Thursday, March 6, 2014

ခရစ်တော်၏ဘုရားဇာတိတော်


Smiley face
ခရစ်တော်၏ဘုရားဇာတိတော်
၁။ ခရစ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သမ္မာကျမ်းက
အဘယ်သို့သင်ကြားသနည်း


(က) ခမည်းတော်၏သက်သေခံတော်မူချက်။။
 မဿဲ ၃း၁၇ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။
မဿဲ ၁၇း၅ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးဃ်းတိမ်ကအသံ တော်ဖြစ်လေ၏။
ရှင်ပေတရုဒုတိယစောင် ၁း၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကိုခံရတော်မူ၏။
(ခ) မွေးဖွားတော်မူခြင်းအကြောင်းကြားပြောသောကောင်ကင်တမန်တပါးသက်သေခံ
ချက်။  လုကာ ၁း၃၀-၃၅ ၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။
၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
(ဂ)နှစ်ခြင်းဆရာယောဟန်သက်သေခံချက်။ ယောဟန် ၁း၃၁-၃၄
၃၁ အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေးလျက်လာ၏။
၃၂ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။
၃၃ အစကထိုသူကိုငါမသိ။ ရေ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုပေးသောသူပေတည်း ဟု မိန့်တော်မူသည်နှင့်အညီ၊
၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို  သက်သေခံသည်ဟု ယောဟန်ဆိုလေ၏
(ဃ) ခရစ်တော်သက်သေခံချက်။ ယောဟန် ၁၇း၁-၂
ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန် ရောက်ပါပြီ။
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အားပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေ တော်မူပါ။
၈း၄၂၊၅၀
ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ဘုရားသခင့်အထံတော်မှထွက်ကြွရောက်လာ၏။ ကိုယ်အလို အလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။
ယေရှုကလည်း၊ ငါသည် နတ်ဆိုးစွဲသော သူမဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကိုရှုတ်ချကြ၏။
၅၀ ငါသည် ကိုယ်ဘုန်း အသရေကိုမရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူရှိသေး၏။
(င)ခရစ်တော်၏တပည့်တော်များသက်သေခံချက်။ မဿဲ ၁၆း၁၆
ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
(စ)ယောဟန်က။ ယောဟန် ၂၀း၃၁ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။
ယောဟန် ၃း၁၆ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁ယော ၄း၁၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရား သခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
(ဆ) ပေါလုက။  ဂလာတိ ၄း၎-၅အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏ အခွင့်အရာကို ခံရမည်အကြောင်း၊
ပညတ်တရားလက်၌ ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။
ဟေဗြဲ ၁း၁-၅
ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။
ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော် တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
ကောင်းကင်တမန်တို့ရသော ဘွဲ့နာမတော်ထူးမြတ်သောသူဖြစ်တော်မူ၏။
အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီးဟူ၍၄င်း၊ ငါသည်သူ၏အဘဖြစ်မည်၊ သူသည်လည်းငါ၏သားဖြစ်လိမ့်မည် ဟူ၍၄င်း၊ အဘယ်မည် သောကောင်းကင်တမန်ကို တခါမျှမိန့်တော်မူသနည်း။
ရောမ ၁း၎တန်ခိုးနှင့်တကွဘုရားသခင်၏ သားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင် ယေရှုခရစ် တည်းဟူသော မိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များ အားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထား သောယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
ကောလောသဲ ၁း၁၃မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
၂။ လူ့ဇာတိကိုယူဆောင်တော်မမူမီ ခရစ်တော်သည်တည်ရှိတော်မူသလော
ယောဟန် ၁၇း၅ အိုအဘ၊ ဤကမ္ဘာ မတည်မရှိမီ အထံတော်၌အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။
ယောဟန် ၈း၅၆-၅၈ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန် အလိုရှိ၏။  မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
၅၇ ယုဒလူတို့ ကလည်း၊ သင်၏ အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျက်သင်သည် အာဗြဟံကို မြင်လေပြီတကားဟု ဆိုကြ၏။
၅၈ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
ယောဟန် ၁း၁-၃၊၁၄
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။
ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။
၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
ကောလောသဲ ၁း၁၃-၁၇
၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
 ၃။ လူဇာတိကိုခံယူခြင်းအားဖြင့် ခရစ်တော်သည်အဘယ်သူ၏သားဖြစ်သနည်း
ရောမ ၁း၁-၎
လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊ ၂-၃ သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသော ဝိညာဉ်အားဖြင့်၊
တန်ခိုးနှင့်တကွဘုရားသခင်၏ သားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင် ယေရှုခရစ် တည်းဟူသော မိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များ အားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထား သောယေရှုခရစ်၏ ကျွန်ငါပေါလုသည်
