ မောင်ပန်းရည်၊ ဒု-တွဲ၊ နှာ ၁၄-၁၆)။
သမ္မာကျမ်းစာလာသည့်အတိုင်း၊ ပရောဖက် ဟေရှာယ ” ထာဝရ ဘုရားမိန့်တော်မူသည်ကား…… ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ…… နေ့ရက်ကာလ မဖြစ်မှီ ငါသည် ဘုရားဖြစ်၏” ( ဟေရှာယ ၄၃း၁၀-၁၃)။ “ငါဖြစ်သည့်အတိုင်း ငါဖြစ်၏” ( ထွက်မြောက်ရာ ၃း၁၄)။ “ငါသည် အာလဖဖြစ်၏၊ ဩမေဃလည်းဖြစ်၏၊ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏၊ အစနှင့်အဆုံးလည်းဖြစ်၏” ( ဗျာဒိတ် ၂၂း၁၃)။
လောကလူသားများဘယ်လိုဖြစ်တည်လာတည်ဆိုတာ..ဗုဒ္ဓသဘောနဲ့ခရစ်ယန်တရားတော်လာမည်မျှော်