လုကာ ၁း၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်
မဿဲ၁၂း၃၂ လူအစုအဝေးအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည်လော ဟုပြောဆိုကြ၏
မဿဲ ၂၁း၉ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝက်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း ဟု ကြွေးကြော်ကြ၏။
မှတ်ချက်။ ။ ။ ဖွားမြင်တော်မူခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်၏သားတော်
ဖြစ်တော်မူ၏။ လူ၏ သားလည်းဖြစ်တော်မူ၏။ ခမည်းတော်ထံမှာဆင်းသက်တော်
မူသောကြောင့် ခရစ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ (လုကာ ၃း၂၃-၂၇။) မယ်တော်ထံမှဆင်းသက်သောကြောင့် ခရစ်တော်သည်လူ၏ သားဖြစ်တော်မူ၏
ထို့ကြောင့်ဒါဝိတ်၏သားဟူ၍လည်းကောင်း၊ လူ၏သားဟူ၍လည်းကောင်း ခရစ်တော်၏
အမျိုးအနွယ်ကိုလိုက်စစ်သောအားဖြင့် အမိဘက်ကအမျိုးအနွယ်ကိုသာဆိုရသတည်း
(ဂျူးအမျိုးနွယ်ဝင်တို့သည်..မိခင်ဘက်မှမျိုးနွယ်ကိုယူကြောင်းသတိပြုဘာ)
မိန်းမ၏ အမျိုးအနွယ်ဟူ၍ ခရစ်တော်ဖြစ်ခဲ့ရမည်။
( ကမ္ဘာဦးကျမ်း၃း၁၅ သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ )
ဂလာတိ ၄း၎၊၅ အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏ အခွင့်အရာကို ခံရမည်အကြောင်း၊
ပညတ်တရားလက်၌ ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။
၎။ ဘယ်တန်ခိုးအားဖြင့်ခရစ်တော်သည်လူဇာတိကိုခံယူသနည်း
လုကာ ၁း၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
 ၅။ ခမည်းတော်နှင့်သားတော်သည်အဘယ်သို့စပ်ဆိုင်သနည်း
ယောဟန်၁၀း ၃၀-၃၃ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
၃၁ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။
၃၂ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
၃၃ ယုဒလူတို့က၊ ကောင်းသောအမှု ကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ရောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟုဆိုကြ၏။
ယောဟန် ၁၄း၇-၉ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။
ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊
ယေရှုက၊ ဖိလိပ္ပု ဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကိုအကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုရသနည်း
၆။ ခမည်းတော်နှင့်ပေါင်းဖတ်၍တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းခရစ်
တော်သည်အဘယ်သက်သေကိုပြသနည်း
ယောဟန် ၁၀း ၃၇-၃၈ ငါသည် ငါ့ခမည်းတော်၏ အမှုတို့ကိုမပြုလျှင် ငါ့ကိုမယုံ ကြနှင့်။
၃၈ ပြုလျှင်ငါ့ကိုမယုံ သော်လည်း ထိုအမှုတို့ကိုယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ရှိတော် မူသည်ကို၎င်း၊ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း ယုံ၍သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
 ၇။ ဘုရားစင်စစ်ဖြစ်တော်မူကြောင်းအဘယ်လက္ခဏာအားဖြင့်သိရသနည်း
ဟေရှာယအနာဂတ္တိကျမ်း ၄၂း၅-
 မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့်မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်း တော်မူထသော၊ မြေကြီးပေါ်မှရှိသော သူတို့အား အသက်ကိုင်း၊ မြေကြီးကို လျှောက်လှမ်း သူတို့အား ဝိညာဉ် ကို၎င်း ပေးတော်မူသော ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊
ငါသည် ထာဝရဘုရားဖြစ် ၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၊ ငါ့အသရေကို ရုပ်တု ဆင်းတုတို့အားင်း ငါမပေး။
တမန်တော် ၁၄း၁၅
အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှ တို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။
တမန်တော် ၁၇း၂၄-၂၅ ၂၄ လောက ဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ကျိန်းဝပ်တော်မူသည်မဟုတ်။
၂၅ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသော အရာတို့ကိုပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်
ယေရမိအနာဂတ္တိကျမ်း ၁၀း၁၀-၁၂ ၁၀ ထာဝရ ဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကို မခံနိုင်ကြ။
၁၁ သာသနာပလူတို့အား ပြောရသောစကား ဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင် အောက်၊ ဤမြေကြီြး့ပင်မှ ကွယ်ပျောက်ကြလိမ့်မည်။
၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော် အားဖြင့် လောကဓါတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
 ၈။ ခရစ်တော်သည်ဘုရားဇာတိဖြစ်တော်မူကြောင်းအဘယ်သက်သေကို
ပြသနည်း
(က) ဖန်းဆင်းတော်မူခြင်းအားဖြင့်
ဧဖက် ၃း၉
 စစ်၍မ ကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ် အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သော သာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူ အပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။        
ကောလောသဲ ၁း၁၃-၁၆ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
ယောဟန် ၁း၁-၃
 အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။
ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။
ဟေဗြဲ ၁း၁-၂
ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။
ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏
ဖန်ဆင်းသောတန်ခိုးပုံသက်သေအားဖြင့်။ လူငါးထောင်ကိုကြွေးမွေးခြင်း
လုကာ ၉း၁၂-၁၇
(ခ)အသက်ပေးနိုင်သောတန်ခိုးအားဖြင့်။ လာဇရုအသက်ရှင်ပြန်စေခြင်း
ယောဟန် ၁၁း၄၃-၄၄
(ဂ)လောကဓါတ်တို့ကိုအုပ်စိုးနိုင်ခြင်းအားဖြင့်။ မဿဲ ၈း၂၆။ မာကု ၆း၄၈
(ဃ) သေခြင်းနှင့်ထမြောက်တော်မူခြင်းအားဖြင့်။ ယောဟန် ၁၀း၁၇-၁၈
မဿဲ ၂၇း၆၂-၆၆။ မဿဲ ၂၈း ၁-၆
၉။ ခရစ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံသောသူတို့
အပေါ်၌ အဘယ်ဆုကျေးဇူးသက်ရောက်မည်နည်း
ယောဟန်ပထမစောင် ၄း၁၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရား သခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
ယောဟန်ပထမစောင် ၅း၁၀-၁၃ ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကိုမုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် သည်မိမိသားတော်၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
၁၁ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင် သည်ငါတို့အားထာဝရဘုရားအသက်ကို ပေးတော်မူ၍၊
၁၂ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။
၁၃ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။
ရောမ ၁၀း၉ အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၁၀။ အဘယ်သူအားဖြင့် ဤကဲ့သို့ဝန်ခံနိုင်သနည်း
ကောရိန်သုပထမစောင် ၁၂း၃ ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ် သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကို၎င်း၊ ယေရှုသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု သန့်ရှင်းသော ဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှမပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည်စေခြင်းငှါ ငါသတိပေး၏။
မဿဲ ၁၆း၁၆-၁၇
၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
၁၇ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
မှတ်ချက်။။(ဂျူးထုံးစံ၌ ဘုရားသားဟုပြောခြင်းသည်ဘုရာဟုကိုယ့်ကိုကိုပြော
ခြင်နှင့်ခိုင်းနိုင်သည်..ထိုကြောင့်ပင်ခရစ်တော်ကိုမိမိကိုယ်ကိုဘုရားဟုပြော
သောစွဲချက်နှင့်ကားစင်တင်သတ်လိုက်ကြခြင်းဖြစ်သလို..ရောမဘုရင်များကလဲမိမိတို့ကိုယ်ကိုဘုရာနှင့်တင်စားထားသောကြောင့်..ဂျူးများကအကြက်
ကိုင်ကာ..ခရစ်တော်ကိုမသတ်လျှင်ပိလတ်မင်းသည်..ရောမဘုရင်ကိုပုန်ကံသူနှင့်ပေါင်သည်ဟုစွတ်စွဲချက်တင်ကာ..ပြသနာရှာကြသည်)
 ယောဟန် ၁၅း ၂၆ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ငါစေလွှတ်လတံ့သော ဥပဇ္ဈယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၃း၃-၅ အဘယ်သို့နည်းဟူမူကား၊ သင်တို့သည်မှင်နှင့်ရေးထားသောစာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲအသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသောခရစ်တော်၏ စာထင်ရှားစွာဖြစ်ကြ၏။
ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ထိုသို့သောယုံမှတ်စွဲလမ်းခြင်းရှိ၏။
သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာတတ်နိုင်သည်နှင့် အညီ၊
၁၁။ ဘုရားသခင်၏သားတော်ကိုငြင်းပယ်သောသူသည်အဘယ်အပြစ်ကိုပြု
လုပ်နိုင်သနည်း
       ဟေဗြဲ၁၀း၂၉ ထိုမျှမက ဘုရားသခင်၏ သားတော်ကို ခြေနှင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ အသွေးကို အပြစ်တင် လျှက် ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက် ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ထင်ကြသနည်း။
မာကု ၃း၂၉-၃၀ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။
၃၀ အဘယ်ကြောင့်ဤသို့မိန့်တော်မူသနည်း ဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသော သူဖြစ်သည်ဟု ဆိုကြသတည်း။
၁၂။ ခရစ်တော်ကိုမယုံကြည်သောသူတို့သည် အဘယ်အပြစ်ဒဏ်ကိုခံ
ရမည်နည်း
ယောဟန် ၈း၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
တမန်တော် ၄း၁၂
ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၃း၁၁ အကြောင်းမူကား၊ ယေရှုခရစ် တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှ တပါးအခြား သောတိုက် မြစ်ကိုအဘယ်သူမျှမချနိုင်
၁၃။ အန္တိခရစ်သည်အဘယ်သူနည်း
ယောဟန်ပထမစောင် ၂း၂၂-၂၃
မုသာကို သုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သော သူဖြစ်သတည်း။ ခမည်းတော် နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။
၂၃ သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။

No comments:

Post a Comment

စိတ်ထဲယုံကြည်စွဲထင်သည့်အတိုင်းလွတ်လပ်စွာမှတ်ချက်ပေးနိုင်သည်
မည်သည့်မှတ်ချက်ကိုမျှ..ကောင်းသည်ဆိုးသည်ခွဲခြားကာ
မှတ်ချက်များကိုပယ်ဖျက်ခြင်းမလုပ်ပါ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews